ပို့ကုန်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ကိုင် သူများ၊ ပြည်ပတွင်နိုင်ငံခြားငွေရရှိ ရန် လုပ်ကိုင်နေသူများအပြင် ပြည်တွင်း၌ အခွန်ထမ်းဆောင် လုပ်ကိုင်နေသည့် အခွန်ထမ်းများကိုပါ ကားတင်သွင်းခွင့်ပေးရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့ပါသည်။
“နိုင်ငံခြားငွေရရှိတဲ့ ပို့ကုန်လုပ်ငန်းရှင်၊ ဟိုတယ်ခရီးလုပ်ငန်းရှင်၊ သင်္ဘောသားနဲ့ ပြည်ပမှာ နိုင်ငံခြား ငွေရရှိအောင်လုပ်ကိုင်နေတဲ့ သူတွေကိုလည်း တင်သွင်းခွင့်ပေးဖို့ စီစဉ် လုပ်ဆောင်နေတယ်။ နိုင်ငံခြားငွေ ရတဲ့သူချည်းပဲ မဟုတ်ပါဘူး။ ပြည် တွင်းမှာ တကယ်အခွန်ဆောင်ပြီး လုပ်ကိုင်နေရတဲ့သူတွေ၊ စက်မှုလုပ်ငန်းရှင်တွေကိုလည်း ပေးဖို့အတွက် သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်း လျက်ရှိပါတယ်။ မော်တော်ယာဉ်တင် သွင်းခြင်းဆိုင်ရာကြီးကြပ်မှု ကော်မတီဖွဲ့စည်းထားတာ ရှိပါတယ်။ မကြာခင် အမိန့်ကြော်ငြာစာတွေနဲ့ ထွက်လာတော့မှာပါ။ လောလောဆယ်တော့ ယာဉ်ဟောင်းအပ်နှံတာ ရယ်၊ ကားအရောင်းစင်တာ ဖွင့်တဲ့ ကိစ္စကတော့ ဖြစ်လာပါပြီ။ အခွန်ထမ်းပြည်သူတွေ မြန်မာငွေနဲ့ဖြစ်ဖြစ် ဒေါ်လာနဲ့ပဲဖြစ်ဖြစ် သူတို့ ဘယ်လောက်ဆောင် ထားသလဲဆိုတာ မျိုးနဲ့ အခွန်ထမ်းတွေကိုလည်း ဦးစား ပေးရမှာပါ။ ဒါတွေကို ကျွန်တော်တို့ အမြန်ဆုံး ဆွေးနွေးညှိနှိုင်းပြီး ထုတ်ပြန်သွားမှာပါ”ဟု အောက်တိုဘာလ ၂၆ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂) စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် မော်တော်ယာဉ် တင်သွင်းခြင်း၊ ကား အရောင်းပြခန်း ဖွင့်လှစ်ခြင်းများနှင့် သက်ဆိုင်သည့် မီဒီယာများနှင့် တွေ့ ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
source: Eleven Media

No comments:
Post a Comment