သမ္မတ ဦးသိန်းစိန်က မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ဆိုင်းထားဖို့ ဆုံးဖြတ်ချက်ကို အမေရိကန် အစိုးရက ကြိုဆို လိုက်ပြီး အစိုးရဟာ လူတွေရဲ့ စကား နားထောင်နေတာကို ပြတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
စီမံကိန်းကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်တဲ့အခါ ပြည်သူ လူထုရဲ့ ဆန္ဒနဲ့ ဆန့်ကျင် နေတာကို စိုးရိမ် တယ်လို့ ကြေညာချက်မှာ သမ္မတက ဖော်ပြ ခဲ့တာကိုလည်း သတိပြုမိပြီး ဒါဟာ အပေါင်း လက္ခဏာ ဆောင်တဲ့ ခြေလှမ်းဖြစ်တယ်၊ ဒီမြစ်ဆုံ ကိစ္စကို အားလုံးက ဆန့်ကျင် နေတာမို့ အနည်းဆုံး ဒီကိစ္စမှာ အမျိုးသား ရင်ကြားစေ့ရေးကို မြှင့်တင်ရာလည်း ရောက်တယ်လို့ သဘောထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ တာဝန်ခံက ပြောပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲ လက္ခဏာတွေကိုလည်း သမ္မတ အိုဘားမား အစိုးရက ကြိုဆို လိုက်ပါတယ်။
မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်း ဆိုင်းငံ့တာလို အပေါင်း လက္ခဏာ ဆောင်တဲ့ ခြေလှမ်းတွေ ဆက်လှမ်းပြမယ်လို့ မျှော်လင့်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။.bbc.co.uk/burmese
No comments:
Post a Comment