ပြည်တွင်း အင်တာနက်ကို ပြည်ပ နိုင်ငံများမှ ပညာရှင် အဖွဲ့များ လာရောက် စစ်ဆေး မှုများပြုလုပ်၍ အဖြေရှာခြင်းများ ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သတင်း အချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသုတစ်ဦးက ပြောသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သတင်းအချက် အလက်နှင့်နည်း ပညာဌာနမှ တာဝန်ရှိသူ တစ်ဦးက “အင်တာနက်နဲ့ ပတ်သက်ပြီးတော့ ထိုင်းက ပညာရှင် အဖွဲ့တစ်ဖွဲ့က လာပြီးစစ်ဆေး လေ့လာဖို့ ရှိပါတယ်။ အင်တာနက်အ သုံးပြုသူ တွေကိုလည်း တစ်ဦးချင်းစီ random သဘော မျိုး မေးတာ မျိုးတွေလည်း ရှိမှာပါ။ ဆက်သွယ် ရေးက တည်ဆောက် ထားတဲ့ Infrastructure ကိုလည်း ပြန်စစ်ဆေးမှာပါ။ အင်တာနက် သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပြန်ပြီး စစ်ဆေးမှာပါ။ free လုပ်ပေးမှာပါ။
ဝန်ကြီးရဲ့ ခွင့် ပြုချက်ရရင် စလုပ်နိုင်တော့မှာပါ” ဟု ၎င်းက ပြောသည်။ အိုင်တီပညာရှင်တစ်ဦးကလည်း ပြည်တွင်း အင်တာနက်သုံးစွဲမှုနှင့် ပတ်သက်၍ “အင်တာနက်က ADSL Technlogy နဲ့ကို equipment အသစ်တွေဆိုရင်လည်း ကောင်းကောင်း သုံးလို့ ရပါတယ်။ ပြည်တွင်း အင်တာနက်ရဲ့ Network Design ကို ပြန်ပြီး optimize လုပ်ရင် ကောင်းမှာပါ။ ပြည်တွင်း ဆိုဒ်လိုမျိုးကို ခေါ်နေရင် ပြည်တွင်းကပဲ ခေါ်တာကို ကောင်းကောင်း တက်မလာချင်ပါဘူး။ အမှန်တကယ်က ချက်ချင်းတက်လာရမှာပါ။ ပြည်ပ အင်တာနက် ပြည့်ပြည့်ဝ၀ မရရင်တောင် ပြည်တွင်း ဆိုရင်တော့ မြန်မြန် ဆန်ဆန်သွားရမှာပါ။ ဒါမှာသာ အောင်မြင် မှာပါ။ ပြန်ပြီး optimize လုပ်မှ ရမယ်။ အင်တာနက်က မသုံးမဖြစ် သုံးရမယ့် အနေအထားပါ” ဟု သူ၏ အမြင်ကို ပြောသည်။
source: YOYARLAY
source: YOYARLAY
No comments:
Post a Comment