Pages

24 October 2011

တူရကီနိုင်ငံတွင် အောက်တိုဘာလ ၂၃ ရက်က ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်



တူရကီနိုင်ငံအရှေ့ပိုင်းတွင် အောက်တိုဘာလ ၂၃ ရက်က ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၇၀ ဦးသေဆုံး ခဲ့ပြီး လူ ၁၅၀ ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ အဆောက်အဦဆောက် လုပ်မှုစံနှုန်းနိမ့်ကျမှု၊ ငလျင်ပြင်းထန်မှုကြောင့် လူ ၁၀၀၀ ကျော်မှာ သေဆုံးပြီး ဖြစ်ဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းခဲ့သည်။
အီရန်နယ်စပ်နှင့်ထိစပ်နေသော တောင်ထူထပ်သည့် ဗန်ပြည်နယ်ရှိ လူဦးရေ ၇၅၀၀၀၀ ခန့်နေထိုင်သော အာဆစ်မြို့မှာ ငလျင်ဒဏ်အပြင်း ထန်ဆုံးခံခဲ့ရသည်။ တူရကီနိုင်ငံ၏ ငလျင်လှုပ်ခတ်မှုအများဆုံး ငလျင်ကြော တစ်ခုဖြစ်သော အာဆစ်ငလျင်ကြောပေါ်တွင် ယင်းမြို့တည်ရှိနေခြင်း ဖြစ်သည်။ အာဆစ်မြို့တွင် ကျောင်းဆောင်တစ်ခု၊ ၁၀ ထပ် အဆောက်အဦတစ်ခု အပါအ၀င် အဆောက်အဦ ၃၀ ခန့် ပြိုကျပျက်စီးခဲ့သည်ဟု ဒုတိယ၀န်ကြီးချုပ်ဘီဆာ အက်တာလေက ပြောကြားခဲ့သည်။

ယင်းငလျင်လှုပ်ခတ်ခဲ့ပြီး သုံးနာရီအတွင်း ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်နှစ်ကြိမ်အပါအ၀င် နောက်ဆက်တွဲ ငလျင်ရှစ်ကြိမ် လှုပ်ခတ်ခဲ့သည်ဟု အမေရိကန်သိပ္ပံပညာရှင်များက မှတ်တမ်းတင်နိုင်ခဲ့သည်။ ငလျင်ကြောင့် အိမ်နီးချင်း အာမေးနီးယားနိုင်ငံတွင် အဆောက်အဦများ တုန်ခါခဲ့ပြီး တူရကီနယ်စပ်နှင့်နီးသော အီရန်ရှိ မြို့များတွင်လည်း ခံစားခဲ့ရသည်။    
 Ref:AP
source:ELEVEN MEDIA

No comments:

Post a Comment