ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် အာကာသလေဆိပ်ကို အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း နယူး မက္ကဆီကို ပြည်နယ်တွင် တည် ဆောက်ပြီးစီး၍ မကြာမီ အာကာ သသို့ သွားလာနိုင်တော့မည် ဖြစ် ကြောင်း သိရသည်။ အဆိုပါ လေ ဆိပ်သည် ပြေးလမ်း အရှည်မီတာ ၃၀ဝ၀ ရှိပြီး အရပ်သားများ အာ ကာသခရီးသွား လှည့်လည်ရန် ရည်ရွယ်၍ ဗြိတိန်သန်ြးွကယ်သူဌေး တစ်ဦးက တည်ဆောက်ခဲ့ခြင်း ဖြစ် သည်။ လေဆိပ်ဖွင့်ပွဲကို ဗားဂျင်း အတ္တလန္တိတ် လေကြောင်းလိုင်း တည်ထောင်သူ ရစ်ချက်ရေဆန် တက်ရောက်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး သော အာကာသခရီးသွားလာမှုကို တစ်နှစ်အတွင်း စတင်နိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ဖွင့်ပွဲ သို့ တက်ရောက်ခဲ့သည့် လူ ၈၀ဝ အတွင်း အချို့သည် အာကာသခရီး သွားလာမည့်သူများ ဖြစ်ကြောင်း သိရသည်။ ဒုံးပျံနှင့်အတူလိုက်ပါ မည့် ခရီးသည် ခြောက်ဦးနှင့် လေ ယာဉ်မောင်း နှစ်ဦးသည် ကမ္ဘာ့ မြေပြင်မှအထက် ကီလိုမီတာ ၁၀ဝ ကျော်အထိ ရောက်ရှိမည်ဖြစ်ပြီး လေပေါ်တွင် အလေးချိန်မဲ့စွာ ပျံဝဲ ခြင်းကို ငါး မိနစ်ခန့် ခံစားရမည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွက် လက်မှတ်ခမှာ အမေရိကန်ဒေါ်လာ နှစ်သိန်းကျသင့်မည်ဖြစ်ပြီး ခရီးစဉ် သို့ လိုက်ပါရန် လူပေါင်း ၄၅၀ က ကြိုတင်လက်မှတ်များ ဝယ်ယူ ထားကြောင်း သိရသည်။
Source:Yoyarlay

No comments:
Post a Comment