Pages

24 October 2011

နိုင်ငံခြားငွေလဲကောင်တာ Money Changer Counter အခု ၅၀ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထပ်မံဖွင့်လှစ်ခွင့်ပြု


နိုင်ငံခြားငွေလဲကောင်တာ Money Changer Counter အခု ၅၀ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထပ်မံဖွင့်လှစ်ခွင့်ပြုထားကြောင်း၊ အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ ဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ သိမ်ဖြူနိုင်ငံခြားငွေလဲစင်တာအား ဖွင့်လှစ်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအပါအ၀င် ၀န်ကြီးဌာနနှင့် ဆက်စပ်သည့်ဘဏ်များ စုစုပေါင်းဘဏ် ခြောက်ဘဏ်အား ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုခဲ့ ခြင်းဖြစ်ကြောင်း၊ ယခုအခါ ပြည်တွင်း ပုဂ္ဂလိကဘဏ်များအားလုံးအား ဖွင့်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
စတင် ဖွင့်လှစ်ခွင့်ပြုခဲ့သည့် ဘဏ်ခြောက်ခုမှာ မြ၀တီ၊ အင်းဝ၊ CB ဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ် နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့ဖြစ်ကြောင်း ယခုအခါ ဘဏ်သစ်များပါ ဖွင့်လှစ်ခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားခရီးသွားများ၊ ပြည်တွင်းနေ နိုင်ငံသားများအနေဖြင့် တရားဝင် နိုင်ငံခြားငွေ လွယ်ကူစွာလဲလှယ် သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်ကြောင်း၊အများပြည်သူ သွားလာလုပ်ကိုင်မှုများပြားသည့် လေဆိပ်၊ ဟိုတယ်၊ ရှော့ပင်းစင်တာနှင့် ကမ္ဘာလှည့်ခရီးသွားများ အများဆုံးသွားရောက်သည့် နေရာများတွင် ဖွင့်လှစ်သွားရန် ဗဟိုဘဏ်မှခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
''အောက်တိုဘာလ ၂၄ ရက်နေ့ကစပြီး ဖွင့်ခွင့်ပေးထားတယ်ဆိုပေမယ့် ရှော့ပင်းစင်တာတို့ ဟိုတယ်တို့မှာ ဖွင့်လှစ်ဖို့အတွက်ကျတော့ ပြင်ဆင်ရဦးမှာဖြစ်လို့ နည်းနည်းအချိန်ယူရမှာပါ။ အမြန်ဆုံးဖွင့်မယ့် နေရာတွေကတော့ လက်ရှိ ဘဏ်ရုံးချုပ်၊ ရုံးခွဲတွေနဲ့ လေဆိပ်မှာတော့ အစောဆုံး ဖွင့်နိုင်ပါလိမ့်မယ်'' ဟု သိမ်ဖြူ နိုင်ငံခြားငွေလဲလှယ်ရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
Source:Eleven Media

No comments:

Post a Comment