တစ်ဂဏန်းများ အများဆုံး ဆုံသော ၁၁ - ၁၁ - ၁၁ နေ့တွင် ထုတ်ဝေမည်ဟု ဆိုသည့် ကမ္ဘာ့ပထမဆုံး မြန်မာစာသုံး စက်လည်ပတ်မှုစနစ် (Myanmar
Operating System) သာလွန် (Tharlon OS) ၏ အစမ်းသဘော ထုတ်ဝေသည့် Beta Verion 1.0 ကို ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Tharlon OS Beta Version ကို အများပြည်သူ လက်ဝယ်သို့ များမကြာမီတွင် ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း အဆိုပါ OS ဖြစ်မြောက်ရေး ဝိုင်းဝန်း ကြိုးပမ်းကြသူများက ပြောကြားသည်။Tharlon OS သည် နာမည်ကျော် လူသုံးများသော Ubuntu OS ကို အခြေခံ၍ မြန်မာမှုပြု ထုတ်လုပ်ထားခြင်း ဖြစ်သည်။ (Tharlon OS နှင့် ပတ်သက်သည့် သတင်းအပြည့်အစုံကို ထပ်မံတင်ဆက်ပေးသွားမည် ဖြစ်ပါသည်။)
sorce: the voiceweekly
No comments:
Post a Comment