Pages

1 November 2011

မီးဖိုဆောင်သုံး သီးနှံများရုတ်တရက် ဈေးနှုန်းမြင့်တက်



မြန်မာနိုင်ငံသို့ ခြောက်နှစ်အတွင်း ခြောက်လုံးမြောက် ၀င်ရောက်ခဲ့သော O2B မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ ယာမြေများတွင် စိုက်ပျိုးထားသော သီးနှံများ ပျက်စီးကာ ရုတ်တ ရက်ဈေးတက်လာကြောင်း သတင်းရရှိသည်။ ရုတ်တရက် ဈေးနှုန်းမြင့်တက် သွားသောသီးနှံ များမှာ ကြက်သွန်နီ၊ ငရုတ်၊ အာလူးနှင့် ခရမ်းချဉ်သီး တို့ဖြစ်ကြောင်း ဈေးကွက်မှသတင်းရရှိသည်။

ကြက်သွန်နီ အဓိကစိုက်ပျိုးသော ဆိပ်ဖြူမြို့ နယ်နှင့် ယောချောင်း၊ စလင်းချောင်းတို့တွင် ရေလျှံခဲ့ ၍ ကြက်သွန်ခင်းများ ပျက်စီးကာ အဝင်နည်း သဖြင့် ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ အသေးတစ်ပိသာ လျှင် ကျပ် ၆၀ဝ မှ ၁,ဝ၀ဝ ခန့်အထိ ဈေးတက်လာ ခဲ့သည်။ ထို့အပြင် ငရုတ်သီးခြောက်ဈေးနှုန်းမှလည်း တစ်ပိသာလျှင် ကျပ်၂ ,ဝ၀ဝ မှ ၃,ဝ၀ဝ သို့ လည်း ကောင်း ၊ ခရမ်းချဉ်သီး ဈေးမှာလည်း တစ်တင်းလျှင်ကျပ် ၆,ဝ၀ဝ မှ ၈,ဝ၀ဝသို့ ဈေးရောက်လာ ခြဲ့ပီး အာလူး ဈေးမှာလည်း အနည်းငယ်တက် လာခဲ့သည်။ "အောက်တိုဘာလထဲမှာ ရေကြီးလို့ မိတ္ထီလာနဲ့ သာစည်နယ် မှာ ငရုတ်နဲ့ ပဲစင်းငုံ ၃၉၅ဧက ရေနစ်သွားတယ်"ဟု မိတ္ထီလာမြို့နယ် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥက္ကဋ္ဌ ဦးတင်ထွေးက ဆို သည်။ ထို့အပြင်အောင်ပန်းမြို့နယ်အတွင်း စိုက်ပျိုးထားသော ခရမ်း ချဉ်သီးနှင့် အာလူးခင်းအချို့ပါ ပျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသော မြေပဲခင်း များမှာ ယခုရက်ပိုင်း ရွာသွန်းသောမိုးကြောင့် ပျက်စီးခဲ့သဖြင့် ယခု နှစ် ပဲဆီဈေးမှာ ဈေးမကျနိုင်ကြောင်း ဆီကုန်သည်အချို့က ခန့်မှန်း ကြသည်။ မြန်မာနိုင်ငံ၏ မိုးအနည်းဆုံးဒေသဖြစ်သော မကွေးတိုင်း ဒေသကြီးအတွင်းရှိ စလင်း၊ ဂန့်ဂေါ၊ ဆိပ်ဖြူ၊ မြိုင်၊ ပခုက္ကူနှင့် ပေါက် မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးရေလျှံ မှုဖြစ်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာကလည်း သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၁၉ရက် ညနေတွင် မောင်တောမြို့အထက် နားမှ ၀င်ရောက်ခဲ့သော O2B မုန်တိုင်းမှာ ကုန်းတွင်းပိုင်းရောက်ရှိပြီး ဆဲလ်နှစ်ခုကွဲသွားကာ တစ်ခုမှာ အောက်ဘက်သို့ ဆင်းလာပြီး မိုးရွာ သွန်းခဲ့သဖြင့် မြန်မာနိုင်ငံ၏ မိုး အနည်းဆုံးဒေသများတွင် ထိုနေ့၏ မိုးရေချိန်မှာ ပျမ်းမျှ မိုးရေချိန်ခြောက်လက်မခန့် ရွာ သွန်းခဲ့ကြောင်း မိုးလေဝသပညာ ရှင်ဒေါက်တာထွန်းလွင်ကဆိုသည်။ မြန်မာနိုင်ငံတွင် နှစ်လတ်ရာသီဥတု ပြောင်းလဲမှုမှာ ၂၀၀၆ခုနှစ် က စတင်ဖြစ်ပေါ်ခဲ့ပြီး ထိုနှစ်မှစ၍ နှစ်စဉ် မြန်မာနိုင်ငံသို့ မုန်တိုင်း ဝင်ရောက်ခဲ့ရာ ၂၀ဝ၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန် တိုင်း ကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူများ အထိနာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့ မှ စပါးခင်းများ ပျက်စီးခဲ့သည်။ ၂၀၁၁ ခုနှစ် မတလ် တွင် ရွာသန်း ခဲ့သော မိုး ကြောင့်လည်း ဧရာဝတီ နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပဲစိုက်တောင်သူများ အထိနာခဲ့ကြသည်။
source: Yoyarlay 

No comments:

Post a Comment