Pages

22 March 2012

ဒေသတွင်း နိုင်ငံများရှိ မြို့ကြီးများ၏ နေ့အပူချိန်များအနက် မြန်မာနိုင်ငံအမြင့်ဆုံးသို့ ရောက်ရှိ၊


ဒေသတွင်း နိုင်ငံများ၏ မြို့ကြီးများအနက် မြန်မာနိုင်ငံ၏နေ့အပူချိန် မှာ အမြင့်ဆုံးသို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက် နေ့ နေ့အပူချိန်များ အနေဖြင့် မြန်မာ နိုင်ငံမှ နေပြည်တော်နှင့် ရန်ကုန်မြို့ တို့တွင် အမြင့်ဆုံးနေ့အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်၊ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ၃၄ ဒီဂရီစင်တီဂရိတ်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၃၁ ဒီဂရီစင်တီဂရိတ်၊ ဖိလစ် ပိုင်နိုင်ငံ မနီလာမြို့တွင် ၃၁ ဒီဂရီ စင်တီဂရိတ်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ၃၀ ဒီဂရီစင်တီဂရိတ်၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ၃၀ ဒီဂရီစင်တီဂရိတ်၊ စင်ကာပူတွင် ၂၉ ဒီဂရီစင်တီဂရိတ်၊ လာအိုနိုင်ငံ ဗီ ယန်ကျင်းတွင် ၂၉ ဒီဂရီစင်တီ ဂရိတ်၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ၂၅ ဒီဂရီစင်တီဂရိတ် စသည်ဖြင့် အသီးသီးရှိနေသည်ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၂ ခုနှစ် နှစ်ဦး ပိုင်းတို့တွင်တွေ့ကြုံခဲ့ရသောဆောင်း ရာသီသည် ပုံမှန်ဆောင်းရာသီများထက် အအေးပေါ့ခဲ့ပြီး ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စသော ဒေသများမှအပ မြို့ကြီးများ တွင် နေ့အပူချိန်များ ပုံမှန်ဆောင်း ရာသီများထက်ပိုမိုခဲ့ကာ ရန်ကုန်မြို့တွင် နေ့အပူချိန် မြင့်တက်မှုများကို သိသာစွာ ကြုံတွေ့ခဲ့ရသည်ဟု သိရှိရသည်။

၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက် နေ့တွင် နေ့အပူချိန်များ အနေဖြင့် နေပြည်တော်(ရေဆင်း)တွင် ၃၈ ဒီဂရီ စင်တီဂရိတ်၊ မိတ္ထီလာမြို့တွင် ၃၅ ဒီဂရီစင်တီဂရိတ်၊ ပြည်မြို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့ တွင် ၃၆ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန် (ကမ္ဘာအေး)တွင် ၃၄ ဒီဂရီစင်တီဂရိတ်၊ မုံရွာမြို့တွင် ၃၆ ဒီဂရီစင်တီ ဂရိတ်၊  မန္တလေးမြို့တွင်  ၃၅ ဒီဂရီ စင်တီဂရိတ်၊ ပုသိမ် ၃၆ ဒီဂရီစင်တီ ဂရိတ်ရှိခဲ့သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် ရာသီဥတု ပြောင်းလဲခြင်းများကို ရင်ဆိုင်လာရပြီး သဘာဝ ဘေးအန္တရာယ်များကိုလည်း ဆက်တိုက်ကြုံတွေ့လာရကြောင်း သိရှိရပါသည်။

source: Eleven Media

No comments:

Post a Comment