18 April 2012
မြန်မာအပေါ် အမေရိကန် အရေးယူမှု လျှော့ပေါ့ရေး စတင်
မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အထောက် အကူ ဖြစ်စေမယ့် ငွေကြေးလွှဲပြောင်းမှုတွေကို ခွင့်ပြုတာလို အရေးယူဒဏ်ခတ်မှု တချို့ကို အမေရိကန်ပြည်ထောင်စုက လျှော့ပေါ့ပေးသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာ လိုက်ပါတယ်။
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ ဒဏ်ခတ် မှုတွေ လျှော့ပေါ့ ပေးသွားမယ့် အစီအစဉ် တစိတ်တပိုင်းအဖြစ် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာလိုက်တာပါ။
ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အားကစားတို့လို ကဏ္ဍတွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စီမံကိန်းတွေအတွက် ငွေကြေး လွှဲပြောင်းမှုတွေကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ကြီးကြပ်ရေးဌာနက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနပြောခွင့်ရ Mark Toner က အင်္ဂါနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မြန်မာနဲ့ အမေရိကန် လူထုကြား ပူးပေါင်းဆောင်ရွက်မှုတွေ
12 April 2012
လှိုင်သာယာ စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် YC ဖော့ဗူး စက်ရုံ တွင် မီးလောင်မှုဖြစ်ပွား
လှိုင်သာယာ စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် YC ဖော့ဗူး စက်ရုံ ယနေ့မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားပြီး ၃ နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတရုံလုံးပျက်စီးသွားကာ ကား ၂စီးလည်း မီးလောင်သည့်အထဲ ပါသွားခဲ့သည်။ တစီးမှာ မတ်တူး ခဲရောင်ဖြစ်၍ အခြားတစီးမှာ အင်ဂျင်ဖြုတ်ချထားသည့် ပစ်ကပ်ကား ဖြစ်သည်။
မီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့် တန်ဖိုးမှာ သိန်း ၁၈၀၀ ခန့် ရှိသည်ဟု ရဲစခန်းမှ ခန့်မှန်းပြောဆိုချက်အရ သိရသည်။
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသား ၄ ဦးကို ရဲစခန်းမှ ခေါ်ယူစစ်ဆေးမေးမြန်းလျှက်ရှိရာတွင် တဦးသာလျှင် ဗီဇာရှိပြီး ကျန် ၃ ဦးမှာ တရားဝင်နေထိုင်ခွင့် ဗီဇာမရှိဟုလည်း သိရသည်။
ယခုစက်ရုံတွင် လုပ်သား ၅၀ ဦးဝန်းကျင် အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟုလည်း သိရှိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းက တောင်ဥက္ကလာမြို့နယ် ၁၀ ရပ်ကွက် ဟေမ၀န်ဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းအားလုံး နီးပါး လောင်ကျွမ်းခဲ့သည်။ ။
source:ThitHtooLwin
ဖုန်းနှင့် အင်တာနက် အတွက် ဖိုင်ဘာ ကွန်ရက် တည်ဆောက်မည်
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း နှင့် စင်္ကာပူနိုင်ငံ အခြေစိုက် ITHL ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်း ဖိုင်ဘာ ကွန်ရက် တည်ဆောက်ခြင်း လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ တယ်လီဖုန်း လိုင်းများနှင့် အင်တာနက် အချက်အလက်များ အဆင်ပြေ မြန်ဆန်စွာ အသုံးပြုနိုင်ရေး အတွက်ဖြစ်ကြောင်း၊ ယင်း ဖိုင်ဘာကွန်ရက် သည် ကီလိုမီတာ ၁၀၀၀၀ ကျော်ရှည်၍ နိုင်ငံတ၀န်းရှိ digital microwave stations ၃၃၅ ခု နှင့် IP microwave stations ၇၅ ခု တည်ဆောက်ရန် အတွက် ဖြစ်ကြောင်း ဆင်ဟွာ သတင်းတပုဒ်၌ ပါရှိသည်။ ယမန်နေ့က ITHL ကုမ္ပဏီ နှင့် လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်လက်မှတ် ရေးထိုးကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဖော်ပြထားသည်။
source: Irrawaddy
source: Irrawaddy
5 April 2012
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းများကိုစင်ကာပူ အခြေစိုက် Telecom ကုမ္ပဏီကြီးက ဝင်ရောက် ခွဲယူရင်းနှီးမြှုပ်နှံလိုနေ
မိုဘိုင်းဖုန်း သုံးစွဲမှု အနည်းဆုံး နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ၏ အလား အလာ ရှိသော ဈေးကွက် အတွင်းသို့ စင်ကာပူ အခြေစိုက် Asian Telecom မိုဘိုင်းဖုန်း ကုမ္ပဏီကြီးက ဝင်ရောက် ဝေစု ခွဲယူလိုနေကြောင်း သိရသည်။
၎င်းတို့၏ ဈေးကွက်တွက်ဆမှု အရ မြန်မာနိုင်ငံ၏ သန်း ၆၀ ကျော် သော လူဦးရေတွင် တစ်သန်းမျှသော လူဦးရေက ၄င်းတို့၏ ဖုန်းများကို သုံး စွဲပါက မြန်မာဈေးကွက် နှစ်စဉ်အမေ ရိကန်ဒေါ်လာ သန်းပေါင်းများစွာ အ မြတ်အစွန်းရှိနေမည်ဟုဆိုသည်။
မြန် မာနိုင်ငံရဲ့ ဆက်သွယ်ရေး စနစ်တစ် ခုဖြစ်တဲ့ ဖုန်းSIM ကဒ် တန်ကြေး က အရင်က အမေရိကန်ဒေါ်လာ ၃,ဝ၀ဝ လောက်အထိ ဆယ်စုနှစ် နှစ် ခုနီးပါးအထိ ပေးချေလာခဲ့ရာကနေအခုတော့ အမေရိကန် ဒေါ်လာ ၅၀ဝ လောက်အထိ ကျဆင်းသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ ဒေါ်လာ ၁၀ဝ ဆိုရင်ပဲ အမြတ်အစွန်းများစွာ ကျန်နေ ပါသေးတယ် " ဟု Asian Telecom မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ ၏ ငွေကျပ်နှစ်သိန်းမှ နှစ်သိန်းဖုန်းတန် SIM ကတ်များနှင့် ပတ်သက်၍ သိရှိ ထားခြင်းမရှိသေးဘဲ ငွေကျပ် ငါးသိန်းတန် SIM ကတ်များအပေါ်တွင်သာ အခြေခံ တွက်ချက်နေကြခြင်းဖြစ် ကြောင်းကိုလည်း ၄င်းတို့၏ ပြော ကြားချက်များမှ အကဲခတ်မိသည်။
" စင်ကာပူရဲ့ အာဆီယံထိပ်တန်း အဆင့် ကုမ္ပဏီကြီးတစ်ခုဖြစ် တဲ့ SingTel လို ကုမ္ပဏီကြီးနဲ့ ဈေး ကွက်ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ ဝန်မ လေးပါဘူး။ သူတို့ကလည်း အဲဒီကို သွားဖို့ရှိတယ်လို့ ပြောပါတယ်" ဟု ၄င်းက ဆက်လက်ပြောကြားသည်။
SingTel ကုမ္ပဏီ F1 motor race promotion
မြန်မာ့ ဆက်သွယ်ရေးသည် ပြီးခဲ့သော တစ်ပတ်အတွင်းကThe Wall Street ဂျာနယ်နှင့် သီးသန့်တွေ့ဆုံမေး မြန်းခန်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများကို နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပေးအပ်ရန် ရှိနေကြောင်း ပြောကြားထားခဲ့ပြီး ပြည်သူလူထု၏ အိပ်မက်ဖြစ်သော ငွေကျပ် ၅၀ဝ၀ တန် SIM ကတ်နှင့် အစိုးရ၏ အိပ် မက်ဟုဆိုသော လိုင်းသန်း ၃၀ ကိစ္စ ကို ယင်းနည်းဖြင့် ဖြေရှင်းသွားဖွယ် ရှိနေကြောင်း သိရသည်။
source: Yoyarlay
2 April 2012
အမေရိကန်ဒေါ်လာ ဈေး၊ အက်ဖ်အီးစီးဈေး၊ စင်ကာပူ ဒေါ်လာဈေးနှင့် ယူရိုငွေကြေးများကို နှုန်းရှင်စနစ် (Floating) ဖြင့် ဈေး ကွက်ပေါက်ဈေးအတိုင်း ဧပြီလ ၂ ရက်နေ့မှစတင်ဆောင်ရွက်နေပြီဖြစ်
မြန်မာနိုင်ငံတွင်နှုန်းထားအမျိုး မျိုးဖြစ်ပေါ်လျက်ရှိသော ငွေလဲနှုန်း များကိုနှုန်းထားတစ်မျိုးတည်ပေါင်း စည်းသည့်ငွေလဲနှုန်းပေါင်းစည်းရေး အစီအစဉ်အရ အမေရိကန်ဒေါ်လာ ဈေး၊ အက်ဖ်အီးစီးဈေး၊ စင်ကာပူ ဒေါ်လာဈေးနှင့် ယူရိုငွေကြေးများကို နှုန်းရှင်စနစ် (Floating) ဖြင့် ဈေး ကွက်ပေါက်ဈေးအတိုင်း ဧပြီလ ၂ ရက်နေ့မှစတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သတင်းရရှိသည်။
''ငွေလဲနှုန်းကို ဒီနေ့ကစပြီး Floating System နဲ့ လဲပေးဖို့ ဗဟိုဘဏ်ကနေ စတင်ဆောင်ရွက်ပါတယ်။ ဒါကြောင့် ဒေါ်လာဈေးနဲ့ FEC ဈေးကိုတော့ midrate နဲ့ ဗဟိုဘဏ်က တစ်နေ့ချင်း ချပေးသွားမှာပါ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ money exchang counter မှာ ငွေလဲပေးတဲ့အခါ အပေါင်း ၈၊ အနှုတ် ၈ နဲ့ သွားမှာပါ။ ဒီနေ့ စဖွင့်ဖွင့်ချင်းမှာ ၀ယ်ဈေးက အမေရိကန်ဒေါ်လာရော၊ FEC ရော ၀ယ်ဈေးက ကျပ် ၈၁၁ နဲ့ ရောင်းဈေးက ကျပ် ၈၂၅ ပါ။ midrate ကို ဗဟိုဘဏ်က ပဲ ဆုံးဖြတ်ပေးပါတယ်။ စင်ကာပူဒေါ်လာနဲ့ ယူရိုငွေကြေးကိုတော့ လက်ရှိပေါက်နေတဲ့ ဒေါ်လာဈေးနဲ့ အချိုးချပြီး Cross rate နဲ့ တွက်ပါတယ်။ ဈေးနှုန်းကတော့ Float လုပ်ထားတဲ့အတွက် တစ်ရက်နဲ့တစ်ရက် မတူနိုင်ပါဘူး။ ဒီနေ့ ဗဟိုဘဏ်က ချပေးတဲ့နှုန်းက ကျပ် ၈၁၈ ဆိုပေမယ့် နောက်နေ့ ကျပ် ၈၂၀ လည်း ဖြစ်နိုင်တယ်။ ကျပ် ၈၁၀ လည်း ဖြစ်နိုင်တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က အပေါင်း ၈၊ အနှုန် ၈ System နဲ့ သွားမှာပါ'' ဟု CB ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့် က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ငွေကြေးအား နှုန်းရှင်အဖြစ် စတင်သတ်မှတ်ခြင်းကို ငွေလဲနှုန်း ပေါင်းစည်းရေး အစီအစဉ်အောက်တွင် ပြုလုပ်ခြင်းဖြစ်သော်လည်း FEC မှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။''အခု ငွေလဲနှုန်းကို အရှင်ထားတယ်ပဲ ပြောပါတော့။ ငွေလဲနှုန်းတစ် မျိုးတည်း ပေါင်းစည်းတော့မယ်ဆိုရင် တကယ်တမ်းမှာ FEC မလိုတော့ဘူး။ ဒေါ်လာနဲ့ FEC ဈေးက အတူတူ ဖြစ်နေပြီ။ ပြီးတော့ ပေါက်ဈေးကလည်း အပြင်ဈေးနဲ့ အားလုံး အတူတူဖြစ်နေပြီ။ အရင်လို ခြောက်ကျပ်နဲ့ တွက်နေတာလည်း မဟုတ်တော့ဘူး။ FEC က တကယ်တမ်း မရှိသင့်တော့ဘူး။ ဒါကြီးကို ဆက်ထားရင် နောက်ပိုင်းအမျိုးမျိုး ဖြစ်လာနိုင်သေးတယ်။ ဥပမာ တရုတ်တို့၊ ပါကစ္စတန်တို့လည်း FEC သုံးခဲ့တယ်ဆိုပေမယ့် နှစ်နှစ်၊ သုံးနှစ်လောက်ပဲ သုံးတာ။ နောက်ပိုင်း ပယ်ဖျက်လိုက်တယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။
Subscribe to:
Comments (Atom)



