မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၂ခုနှစ် AFF Suzuki ဖလား ဘောလုံးပြိုင်ပွဲ၏ ခြေစစ်ပွဲ လက်မှတ် အတုရန်မှ ကာကွယ်ရန် အတွက် နိုင်ငံသား စစ်ဆေးရေး ကဒ် (မှတ်ပုံတင်)ပြ၍ သာ လက်မှတ် ဝယ်ယူ နိုင် ပြီဖြစ်ကြောင်း မြန်မာနိုင် ငံ ဘောလုံး အဖွဲ့ချုပ်မှ မီဒီယာ တာဝန်ခံ ဦးစိုးမိုးက ပြောကြား သည်။
အဆိုပါ လက်မှတ်များကို ဘောလုံးကွင်း အဝင်ဝတွင် Digital စက်များဖြင့် ဘားကုတ် တပ်ဆင်ထားသော လက်မှတ်များကို စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
"မှတ်ပုံတင် တစ်စောင်မှာ လက်မှတ်လေးစောင် ဝယ်လို့ ရပါတယ်"ဟု ၎င်းက ဆိုသည်။
ယင်းသို့ ဝယ်ယူရခြင်းမှာ အာရှယူ ၂၂ ခြေစစ်ပွဲစဉ်များ ကစား ခဲ့စဉ်က ပရိတ်သတ်များကို မထိန်းနိုင်သည့် အတွက် အာရှ ဘောလုံး အဖွဲ့ချုပ်က ဒဏ်ငွေ ပေး ဆောင် စေခြင်းများ ရှိခဲ့ သည့် အတွက် ယခုပွဲတွင် ထိုသို့ မဖြစ်စေ ရန် ဖြစ်နိုင် ကြောင်း မြန်မာ ပွဲစဉ်များကို မလွတ်တန်း ကြည့်ရှုနေသည့် ပရိတ်သတ်များက ပြောဆိုကြသည်။
အဆိုပါ SUZUKI ဖလား ခြေစစ်ပွဲ လက်မှတ်များကို အထူးတန်း ကျပ်သုံးထောင်နှင့် ရိုးရိုးတန်း ကျပ်တစ်ထောင်ဟု သတ်မှတ်ထားပြီး လက်မှတ် များတွင် ဝယ်ယူသူများ၏ မှတ်ပုံတင် များကို ထည့်သွင်း ဖေါ်ပြထားကာ ကလေးများ အနေဖြင့် လက်မှတ် ဝယ်ယူသူနှင့် အတူ တစ်ခုံတည်း ထိုင်ရမည် ဖြစ်သည်။
MRTV-4 Show Room မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်း၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။ ရန်ကုန်မြို့။ ဖုန်း ၀၁- ၂၉၄၈၄၉။ အမှတ်(၃၀၉)၊ ဗညားဒလလမ်း။ ကျောက်မြောင်း၊ တာမွေမြို့နယ်ရှိ Digital Show Room ဖုန်း- ၀၁၂၉၄၈၄၉။ ၃၉လမ်းရှိ Digical Show Room နှင့် အမှတ်(၂၀) လေးထောင့် ကန် လမ်း၊ ဇဝန၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ Digital Show Room များအပြင် ရတနာပုံ Call Centre ဖုန်း 1876 တို့တွင်၂၄ နာရီ ကြိုတင် လက်မှတ် ဝယ်ယူ နိုင်မည် ဖြစ်သည်။
အာရှဘောလုံး အဖွဲ့ချုပ် Suzuki ဖလား ခြေစစ်ပွဲ ကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် အောက်တိုဘာလ ၅ ရက်မှ ၁၃ ရက်နေ့အထိ လက်ခံ ကျင်းပမည် ဖြစ်သည်။
source: Yoyarlay


