Pages
▼
27 May 2012
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ရာ၌ မြန်မာနိုင်ငံအပေါ် ကြွေးမြီ ဒေါ်လာသန်း ၅၀၀ ကျော် ရွှေ့ဆိုင်းပေးသွားမည်ဖြစ်ပြီး မဏိပူရပြည်နယ်၏ မြို့တော် အင်ဖာနှင့် မန္တလေးတို့ကို ချိတ်ဆက်သော ဘတ်စကားလိုင်း ထားရှိရေး၊ မြန်မာနိုင်ငံတွင် အိန္ဒိယဘဏ်ရုံးခွဲများ ဖွင့်လှစ် ထားရှိသွားရေး ကိစ္စရပ်များကို အဆိုပြုသွားမည်ဟု The Indian Express သတင်းစာက ဖော်ပြခဲ့သည်။
၁၉၈၇ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အိန္ဒိယ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီပြီးလျှင် မန်မိုဟန်ဆင်းသည် ပထမဆုံးလာရောက်သည့် ၀န်ကြီးချုပ်ဖြစ် သည်။ အိန္ဒိယ၀န်ကြီး ချုပ်သည် မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပေးဆပ်ရမည့် ကြွေးမြီများကို ပြန်ပေးဆပ်ရန် အချိန်ကာလတိုးမြှင့်ပေးလိုက်ခြင်းဖြင့် ဖြေလျှော့ပေးခြင်း ဖြစ်သည်။
အခြား အဆိုပြုမည့်အချက်များတွင် နယ်စပ်ကုန်သွယ်ရေး စခန်းသစ်ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံအတွင်း ထမံသီနှင့် ရွှေဇာယီ ရေအားလျှပ်စစ် စီမံကိန်းများကို တည်ဆောက်ရေး၊ တမူး- ကလေးဝ- ကမ်ဗိုလမ်းပေါ်ရှိ တံတား ၇၆ စင်း အဆင့်မြှင့်ရန်နှင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်ရန် The Union Bank of India နှင့် Bank of India တို့၏ ကိုယ်စားလှယ် ရုံးခွဲများ ဖွင့်လှစ်သွားရန်တို့ ပါဝင်သည်။
အိန္ဒိယအစိုးရက အင်ဖာရှိရပ်ဂ်ျဘာဝန်နှင့် မန္တလေးမြို့တို့ကို တနင်္လာနေ့တိုင်းတွင် ဘတ်စကားပြေးဆွဲ သွားရန်စီစဉ်နေပြီး လမ်းကြောင်းကိုလည်း အဆိုပြုထားပြီး ဖြစ်သည်ဟု ယင်းသတင်းစာက ဖော်ပြထားသည်။ အိန္ဒိယဘက်မှလမ်းပိုင်းမှာ ရာသီတိုင်း ကားသွားလာရေး အဆင်ပြေနိုင်သော်လည်း မြန်မာဘက်မှ လမ်းပိုင်း၏သုံးပုံတစ်ပုံခန့်မှာ ခြောက်သွေ့ရာသီတွင်မှ ကားသွားလာနိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံအတွင်းရှိ မုံရွာ-ကလေးဝလမ်းပိုင်းကို အိန္ဒိယ ဘက်မှ ပြုပြင်ထိန်းသိမ်းပေးရန် စဉ်းစားနေသည်ဟု ဆိုပါသည်။
ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း သဘောတူညီမှုနှင့် နားလည်မှုစာချွန်လွှာအချို့ကို လက်မှတ်ရေးထိုး နိုင်မည်ဟု မျှော်လင့်ထားကြောင်း
26 May 2012
မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ရန်ကုန်တွင်ဆောက်မည်
photo by Google Image
ရန်ကုန်မြို့တော်၌ မိုးလွန်ကာလများတွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ မရရှိသည့်ပြဿ နာကို ပြေလည်စေရေးအတွက် မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေးစက် ရုံကို ရန်ကုန်မြို့အနီး တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မေလ ၂၂ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာသည်။
အဆိုပါရေရှည်စီမံချက်အဖြစ် တည်ဆောက်မည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံ J-Power ကုမ္ပဏီနှင့် ဖက်စပ်တည်ဆောက်မည်ဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ BKB ကုမ္ပဏီ နှင့် ပူးပေါင်း၍ မဂ္ဂါဝပ် ၅၀၀ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံ၌ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင် သည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိသည်။
သို့သော် ဂျပန်နိုင်ငံမှာ နည်းပညာမြင့်မားသည့်အတွက် ဂျပန်နည်းပညာဖြင့် တည်ဆောက် ထားသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများမှာ မီးခိုးငွေ့ထွက်ခြင်း၊ ပြာများ၊ ကျောက်မီးသွေးအမှုန် များလွင့်ခြင်းများတို့ လုံးဝမရှိကြောင်း၊ အလွန်သန့်ရှင်းသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများဖြစ် ကြောင်း နိုင်ငံတော်သမ္မတကြီး၏ ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးစဉ်တွင် လိုက်ပါသွားသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဧပြီလ ၂၉ ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။

25 May 2012
ကမ္ဘာ့ဘဏ်ရုံးခွဲအား အင်းလျားလိတ်ဟိုတယ်၌ ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေ
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား အင်းလျားလိတ်ဟိုတယ်၌
စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် လာမည့် ဇွန်လအတွင်း
စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိပါသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေပြီး ဖွင့်လှစ်မည့်ရက် အတိအကျ၊ ဖွင့်လှစ်ပြီးပါက မြန်မာနိုင်ငံအပေါ် မည်သို့ ကူညီပေးမည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ကမ္ဘာ့ဘဏ်ရုံးခွဲအား စီမံခန့်ခွဲမည့်အဖွဲ့မှ ထုတ်ပြန်ပေးမည်ဟု လည်း သိရှိရသည်။
ကမ္ဘာ့ဘဏ်ရုံးခွဲအား စီမံခန့်ခွဲမည့်အဖွဲ့မှ ခွင့်ပြုသည်နှင့် အသေးစိတ် အချက်အလက်များ ထုတ်ပြန်ပေးမည့်အပေါ် ကမ္ဘာ့ဘဏ်ရုံးခွဲ ဖွင့်လှစ်ရန် ဆောင်ရွက်နေသူတစ်ဦးက ''သတင်းကတော့ ထုတ်ပြန်ပေးမှာပါ။ ကမ္ဘာ့ဘဏ်ရုံးခွဲနဲ့ဆိုင်တဲ့ သတင်းအသေးစိတ်ကို Communication Officer က ခွင့်ပြုတာနဲ့ မီဒီယာတွေကိုပါ ရှင်းလင်းသွားဖို့ စီစဉ်ထားတယ်'' ဟု ပြောပြခဲ့သည်။
ကမ္ဘာ့ဘဏ်ရုံးခွဲအပြင် မြန်မာနိုင်ငံ၌ ကမ္ဘာ့ထိပ်တန်းဘဏ်များဖြစ်သော Standard Chartered ဘဏ်နှင့် ဂျပန်ဘဏ်များအပါအ၀င် နိုင်ငံခြားဘဏ်ကြီးများကို ၂၀၁၄ ခုနှစ်မှ မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားဘဏ်ရုံးခွဲ ကိုယ်စားလှယ်များနှင့် ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
ယင်းအပြင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရထားသော မြန်မာဘဏ်များ အမေရိကန်နှင့် အီးယူနိုင်ငံများမှ ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စတင်ပြင်ဆင်းခြင်း၊ တိုကျို စတော့အိတ်ချိန်း မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ရန်အတွက် နေပြည် တော်၌ နားလည်မှုစာချွန်လွှာ MoU ရေးထိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
source: Eleven Media

20 May 2012
မြန်မာ နိုင်ငံ၏ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ကြိုးပမ်းဆောင်ရွက်မှုများကို ဂျီ-၈ ခေါင်းဆောင်များက ချီးကျူးပြောဆို
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းကျသော
ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ခဲ့ခြင်းအတွက် မြန်မာ နိုင်ငံ၏
သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီ လိုလားသူ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့၏ ထူးခြား ပြောင်မြောက်သော
ကြိုးပမ်းဆောင်ရွက်မှုများကို ဂျီ-၈ ခေါင်းဆောင်များက
ချီးကျူးပြောဆိုလိုက်ကြောင်း သိရသည်။
ယင်းအပြုသဘောဆောင်သော မှတ်ချက်များမှာ မြန်မာနိုင်ငံတွင် အခြေခံကျသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် အားပေးထောက်ခံရန်အလို့ငှာ အမေရိကန်နိုင်ငံက ပိတ်ဆို့တားဆီးမှုများကို ဖြေလျှော့ပေးခဲ့ပြီး ရက်အနည်းငယ်အကြာမှာပင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရေရှည်တည်တံ့ပြီး နောက် ပြန်မလှည့်သော ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ရန် လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လက်ရှိ လုပ်ကိုင်ဆောင်ရွက်မှုများကိုလည်း ထောက်ခံပါကြောင်း အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ အမျိုးသားပြန်လည်စည်းလုံးညီ ညွတ်ရေးနှင့် ဒီမိုကရေစီအခြေ ခိုင်မာရေးကြိုးပမ်းမှုများကို ထောက်ခံပါကြောင်း ဂျီ-၈ ခေါင်းဆောင်များက အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့အနီးတွင် ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအပြီးပူးတွဲကြေညာချက်တွင် ဖော်ပြသည်။

18 May 2012
မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု အမေရိကန် ယာယီရုပ်သိမ်း
မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ ရောင်းချမှုတွေကလွဲလို့ အရေးယူ ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ပေးသွား မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကြေညာလိုက် တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို တားမြစ်တားတဲ့ ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ ဥပဒေ တရပ် ဒီသီတင်းပတ်ကုန်မှာ ကုန်ဆုံးတော့မယ့် အချိန်မှာပဲ အမေရိကန်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံ အပြီး ပြောဆိုလိုက်တာပါ။ ပြစ်ဒဏ် ခတ်ထားတာတွေ ဖယ်ရှားပေးမှာ ဖြစ်တဲ့အတွက် အမေရိကန် စီးပွားရေးနဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြဖို့လည်း ၀န်ကြီး ကလင်တန်က တိုက်တွန်းသွားပါတယ်။
“အမေရိကန် စီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ္ဍာရေး ၀န်ဆောင်မှု လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်နိုင်ခွင့် ရမယ့် အစီအစဉ်သစ်တွေကို လည်း ဒီကနေ့ ကျမအနေနဲ့ ကြေညာလိုပါတယ်။ ဒါဟာဆိုရင် ဒီကနေ့အချိန် အထိ ကျမတို့ ကျင့်သုံးနေတဲ့ မူဝါဒဟောင်းကနေ သိသိသာသာ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာ ခရက်ဒစ် အကြွေးပေးတဲ့စနစ်နဲ့ ဒေါ်လာငွေကို အခြေခံတဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို မြန်မာနိုင်ငံသားတွေ အသုံးပြုနိုင်ဖို့အတွက် စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မယ့် လုပ်ငန်းလိုင်စင်တွေကို အမေရိကန် ပြည်ထောင်စုက ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီကနေ့အချိန်မှာ အမေရိကန် စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြပါလို့ ကျမတို့ ပြောချင်ပါတယ်။”
ဒါပေမဲ့လည်း အမေရိကန် စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ တာဝန်သိသိနဲ့ လုပ်ငန်းတွေ လုပ်ကိုင်ကြဖို့ လည်း မျှော်လင့်ထားတဲ့အကြောင်း ၀န်ကြီးကလင်တန် ကပြောဆိုခဲ့တာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင်လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်ဖို့ အပါအ၀င် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်တာကို မြင်လိုတယ်လို့ လည်း ပြောခဲ့တာ ဖြစ်ပါတယ်။
“ကျမတို့ အနေနဲ့ ဆက်လက်ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်တဲ့ ဥပဒေတွေ၊ လုပ်ဆောင်ချက်တွေကိုလည်း မြင်ချင်ပါတယ်။ တိုင်းပြည်တွင်းက တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် အမေရိကန် ပြည်ထောင်စုက အလေးအနက်ထား ပိုင်းဖြတ်ချက်ချထားတာပါ။ အသွေးအရောင်စုံတယ် ဆိုတာဟာ တိုင်းပြည် တခုရဲ့ ခွန်အားအဖြစ် ကျမတို့ ယုံကြည်ထားပါတယ်။”
လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံတ၀ှမ်းက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူ ၅၀၀ လောက်ရှိနေဆဲ ဖြစ်တယ်လို့ ပြောဆိုနေကြတာပါ။ ဒီအတွက်လည်း အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) တို့လို နိုင်ငံတွေက ဆက်လက် ဖမ်းဆီးထားသူတွေ ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဍမောင်လွင် ကတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကစလို့ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရသစ်အဖြစ် တက်လာပြီးနောက် နိုင်ငံရေး အကျဉ်းသားပေါင်း ၂သောင်း ၈ ထောင်ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီးဖြစ် သလို ကျန်နေသူ တချို့ဟာဆိုရင်လည်း ရာဇ၀တ်မှုကျူးလွန်သူတွေဖြစ်တာကို တွေ့ရတယ်လို့ ကာကွယ်ပြောဆိုသွားတာပါ။
“ဇန်န၀ါရီလမှာ နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ အချိန်အထိဆိုရင် ဒီစာရင်းတွေထဲက အများစုကို လွှတ်ပေးလိုက်ပြီး ဖြစ်ပါတယ်။ စာရင်းထဲမှာ ပါနေသူတွေထဲက တချို့ကျန်နေတာတာ့ ရှိပါတယ်။ ဒါပေမဲ့လည်း စာရင်းတွေကို အသေအချာ စစ်ဆေးပြီးတဲ့ အခါမှာတော့ ဒီလူတွေထဲမှာ တချို့ဟာ လူသတ်မှု၊ မုဒိန်းမှု၊ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်မှုတွေလို ရာဇ၀တ်မှုနဲ့ အရေးယူထားတာတွေ တွေ့ရပါတယ်။”
13 May 2012
ရှေးရိုးစွဲသူလိုသူများ နောက်ချန်ခဲ့မည်ဟု သမ္မတကြီးသတိပေး
တိုးတက်လိုသည့်အမြင်မရှိသည့် ရှေးရိုးစွဲများ ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ၏ မေလ ၁၁ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နှုတ်ထွက်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခြင်း၊ ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်စေသော ပြည်ထောင်စု ၀န်ကြီးများကို နေရာပြောင်းရွေ့ချထားမည်ဟု သတင်းထွက်ပေါ်နေသည့် အချိန်တွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
"အဆင်းရဲဆုံး LCD နိုင်ငံဘ၀ကနေ ရုန်းထွက်နိုင်ဖို့အတွက် တခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့ အညီ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေချပေးပြီး ဖြစ်ပါတယ်။ မူတွေ ကောင်းသော်လည်း လူတွေ မကောင်းရင် မအောင်မြင်နိုင်ပါဘူး"ဟု သမ္မတကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးမ
ယင်း အစည်းအဝေးသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်နယ်နှင့် တိုင်းများမှ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။
source:The Voice Weekly
ဂျပန်-မြန်မာ မြီရှင်မြီစား ဆက်ဆံရေး
မြန်မာအစိုးရအကြီးအကဲ ဂျပန်ပြည်သွားတိုင်း ကြွေးကိစ္စမပါရင် မပြီးသလို
ဖြစ်နေပါတယ်။ စစ်ပြီးခေတ် မြန်မာ-ဂျပန် ဆက်ဆံရေးဟာ မြီရှင်မြီစား
ဆက်ဆံရေးဖြစ်ပါတယ် စစ်လျှော်ကြေးနဲ့ ODA (Official Development Assistance)
အစိုးရဖွံ့ဖြိုးရေး အကူအညီဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ အဓိကပါဝင်ပါတယ်။
Photo: Google Image
ချမ်းသာတဲ့အစိုးရက ဆင်းရဲတဲ့ ဖွံ့ဖြိုးစနိုင်ငံကို ပေးတဲ့အကူအညီကို ODA လို့ ခေါ်ပါတယ်။ ODA အကူအညီ နှစ်မျိုးနှစ်စား ရှိပါတယ်။ တိုက်ရိုက်အကူအညီနဲ့ သွယ်ဝိုက်တဲ့အကူအညီ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းက တဆင့်ပေးတာဟာ သွယ်ဝိုက်တဲ့အကူအညီပါ။ ဂျပန်အစိုးရက ဗမာအစိုးရကိုပေးတဲ့ ODA ဟာ တိုက်ရိုက်အကူအညီ ဖြစ်ပါတယ်။ တိုက်ရိုက်အကူအညီပေးရာမှာ ချေးငွေ (loan) နဲ့ ထောက်ပံ့ငွေ (grant) ဆိုပြီး နှစ်မျိုးရှိပြန်ပါတယ်။ ချေးငွေကို ပြန်ဆပ်ရမှာဖြစ်ပေမယ့် ထောက်ပံ့ငွေကို ပြန်ဆပ်စရာ မလိုပါဘူး။
ပထမတော့ စစ်လျော်ကြေးပေးအဖြစ် ဂျပန်အစိုးရဆီက ထောက်ပံ့ငွေတွေ ရရှိခဲ့ပါတယ်။

စင်ကာပူအကူအညီဖြင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မတွင် ဒုတိယစီးပွားရေးမြို့တော် တည်ထောင်မည်
စင်ကာပူ၏ အကူအညီဖြင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မတွင် ရန်ကုန်မြို့၏
ဒုတိယစီးပွားရေးမြို့ ကို တည်ထောင်မည်ဖြစ်ကြောင်း မြို့တော်ဝန်ဦးလှမြင့်က
အတည်ပြုပြောကြားသည်။
photo : Google Image
အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရန် ငါးနှစ် Master Plan ရေးဆွဲမည်ဖြစ်ကာ ပြည်တွင်း မှ အတွေ့အကြုံရှိ ပညာရှင်များ၊ စင်ကာပူကက်ပယ်အဖွဲ့မှ ပညာရှင်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမြို့ပြ စီမံကိန်းဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။
“MCC ရှိတဲ့ မင်းမ္မဘက်မှာ ဒုတိယစီးပွားရေးမြို့တော်လုပ်ဖို့ လျာထားပါတယ်။ စည်ပင်ပိုင်မြေ မှာ မိုဒယ်အဖြစ် စတင်ဆောင်ရွက်ဖို့ရှိတယ်။ ဒီနေရာနဲ့ဆက်စပ်နေတဲ့ ၀န်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက် ရင် ပိုအောင်မြင်မှာပါ။ နိုင်ငံခြားက ပညာရှင်တွေကို ဖိတ်ခေါ်အကြံဥာဏ်ယူရေးဆွဲသွားဖို့ရှိပါတယ်။ စင်ကာပူ ကတ်ပယ်အဖွဲ့ကို မြို့ပြစီမံကိန်းရေးဆွဲတာနဲ့ ပတ်သက်ပြီး အကူအညီတောင်းထားတာရှိပါတယ်” ဟု ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးလှမြင့်က မေ ၁၁ ရက်က ပြုလုပ်သောသတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရန်ကုန်မြိုတော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့ပြစီမံကိန်းများကို ရန်ကုန်တိုင်းဒေ သကြီး ၀န်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စတင်ရေးဆွဲနေပြီဖြစ်ကာ ယခင်က မြို့ပြစီမံကိန်းများကို မြို့ရွာနှင့် အိုးအိမ်ဌာနက ရေးဆွဲပြီး ယင်းဌာနမှ လွှဲပြောင်းသော မြို့နယ်များကို စည်ပင်မှ ထိန်းသိမ်းခြင်းကိုသာ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
The article first appeared on Flower News Journal(ပန်းသတင်းဂျာနယ်) - အတွဲ ၈၊ အမှတ် ၁၈

10 May 2012
မြန်မာအပေါ်ဒဏ်ခတ်မှု ဆွစ်ဇာလန်ရုပ်သိမ်း
မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံတဲ့အနေနဲ့
ဆွစ်ဇာလန်နိုင်ငံ က လည်းမြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုတွေကို
ရုပ်သိမ်းပေးလိုက်ပြီလို့ AFP သတင်း တရပ်မှာ ဖော်ပြပါတယ်။
ဒါပေမယ့်လည်း မြန်မာ့နိုင်ငံရေးအခြေအနေ ပြန်ပြီးဆိုးဝါးလာမယ်ဆိုရင်တော့ အရေးယူမှုတွေ ကို ပြန်ပြီးလုပ်မယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း ဖိနှိပ်ချုပ်ခြယ်ရာမှာ အသုံးပြု ဆက်နွယ်နေတဲ့ လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ထား တာက လွဲပြီးတော့ တခြားအရေးယူမှုတွေအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ဆွစ်ဇာလန်နိုင်ငံက စီးပွားရေးဆိုင်ရာ SECO ရုံးကြေညာချက်ကို ကိုးကားပြီးတော့ ဖော်ပြတာပါ။
မြန်မာနိုင်ငံအတွင်းမှာ မကြာခင်က တွေ့လာရတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေကို ဆွစ်ဇာလန် အစိုးရကကြိုဆို ပြီးတော့ ဒီလိုမျိုး ပြုပြင်ပြောင်းလဲမှုတွေကြောင့် အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ လိုလားတယ်လို့ SECO ကြေညာချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့ရဲ့ အစည်းအဝေးအတွင်းမှာ အခုလို မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆွစ်ဇာလန်ဝန်ကြီးတွေက ဆုံးဖြတ်ခဲ့ကြ တာဖြစ်ပြီးတော့ ဒါကို ဆွစ်ဇာလန်ရဲ့ စီးပွားရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနကနေပြီးတော့ ဆက်ပြီးတော့ ရေးဆွဲ အကောင်အထည်ဖော်ဖို့ လွှဲအပ်ခဲ့တာလို့ ဆိုပါတယ်။
ဥရောပသမဂ္ဂ၊ EU အနေနဲ့လည်း ပြီးခဲ့တဲ့လကပဲ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့ ထားခဲ့ပါတယ်။ အလားတူပဲ ကနေဒါ၊ သြစတြေးလျား စတဲ့နိုင်ငံတွေကလည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို လျှော့ချခဲ့ပါတယ်။ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို ထောက်ခံ အားပေးတဲ့အနေနဲ့ြုမန်မာနိုင်ငံက တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံကို လျှော်ပေးခဲ့ပါတယ်။
source: VOA

9 May 2012
Y-talk မှလွဲ၍ အွန်လိုင်းမှ ပြည်ပဖုန်းခေါ်ဆိုမှုများအား အရေးယူဆောင်ရွက်မည်
Y-talk
မှလွဲ၍ အွန်လိုင်းမှ ပြည်ပဖုန်းခေါ်ဆိုမှုများအား တရားမဝင်အဖြစ် ဥပဒေအရ
အရေးယူဆောင်ရွက်တော့မည်ဟု VMG TELECOMESကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက
ပြောသည်။
လက်ရှိတွင်
အွန်လိုင်းမှ တရား ဝင်ဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ် အားဈေးနှုန်းလျှော့ချပေးလိုက်ပြီး နောက်သီးခြားခေါ်ဆိုမှုစနစ် အသုံး ပြုခြင်း၊
ခေါ်ဆိုခြင်းများ အား အရေး ယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ယင်းသို့
တရားမဝင် ခေါ်ဆိုမှု ဟုဆိုသည့် Pfingo၊ Skype အသုံးပြုမှုများကို
အရေးယူရာတွင် လည်း ကုမ္ပဏီမှ ဆောင်ရွက်မည် မဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှသာအရေးယူဆောင်ရွက်မည်ဟုယင်းကုမ္ပဏီမှသိရသည်။
”အင်တာနက်ဆိုင်တွေကို ရှောင်တခင်ဝင်စစ်တာတွေကိုမြန် မာ့ဆက်သွယ်ရေးကပဲဆောင်ရွက်မှာပါ”ဟု ၄င်းကပာသည်။အရေးယူဆောင်ရွက်မှုများ ရှိ
လာပါကမည်သို့အရေးယူဆောင်ရွက်မည်ကို မသိရှိရသေးသော်လည်း၁၉၈၉ ခုနှစ်တွင်ပြဋ္ဌာန်းထားသည့်ဆက်သွယ်ရေးဥပဒေများအရထောင်ဒဏ်၊
ငွေဒဏ်နှင့်စက်ပစ္စည်းများကို ပြည် သူ့ဘဏ္ဍာအဖြစ် သိမ်း ဆည်းသွား
နိုင်သည်အထိအရေးယူနိုင်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။