Vietnam မှ Nokia care center
Nokia မိုဘိုင်းဟန်းဆက် အသုံးပြုသူများအတွက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော
Nokia Care Center ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်သွားမည်ဟု MobiTel
Distribution မှ CEO ကိုကျော်ထူးလင်း ကပြောသည်။ Nokia ၏
အာရှဒေသတွင်းဆိုင်ရာ ရုံးချုပ်နှင့်ပူးပေါင်း၍ Nokia Care Center
ကိုဖွင့်လှစ်ခြင်းဖြစ်ပြီး နည်းပညာအရ ပြုပြင်ထိန်းသိမ်းခြင်းများနှင့်
ဆက်စပ်အပိုပစ္စည်းများကို Care Center မှ ဖြည့်ဆည်းပေးသွားမည်ဟုသိရသည်။
“အခုဆိုရင် အပိုပစ္စည်းတွေက တရုတ်ဘက်ကလာတဲ့ဟာမဟုတ်ရင်တောင် ကြုံရာနဲ့ပဲ
အစားထိုးပြုပြင်ကြတယ်။ Care Center အနေနဲ့ Nokia ကထုတ်တဲ့
နည်းပညာပစ္စည်းတွေနဲ့ပဲ အစားထိုးပြုပြင်သွားမယ့်အပြင် ၀န်ဆောင်မှုပေးတဲ့
လူတွေအကုန်လုံးကလည်း Nokia က လေ့ကျင့်သင်ကြားပေးထားတဲ့လူတွေပါပဲ” ဟု
ကိုကျော်ထူးလင်းကဆိုသည်။ ပြည်တွင်း၌ Nokia ဟန်းဆက်များကို
ကုမ္ပဏီအသိအမှတ်ပြု အာမခံများနှင့်
လွန်ခဲ့သောနှစ်ပတ်ခန့်မှစတင်ရောင်းချခဲ့ပြီး အဆိုပါကဲ့သို့
ကုမ္ပဏီအသိအမှတ်ပြု ဟန်းဆက်များအတွက် တစ်နှစ်တာကာလအတွင်း Care Center ၌
အခမဲ့ပြုပြင်လဲလှယ်ပေးမည်ဖြစ်သည်။ “Care Center ကို ဒီနှစ်မကုန်ခင်မှာ
ရန်ကုန်မှာ ၂ ခု၊ မန္တလေးမှာ ၁ ခု ဖွင့်သွားဖို့လုပ်နေတယ်။
နောက်နှစ်အတွင်းမှာဆိုရင်တော့ ၁၀ ခု လောက်အထိဖွင့်သွားဖို့ စီစဉ်ထားတယ်”
ဟုကိုကျော်ထူးလင်းကပြောသည်။ Nokia ဟန်းဆက် အသုံးပြုသူများအတွက်
လိုအပ်သော
ပြုပြင်ထိန်းသိမ်းမှုများနှင့် ဆော့ဖ်ဝဲလ်၊ ဟာဒ်ဝဲလ်ကို
ဖြည့်ဆည်းပေးနိုင်ရန် ကုမ္ပဏီအသိအမှတ်ပြု Care Center များကို Nokia
အနေဖြင့် နိုင်ငံတကာ၌ ဖွင့်လှစ်ပေးလျှက်ရှိပြီး မြန်မာနိုင်ငံအတွက် Care
Center ကိုမူ MobiTel နှင့်ပူးပေါင်း၍ ပထမဦးဆုံးအကြိမ် စတင်ဖွင့်လှစ်ရန်
ဆောင်ရွက်ခြင်းဖြစ်သည်။ Nokia Care Center များသည်
အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ထိုင်းနိုင်ငံ၌ ၁၁ ခုရှိပြီး၊
ဗီယက်နာမ်နိုင်ငံ၌ ၁၈ ခု၊ စင်ကာပူနိုင်ငံ၌ ၇ ခုခန့်ရှိကြောင်း၊ Care Center
များအနေဖြင့် Brand သီးသန့်တစ်ခုတည်း၏ လိုအပ်ချက်များကို
အထူးပြုဝန်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။MobiTel သည် ယခင် MobileMate အမည် ဖြင့် Nokia Handsets များကို ဖြန့်ချီ ၀န်ဆောင်မှုပေးခဲ့သည်။
ရေးသားသူ -မြင့်ကျော်လှိုင်
source: Teashop Talk

No comments:
Post a Comment