Pages

20 August 2012

ပထမဆုံးမြန်မာနိုင်ငံသား အများပိုင်နိုင်ငံတ ကာလေကြောင်းလိုင်းသစ် စတင်ပြေးဆွဲရန်ရှိ

အာဆီယံဒေသအတွင်း နိုင်ငံများတွင် အောင်မြင်နေသော ထိုင်းအပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်း TG ကဲ့သို့

 မြန်မာနိုင်ငံသားများ အစုရှယ်ယာများ ၀ယ်ယူပိုင်ဆိုင်နိုင်မည့် Golden Myanmar လေ ကြောင်းလိုင်းကို

 ပြည်တွင်းနိုင်ငံသားလုပ်ငန်းရှင်ကြီးများ ဦးဆောင်၍ အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းကာ ပြေး ဆွဲလုပ်ကိုင်ရန်အတွက် 

ခွင့်ပြုချက်ရရှိထားပြီဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း လုပ်ကိုင်ခွင့် ရရှိထားသည့် Golden Myanmar ၏ တာဝန်ရှိသူတစ်ဦးက 

The Voice Weekly သို့ပြောကြားသည်။


Golden Myanmar လေကြောင်းလိုင်း၏ မြန်မာနိုင်ငံပြည်တွင်းပြည်ပ ခရီးစဉ်များကို လာမည့် ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် 

စတင်ပြေးဆွဲရန်ရှိပြီး မကြာမီရက်ပိုင်းအတွင်း အများပိုင်ကုမ္ပဏီအဖြစ် အစုရှယ်ယာ များရောင်းချမှုနှင့် ပတ်သက်သည်များကို 

အသေးစိတ်ထုတ်ပြန်သွားရန်ရှိကြောင်း ၎င်းကဆက်လက်ပြောကြား သည်။

“အများပိုင်ကုမ္ပဏီက ပြေးမယ်ဆိုတာဟုတ်ပါတယ်။ ရှယ်ယာရောင်းမှာပါ”ဟု ယင်းလေ ကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက The 

Voice Weekly သို့ပြောကြားသည်။

အဆိုပါလေကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးမြန်မာနိုင်ငံသား အများပိုင်နိုင်ငံတ ကာလေကြောင်းလိုင်းသစ် 

လုပ်ကိုင်ခွင့်ရရှိလာခြင်းဖြစ်ကြောင်းလည်း ရန်ကုန်အခြေစိုက် လေကြောင်းလိုင်း မန်နေဂျာ တစ်ဦးက The Voice Weekly သို့ 

သုံးသပ်ပြောကြားသည်။

source: The Voice Weekly

No comments:

Post a Comment