Pages

20 September 2012

စင်္ကာပူ လေကြောင်းလိုင်း မြန်မာပြည် ဈေးကွက်သစ် စတင်တော့မည်


မြန်မာနိုင်ငံသို့ စီးပွားရေး ကိစ္စများနှင့် အပန်းဖြေ ခရီးစဉ်များ အတွက် လည်ပတ်ကြသော ခရီးသည် ပမာဏတိုးမြှင့်လာခြင်းကြောင့် စင်္ကာပူ လေကြောင်းလိုင်း (SIA) အနေဖြင့် မြန်မာပြည် ဈေးကွက်သို့ အခွင့်အလမ်းသစ်တစ်ခု အဖြစ် ယခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့မှ စ၍ ခရီးစဉ် များနေ့စဉ် ပြန်ပြေး ဆွဲတော့မည် ဖြစ်ကြောင်း SIA ၏အလုပ် အမှုဆောင် ဒုဥက္ကဋ္ဌ Mr.Mak Swee Wah က ပြောကြားသည်။

အဆိုပါ SIA ကုမ္ပဏီ အဖွဲ့သည် လက်ရှိ စင်္ကာပူနိုင်ငံတွင် ပျံသန်းလျက်ရှိသော တွဲဖက် လေကြောင်းလိုင်းဖြစ်သည့် Silk Air လေကြောင်းလိုင်း နှင့် အတူ ရန်ကုန်မြို့သို့ တစ်ပတ်လျှင် ၁၆ကြိမ် ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ပထမဆုံး ဝန်ဆောင်မှုဖြစ်ပြီး၊ ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန် ရည်ရွယ်ကြောင်း Mr. Wah က ပြောကြားသည်။ စင်္ကာပူလေကြောင်းလိုင်းသည် ပျံသန်းပြေးဆွဲခွင့်ရရှိပါက ယခုလက်ရှိ ပျံသန်းပြေးဆွဲ လျက်ရှိသော Silk Air လေကြောင်းလိုင်းနှင့် တွဲဖက်လုပ်ဆောင်သွားမည် ဖြစ်သည်။Silk Air လေကြောင်းလိုင်းသည် Airbus အမျိုးအစားဖြစ်သော ဗဟိုလျှောက်လမ်းတစ်လမ်းပါ A320 လေယာဉ် အမျိုးအစားဖြင့် တစ်ပတ်လျှင် ၁၆ ကြိမ် ပျံသန်း ပြေးဆွဲလျက်ရှိသည်။

စင်ကာပူ လေကြောင်းလိုင်းနှင့် Silk Air လေကြောင်းလိုင်း တွဲဖက် ပြေးဆွဲရာတွင် တစ်ပတ်လျှင် (၁၆)ကြိမ် ပျံသန်းမှုအနက် (၇)ကြိမကို စင်ကာပူလေကြောင်းလိုင်းက ခရီးသည် (၃၂၃)ဦးဆန့် Boeing 777-200 လေယာဉ်ဖြင့် တာဝန်ယူပြေးဆွဲမည်ဖြစ်ပြီး ယခင်ကထက် သယ်ယူနိုင်မှုစွမ်းအား တစ်ပတ်လျှင် (၅၅%) တိုးလာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ SIA သည် စင်္ကာပူ အခြေစိုက် လေကြောင်း အခြေစိုက် လေကြောင်းလိုင်း ဖြစ်ပြီး ၁၉၇၂ ခုနှစ် မှစတင် ပြေးဆွဲခြင်းဖြစ်သည်။ ယခုလက်ရှိ နိုင်ငံပေါင်း ၃၀၏ မြို့ပေါင်း ၆၀ တွင် ပြေးဆွဲလျက်ရှိသည်။
source:Teashop Talk

No comments:

Post a Comment