Pages

12 October 2012

သာကေတ၌ မဂ္ဂါဝပ် ၅၀၀ ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု စတင်



                                                                  သဘာဝဓာတ်ငွေ့   ဓာတ်အားပေးစက်ရုံပုံစံငယ်တစ်ခု
 
ရန်ကုန်မြို့နှင့် သီလ၀ါစက်မှုဇုန်တို့သို့ ဓာတ်အားပေးရန် မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ် နိုင်မည့် သာကေတ
သဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်း စတင်
အကောင်အထည်ဖော်သည့် အခမ်း အနားကို အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင်
ကျင်းပခဲ့သည်။

ထိုစီမံကိန်းသည် မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သော သီလ၀ါ စက်မှုဇုန်သို့ ဓာတ်အား
ပေးရန် အဓိကရည်ရွယ်ပြီး အကောင်အထည် ဖော် တည်ဆောက်သွားမည်ဖြစ်သော် လည်း
ဓာတ်အားစနစ် ကွန်ရက်သို့လည်း ချိတ်ဆက် ဓာတ်အားပေးသွားမည်ဖြစ် သည်ဟု သိရသည်။

ထို့ပြင် စီမံကိန်းဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ပေးထားသည့် သဘာဝပတ်ဝန်းကျင်
မပျက်ယွင်းစေရန် ဆိုသည့် မူဝါဒကို အလေးအနက်ထား ဆောင်ရွက်ြကရမည်ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးဆုံး ဖြစ်တဲ့ မဂ္ဂါဝပ် ၅၀၀ သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူသုံး
ဓာတ်အားပေးစက်ရုံစီမံ ကိန်းကို သီလ၀ါစက်မှုဇုန်ကြီးမှာ စတင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ခဲ့ပါပြီ။
စီမံကိန်းလုပ်ဆောင်မယ့် ကာလအဆင့် လည်ပတ်မယ့်ကာလတွေကိုလည်း အမ် အိုအေ လတ်မှတ်
ရေးထိုးထားတဲ့အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ပါတယ်"ဟု လျှပ်စစ် စွမ်းအား
ဝန်ကြီး ဌာန၊ ၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် စိုးက ပြောသည်။

နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက် များကို ရေတို၊ ရေရှည်စီမံကိန်းများဖြင့် လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြော သည်။ မြန်မာနိုင်ငံ၏ တံခါးဖွင့်စီးပွားရေး စနစ်
စတင်ကျင့်သုံးချိန်တွင် ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံ၏ လျှပ်စစ် ကဏ္ဍတွင် မိတ်ဆွေကောင်း
ဖြစ်ကြောင်း၊ ကိုရီးယား မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် သီလ၀ါဇုန် ပေါ်ထွက်လာရေး အတွက်
မြန်မာ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြစ်ရာ ပြည်သူများအတွက်အလုပ်အကိုင်
အခွင့်အလမ်းများလည်း ပိုမိုတိုးတက်ရရှိ လာနိုင်မည်ဟု ၎င်းက ပြောသည်။

ဓာတ်အားပေးစက်ရုံ တည်ဆောက် ရေးကို တာဝန်ယူထားသော Hyundai Engineering &
Construction Co., Ltd ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr Jung Soo Hyun က
ယခု ဓာတ်အားပေးစက်ရုံကြီးသည် မြန်မာ နိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်မြို့ တွင် လုံလောက်
သော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် တာဝန်ယူရမှာဖြစ် ကြောင်း ပြောကြားခဲ့သည်။

"ဒီစီမံကိန်းကိုလုပ်ဖြစ်တဲ့ ရည်ရွယ် ချက်က ရန်ကုန်မြို့မှာ ဓာတ်အားလိုအပ် ချက်က အရမ်းများ
ပါတယ်။ ရန်ကုန် Base Load က နည်းပါတယ်။ ရန်ကုန် Base Load ကို မြှင့်တင်အောင်နဲ့ နောက်
ဖြစ်ပေါ်လာမယ့် သီလ၀ါစက်မှုဇုန်ကို ဓာတ်အားပေးဖို့ ဒီစီမံကိန်းကြီးကို အကောင်အထည်ဖော်
ဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာကုမ္ပဏီက ကျွန်တော် တို Hexa International Co., Ltd
ဖြစ်ပြီး ဒီကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကိုရီးယားနိုင်ငံက Busan Korea Biotechnology Co., Ltd ၊ Korea
Western Power Co., Ltd ၊ Hyundai Engineering & Construction Co., Ltd နဲ့ ဘဏ္ဍာငွေ
ရှာဖွေပေးမယ့် Hana Daetoo Securities Co.,Ltd တို့ ပူးပေါင်းပြီး ပါဝင်ပါတယ်။

"ဒီစီမံကိန်းကြီး ပြီးသွားရင် ရန်ကုန် မြို့ရဲ့ နှစ်စဉ်တိုးတက်လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား လိုအပ်
ချက်ကို တစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးနိုင်မှာဖြစ် သလို နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက် လာပြီး လူနေမှု
အဆင့်အတန်းမြင့်မား လာအောင် ပြုလုပ်ပေးနိုင်မယ့် စက်မှုဇုန် ကြီး တိုးတက်လာအောင်ပြုလုပ်
ပေးနိုင်မှာပါ။ အကျိုးကျေးဇူး အများကြီးရှိပါတယ်။ ဓာတ်အားလိုအပ်ချက်အရ ၂၀၁၄ ခုနှစ် နှစ်ကုန်
ပိုင်းလောက်မှာ ပထမဦးဆုံး ၁၆၆ မဂ္ဂါဝပ် ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အားလုံးပြီးဖို့က ၂၀၁၅
ခုနှစ်မှာ ပြီးပါမယ်"ဟု Hexa International Co.,Ltd ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစုံဟန်က
ပြောကြားသည်။

"မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးဆုံး ဖြစ်တဲ့ မဂ္ဂါဝပ် ၅၀၀ သဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံး
ဓာတ်အားပေးစက်ရုံ စီမံကိန်းကြီးကို စတင်လိုက်တဲ့အတွက် ရန်ကုန်နဲ့ သီလ၀ါစက်မှုဇုန်တွေမှာ
ရင်းနှီးမြှုပ်နှံလိုသူတွေ၊ စက်ရုံဆောက် ချင်သူတွေ ၀မ်းမြောက်ဝမ်းသာပီတီဖြစ် ကြမှာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းက မြန်မာနိုင်ငံမှာ ပထမဆုံး ၁၀၀ရာခိုင်နှုန်း နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှု(FDI)စီမံကိန်းလည်း
ဖြစ်ပါတယ်" ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ဒုတိယ၀န်ကြီးဦးအောင်သန်းဦးက ပြောကြားသည်။

မူရင်း -Myanmar Times

No comments:

Post a Comment