ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊၂၀၁၂
အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ တနင်္လာနေ့က မြန်မာနိုင်ငံ၊
ရန်ကုန်မြို့ဆီ ရောက်သွားပြီး နေ့လည်ပိုင်းက သမိုင်းဝင် ရန်ကုန်တက္ကသိုလ်မှာ
မိန့်ခွန်းပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံ..မင်္ဂလာပါ......!!
ပီပီသသ ပြောသွားတဲ့ ဒီစကားတစ်ခွန်း ... ဒီနေ့ရဲ့ နားထဲမှာ စွဲနေမိတဲ့ စကားအချို့....
"ဒီကိုရောက်လာခြင်းတခုကတော့ ဒီတက္ကသိုလ်ကို လေးစားလို့ဖြစ်ပါတယ်။
ဒီကျောင်းတော်ကြီးမှာ ကိုလိုနီဆန့်ကျင်ရေးကို စတင်ခဲ့ပါတယ်။
ဒီကျောင်းတော်ကြီးမှာပဲ ကိုအောင်ဆန်းက လွတ်လပ်ရေးလှုပ်ရှားမှုကို မစတင်ခင်မှာ
မဂ္ဂဇင်းအယ်ဒီတာ အဖြစ် လုပ်ခဲ့ဖူးပါတယ်။ ဒီနေရာမှာပ
ဲ ဦးသန့်က ကုလသမဂ္ဂကို မဦးဆောင်ခင်မှာ ဒီကျောင်းတော်ကြီးမှာပဲ ကမ္ဘာကြီးအကြောင်းကို ဆည်းပူးခဲ့ပါတယ်.."။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့အံ့မခန်း
ဂုဏ်သိက္ခာကြီးမားမှုကိုလည်း ကျနော်တို့ လေးစား အားကျခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက်နှလုံးသား ခိုင်မြဲသူတွေကို ဘယ်လိုမှ
အကျဉ်းချထားလို့မရနိုင်ဘူးဆိုတာ သက်သေပြခဲ့တာပါ.."
"အမေရိကန်မှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ရှိပေမယ့်၊
ဒီစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။
ကျနော်တို့ကိုယ်တိုင်ဟာ သမ္မတ နိုင်ငံတော်စစ်သေနာပတိချုပ် ဆိုပေမယ့်
ကျနော်ရဲ့ ဆန္ဒတိုင်းကို ကွန်ဂရက်လွှတ်တော်မှာ အတင်းအကြပ်
အတည်ပြုခိုင်းလို့မရပါဘူး။ နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို ကျနော်က
ခန့်အပ်ရတာဆိုပေမယ့်၊ သူတို့ရဲ့ တရားစီရင်ရေးမှာ ကျနော်ဝင်ပါလို့မရပါဘူး။
ဘာကြောင့်လဲဆိုတော့ အမေရိကားမှာ ဆင်းရဲတဲ့ကလေးငယ်လေးကနေ၊ သမ္မတအထိ အားလုံးဟာ
ဥပဒေအောက်မှာ တညီတညာတည်းဖြစ်နေလို့ပါပဲ.."
"ကျနော်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကိုင်စွဲထားတဲ့ ဒီမိုကရေစီ မူဝါဒတွေ အတိုင်း ဖြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်..."
"ဒီ နိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ ဒီနိုင်ငံရဲ့
သမိုင်းအစိတ်အပိုင်း ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနိုင်ငံမှာလည်း
မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော့် နက်နက်ရှိုင်းရှိုင်း
ယုံကြည်ပါတယ်..."