ယခုလက်ရှိကာလသည် မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းကို သတိပြုရသော ဒုတိယကာလဖြစ်ပြီး ယခုနှစ် မိုးလွန်ကာလတွင် ပိုမိုသတိပြုရန် လိုအပ်နေကြောင်း၊ ရခိုင်ကမ်း ရိုးတန်းဒေသ၊ ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသတို့တွင် မိုးလွန်မုန်တိုင်းကို အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလအတွင်း ဆက်လက် သတိပြုရန် လိုအပ်နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် မုန်တိုင်းကို သတိပြုရချိန်သည် နှစ်ကြိမ်ရှိပြီး မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေ၊ မိုးလွန် ကာလဖြစ်သော အောက်တိုဘာ နှင့် နိုဝင်ဘာလတို့ ဖြစ်ကြသည်။
ယခင်ကမူ မြန်မာနိုင်ငံတွင် မုန်တိုင်းဝင်ရောက်မှုနှင့် ပတ်သက်၍ သတိပြုရသော ဒေသမှာ ရခိုင်ကမ်းရိုးတန်းသာ ဖြစ်ခဲ့သည်။ ၂၀၀၈ ခုနှစ် ကတိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ပြီးနောက်တွင်မူ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေထိုင်ကြသူများသည် ဆုံးရှုံးမှုများစွာကို တွေ့ကြုံ ခဲ့ကြရသည့်အတွက် မုန်တိုင်းအပေါ် awareness လည်း ပိုမိုလာခဲ့သည်။
မြန်မာနိုင်ငံတွင် မုန်တိုင်းကို ခြောက်နှစ်ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီး ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီမုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိမုန်တိုင်း၊ ၂၀၁၁ ခုနှစ်တွင် 02B မုန်တိုင်းငယ် တို့ဖြစ်ကြသည်။
နှစ်ပေါင်း ၁၃၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ ၈၅ ခုမြောက်မုန်တိုင်း ဖြစ်လာခဲ့သော ယင်း 02B မုန်တိုင်းငယ်သည် ၂၀၁၀ ပြည့်နှစ်က တိုက်ခတ်ခဲ့သော ဂီရိမုန် တိုင်း တစ်နှစ်မပြည့်မြောက်မီ သုံး ရက်အလိုတွင် ရခိုင်ကမ်းရိုးတန်းသို့ပင် ထပ်မံသက်ရောက်ခဲ့ခြင်းဖြစ်ကာ ပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့သည်။လာမည့် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး အားကောင်းလာကာ မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။
source: Yoyarlay
No comments:
Post a Comment