Pages

3 October 2011

မိုဘိုင်းဆိုင် အများစုန အရစ်ကျစနစ်ဖြင့် ရောင်းချြ


ယင်းကဲ့သို့ အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း ကို ကုမ္ပဏီဝန်ထမ်း များ၊ အရောင်းဝန်ထမ်းများ အများ စုဝယ်ယူကြပြီး မိုဘိုင်းဖုန်း ဆိုင်အ များစုက ထိုသို့ရောင်းချ ပေးသည်။ အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်း ကိုင်ဆောင် ထားသူ တစ်ဦးက ကုမ္ပ ဏီ ဝန်ထမ်းအမျိုးသမီးတစ်ဦးက “အစ်မတို့ ဆိုရင်(၅)သိန်းကို တစ်ခါ တည်းပေး ဖို့ဆိုတာ အဆင်မပြေ ဘူး။ ဒီလိုမျိုးအရစ်ကျရောင်းပေး တယ်ဆိုတော့ အရမ်း အဆင်ပြေ တယ်။ လူတန်းစားအများစုလည်း ဖုန်းကိုင်နိုင်တာပေါ့။
အခုဆိုရင် အများစု ဖုန်းကိုင်နိုင်ပြီ။ ဟိုးအရင်က ထက်စာရင်တော့ အများကြီးတိုး တက်လာ တာပေါ့ အရစ်ကျ ပေးရ တော့သိပ်လည်း မသိသာဘူး။ ကိုယ့်အတွက်လည်း အဆင်ပြေ တယ်”ဟု ပြော သည်။ အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးသော Today Mobile မှ ကို နေလင်းထွန်းက “အစ်ကိုတို့ ဆိုင်မှာ အရစ်ကျစနစ်နဲ့ ရောင်းပေးတာ သိပ်တော့ မကြာသေး ပါဘူး။ ဒါပေ မဲ့ဝယ်ကိုင်တဲ့ လူတွေ အရမ်းများ တယ်။ တစ်နေ့တစ်နေ့အရေအ တွက်ကို ကန့်သတ် ထားတယ်။ တစ်နေ့ကို ၁၀ကတ်ကနေ ၂၀ လောက် ကန့်သတ်ထားတယ်။ ဒါပေမဲ့ ရင်းနှီး ထားတဲ့ ပိုက်ဆံက တော့များတယ်။
ဝယ်တဲ့သူတွေ ဘက်ကအရမ်းကို အဆင်ပြေ တယ်။ ပထမဆုံး သုံးသိန်း ပေးနိုင်ရင် သုံး သိန်းယူတယ်။ သုံးသိန်းမပေးနိုင် ရင် နှစ်သိန်း အရင်ပေး လည်းလက် ခံပေးတယ်။ ကျန်တဲ့ပိုက်ဆံကို တော့ အရစ်ကျနဲ့ပြန်သွင်းရမယ် တစ်လကို ၅သောင်းနဲ့ပါ။ အများစု ကတော့ ဝယ်ကြပါတယ်။ ကုမ္ပဏီ မှာလုပ်တဲ့ ဝန်ထမ်း တွေ မားကတ် တင်းသမားတွေ၊ အရောင်းဝန်ထမ်း တွေအများကြီးပါ။ တော်တော်များ များဖုန်းကိုင်နိုင်တာပေါ့” ဟုပြော သည်။ အဆိုပါ အရစ်ကျစနစ်ဖြင့် ရောင်းချပေးသည့် ဝန်ဆောင်မှု သည် ရန်ကုန်မြို့အတွင်းရှိ မို ဘိုင်းလ် ဆိုင်အများစုမှ ပြုလုပ်ပေး ပြီး နောက်ပိုင်းတွင်လည်း ပြုလုပ် ပေးရန် အစီအစဉ်များရှိကြောင်း မိုဘိုင်းလ်ဆိုင်အများစုကပြောသည်။

No comments:

Post a Comment