ကားသစ် လဲလှယ် လိုသူများကို ငွေကြေးစိုက် ထုတ်ရန် မလိုဘဲ ကားသစ် လဲလှယ် ပေးမည့် အစီအစဉ်ကို De family online store မှ လဲလှယ် ပေးမည် ဖြစ်သည်ဟု အဆိုပါ စတိုးမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုဒေးကပြော သည်။ အဆိုပါ ဝန်ဆောင်မှုတွင် ကား အဟောင်း ပိုင်ရှင်များ အနေဖြင့် ကားသစ်လဲလှယ်ရာတွင် ကြိုတင် ငွေပေး ချေရန် မလိုဘဲ မိမိကြိုက်နှစ် သက်ရာ ကားအမျိုးအစာကို အွန်လိုင်းတွင်ဝယ်ယူနိုင်ပြီး ကားရောက် ရှိချိန်မှသာအပြီး သတ်ငွေပေး ချေရမည်ဖြစ်သည်။ ကားပိုင်ရှင်များ မဖြစ်မနေ လိုက်ပါ ဆောင်ရွက် ရမည့် ကိစ္စများမှအပ ကားလိုင်စင် ထွက် သည့်အထိ အစအဆုံး တာဝန် ယူဆောင်ရွက် ပေးမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။ ကားဝန်ဆောင်မှု ပေးသည်နှင့် ပတ်သက်၍ De family store မှ ကိုဒေးက “ကျွန်တော့်တို့ဆီမှာ ဒီလိုဝန်ဆောင်မှုပေးတာ သိပ်တော့ မကြာ သေးပါဘူး။
ကားအဟောင်းနှင့် ကားသစ်လဲမယ်ဆိုရင် အစ်ကိုတို့ဘက် ကအစအဆုံးလိုက် လုပ်ပေး မှာပါ။ အကယ်၍ရောင်းတဲ့ သူအနေနဲ့ဘဏ်မှာ ငွေသွင်းရမယ် တစ်ကယ်လို့ ဘဏ်ထဲမှာ ထည့်စရာ ငွေမရှိဘူးဆိုရင်လည်း အကိုတို့ ဘက်ကစိုက်ထည့်ပေးထားတယ်။ ဒီလိုမျိုး ဝန်ဆောင်မှု ပေးတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံလူဦးရေ အရ ပြောမယ်ဆိုရင် ကားစီးနိုင် တဲ့လူက အရမ်းနည်း တယ်။ စီးနိုင်တဲ့လူတွေကလည်း သူတို့ဆီမှာရှိတဲ့ ကားကို နည်းနည်း ပိုက်ဆံ ပိုပေးတာနဲ့ ရောင်းကြတာများတယ်။ ကားအဟောင်းနဲ့ကားသစ် လဲပြီးလို့ပြန် ရောင်းချင်တယ် ဆိုရင်လည်း လုပ်ပေးတယ်။ သိန်း(၁၀ဝ) ရမဲ့နေရာမှာ (၂၀ဝ,၃၀ဝ)လောက်သူတို့ ပိုရသွားမယ်။ အကိုတို့ ဘက်က ဝန်ဆောင်ခတွေကို စရိတ်တွေထဲမှာတစ် ခါတည်း ပေါင်းထည့်ပြီးသား ဥပမာ ပြောရင်တော့ (၁၀)သိန်းတော့ အနည်းဆုံးပေးရမယ်။ ကားအမျိုး အစားပေါ်တော့ မူတည် တာပေါ့” ဟု ပြောသည်။ De family Online store တွင် ယခုလက်ရှိဆောင်ရွက်လျက် ရှိ သော ကားအမျိုးအစား အစီးရေ (၃၀)ကျော်ရှိပြီး စိတ်ပါ ဝင်စားသူ များ အနေဖြင့် www.defamily onlinestore.com တွင် ဝင်ရောက်ကြည့်ရှု နိုင်ပြီး ဝ၁၅၀၂၆၉၄သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်သည်။
http://www.yoyarlay.com
No comments:
Post a Comment