9 December 2011

ဗြိတိန်တွင် Samsung Galaxy S2 က အရောင်းရဆုံးဖြစ်လာ



ဗြိတိန်နိုင်ငံတွင် Apple၏ထုတ်ကုန် iPhone၏ အရှိန်အ၀ါကို Samsung၏ Galaxy S2က ကျော်ဖြတ်သွားပြီဖြစ်သည်။ iPhone၏ နောက်ဆုံးမျိုးဆက်ဖြစ်သော iPhone 4Sသည် ဝယ်လိုအားကို မဖြည့်တင်းနိုင်ခြင်းကြောင့် နာမည်ပျက်နေရချိန်တွင် Samsung၏ Galaxy S2က ရောင်းအားအကောင်းဆုံး နေရာကို ဖြတ်ကျော် ရယူခဲ့သည်။ စတင်ထုတ်လုပ်ချိန်ကတည်းက iPhone Killerအဖြစ် နာမည်ကျော်နေသော Galaxy S2သည် ယခုအခါ iPhone 4Sထက် ရောင်းအား ကောင်းနေကြောင်း ဈေးကွက်လေ့လာရေး ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် uSwitch.comက ဖော်ပြခဲ့သည်။

Nokiaက မျှော်လင့်ချက် ကြီးမားစွာ ထုတ်လုပ်ခဲ့သည့် Windows OSသုံး မိုဘိုင်းလ်ဖုန်း Lumiaမှာမူ ထိပ်ဆုံး (၅)နေရာပင် မ၀င်ခဲ့ဟု သိရသည်။ iPhone 4Sကို ဗြိတိန်တွင် စတင်ရောင်းချပြီး တစ်လအကြာတွင် Galaxy S2 ထွက်ပေါ်လာခြင်းဖြစ်သည်။ နိုဝင်ဘာ တစ်လလုံးတွင် ဗြိတိန်၌ လူအများ ၀ယ်ယူမှု အများဆုံး စမတ်ဖုန်းသည် Galaxy S2ဖြစ်လာပြီး တတိယ နေရာတွင် Samsung၏ ထုတ်ကုန်ပင်ဖြစ်သော Galaxy Aceရှိနေသည်။

အဆိုပါ ဖုန်းသည် Tabletကွန်ပျူတာငယ် တစ်လုံးနီးပါးမျှ ကြီးမားသည်။ Beats by Dreနည်းပညာသုံးထားသည့်  HTCထုတ် Sensation XEသည်လည်း အသံပိုင်းဆိုင်ရာ ကောင်းမွန်မှုကြောင့် လူကြိုက်များနေပြီး အရောင်းရဆုံး နံပါတ်(၉)ထိ တက်လာကြောင်း သိရှိရသည်။ iPhone 4S ထွက်ပေါ်လာမှုကြောင့် တစ်လအတွင်း ရပ်တည်မှုများသည် Galaxy Ace၊ iPhone 4နှင့် HTC၏ Wildfire Sတို့ အားလုံးသည် တစ်ဆင့်စီ လျော့ကျခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်

source: Planet news

No comments:

Post a Comment