10 March 2012

အိုး​စည်​တောင်ကို ​ကျောက်ထုတ်လုပ်​ရေး​ ကုမ္ပဏီတခုက မိုင်း​ခွဲ ဖြိုဖျက်

ရှမ်း​ပြည်နယ် က​လောမြို့​ အဝင်မှာရှိပြီး​ ​ဒေသခံ​တွေ မြတ်နိုး​အ​လေး​ထား​တဲ့​ အိုး​စည်​တောင်ကို ​ကျောက်ထုတ်လုပ်​ရေး​ ကုမ္ပဏီတခုက မိုင်း​ခွဲ ဖြိုဖျက်​နေပါတယ်။
အိုး​စည်​ တောင်ဟာ ​ဒေသခံ​တွေအတွက် ပါး​စပ်ရာဇဝင်များ​စွာရှိပြီး​ အ​လောင်း​တော်ကသဖ ဘုရား​နဲ့​ ​တောင်​ကြောတဆက်တည်း​ တန်း​တယ်လို့​ ​ဒေသခံ​တွေက ယုံကြည်​နေကြသလို ရှမ်း​ရိုး​ရာ အိုး​စည် ပုံသဏ္ဍန်ရှိတာ​ကြောင့်​လည်း​ ​ဒေသခံ​တွေက ပိုပြီး​မြတ်နိုး​ကြတာပါ။ အိုး​စည်​တောင်နဲ့​ ကပ်လျှက် ​တောင်​တွေမှာလည်း ဘုရား​တဆူစီ တည်ရှိပါတယ်။
အခု ​သော်တာဝန်း​ကုမ္ပဏီဟာ ​ဒေသခံ​တွေ တား​ဆီး​ကန့်​ကွက်ခြင်း​၊​ စာပို့​တောင်း​ပန်ခြင်း​ ပြုလုပ်​နေတဲ့​ကြား​က ​တောင်ကိုဖြိုဖျက်​နေတာပါ။ မိုင်း​ဒဏ်​ကြောင့်​ ဘုရား​တခြမ်း​ ပြိုသွား​ခဲ့​ပြီး​ ဆက်ဖြိုသွား​ဖို့​ အ​ခြေအ​နေ​တွေ ရှိ​နေပါတယ်။
ဒီဗွီဘီ

source:Thithtoolwin

No comments:

Post a Comment