12 June 2012

ပထမဦးဆုံးသော Nokia Care Center ကို ရန်ကုန်မြို့၌ဖွင့်လှစ်မည်

                   Vietnam မှ Nokia care center

Nokia မိုဘိုင်းဟန်းဆက် အသုံးပြုသူများအတွက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Nokia Care Center ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်သွားမည်ဟု MobiTel Distribution မှ CEO ကိုကျော်ထူးလင်း ကပြောသည်။ Nokia ၏ အာရှဒေသတွင်းဆိုင်ရာ ရုံးချုပ်နှင့်ပူးပေါင်း၍ Nokia Care Center ကိုဖွင့်လှစ်ခြင်းဖြစ်ပြီး နည်းပညာအရ ပြုပြင်ထိန်းသိမ်းခြင်းများနှင့် ဆက်စပ်အပိုပစ္စည်းများကို Care Center မှ ဖြည့်ဆည်းပေးသွားမည်ဟုသိရသည်။ “အခုဆိုရင် အပိုပစ္စည်းတွေက တရုတ်ဘက်ကလာတဲ့ဟာမဟုတ်ရင်တောင် ကြုံရာနဲ့ပဲ အစားထိုးပြုပြင်ကြတယ်။ Care Center အနေနဲ့ Nokia ကထုတ်တဲ့ နည်းပညာပစ္စည်းတွေနဲ့ပဲ အစားထိုးပြုပြင်သွားမယ့်အပြင် ၀န်ဆောင်မှုပေးတဲ့ လူတွေအကုန်လုံးကလည်း Nokia က လေ့ကျင့်သင်ကြားပေးထားတဲ့လူတွေပါပဲ” ဟု ကိုကျော်ထူးလင်းကဆိုသည်။ ပြည်တွင်း၌ Nokia ဟန်းဆက်များကို ကုမ္ပဏီအသိအမှတ်ပြု အာမခံများနှင့် လွန်ခဲ့သောနှစ်ပတ်ခန့်မှစတင်ရောင်းချခဲ့ပြီး အဆိုပါကဲ့သို့ ကုမ္ပဏီအသိအမှတ်ပြု ဟန်းဆက်များအတွက် တစ်နှစ်တာကာလအတွင်း Care Center ၌ အခမဲ့ပြုပြင်လဲလှယ်ပေးမည်ဖြစ်သည်။ “Care Center ကို ဒီနှစ်မကုန်ခင်မှာ ရန်ကုန်မှာ ၂ ခု၊ မန္တလေးမှာ ၁ ခု ဖွင့်သွားဖို့လုပ်နေတယ်။ နောက်နှစ်အတွင်းမှာဆိုရင်တော့ ၁၀ ခု လောက်အထိဖွင့်သွားဖို့ စီစဉ်ထားတယ်” ဟုကိုကျော်ထူးလင်းကပြောသည်။ Nokia ဟန်းဆက် အသုံးပြုသူများအတွက်

6 June 2012

လက်တလောဖြစ်ပေါ်နေတဲ့ အရေးအခင်းများအပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်

ဒီလိုပြသနာတွေ ဖြစ်လို့ရှိရင် ကျမရဲ့ အတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်... နံပါတ်တစ်က တရားဥပဒေစိုးမိုးရေးပေါ့၊ နံပါတ်နှစ်က လှုံဆော်တဲ့သူများရှိလားဆိုတဲ့ စိုးရိမ်ပူပင်မှုပါပဲ... 


ဥပဒေစိုးမိုးရေးလို့ ကျမဘာလို့ပြောရလဲဆိုတော့ ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေးရှိတယ်ဆိုရင် ပထမဦးဆုံး ပြသနာတစ်ခုဖြစ်ပြီ၊ အရေးတခုခုဖြစ်ပြီ၊ ရာဇ၀တ်မှုတစ်ခုဖြစ်ပြီဆိုထဲက ပီပီပြင်ပြင် မြန်မြန်ဆန်ဆန်အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေက ပေါ်လာစရာအကြောင်းမရှိဘူး...

ပြသနာတစ်ခု မရှင်းလိုက်တာနဲ့ နောက်ထပ်ပြသနာတစ်ခု ထပ်ပြီးပေါ်လာတယ်... ဒါဟာ ဥပဒေပိုင်းဆိုင်ရာတွေက ရှင်းလင်းရမယ့် ပြသနာ... ဥပမာ- ရာဇ၀တ်မှုဖြစ်လာရင် ရာဇ၀တ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းရမှာ အရေးယူရမှာ၊ အမြန်ဆုံးပေါ့နော် အရေးယူရမှာက ရဲအဖွဲ့နဲ့ဆိုင်တယ် တရားရုံးတွေနဲ့ ဆိုင်တယ်ပေါ့နော်... အဲ့ဒါကို မြန်မြန်ဆန်ဆန် လုပ်လိုက်လို့ရှိရင် ပြသနာတွေကို ထိန်းထားလို့ရတယ်... မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘူးဆိုရင် ပြသနာတွေက တဆင့်နဲ့ တဆင့် ကြီးထွားနိုင်တယ်...

နောက်တခု ကျမက ပွင့်ပွင့်လင်းလင်းပြောရမယ်... ဒါဟာလဲ ကျမတို့ ပြည်သူပြည်သားတွေက ဒီစိုးရိမ်ပူပင်မှု ရှိတယ်လို့ ထင်ပါတယ်... လှုံဆော်နေတဲ့ သူတွေများ ရှိသလား... အခြေအနေကို မတည်ငြိမ်အောင် လှုံဆော်နေတဲ့ သူတွေများ ရှိသလား...

တချို့ကျတော့ အခြေအနေကို မတည်ငြိမ်အောင် လှုံဆော်တာမဟုတ်ဘဲ စင်မြင့်ရှိရင် ထပြီး တက်ပြီးတော့ အော်ချင်တဲ့ သူတော့ရှိတယ်... အဲ့လိုအော်ခြင်းအားဖြင့် ကျမတို့အတွက်၊ ကျမတို့နိုင်ငံအတွက်၊ ကျမတို့ လူမှု အသိုင်းအ၀ိုင်းအတွက် အကျိုးရှိလား မရှိဘူးလား၊ ဆိုတာကို မဆင်ခြင်ဘဲနဲ့ ထပြီးတော့ အော်မယ်ဆိုလို့ရှိရင် အဲ့ဒါကလဲ မလိုလားအပ်ဘဲ ပြသနာတွေကို ကြီးထွားနိုင်စေတယ်...

အဲ့တော့ ကျမတို့ နိုင်ငံမှာ ဘယ်သူမဆို လုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုး ဖြစ်စေချင်တယ်... နိုင်ငံတစ်နိုင်ငံရဲ့ သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ စိတ်ချမ်းသာမှု အပေါ်မှာ မူတည်တယ်... စိတ်ချမ်းသာမှုဆိုတာ လူနေမှုက စရမှာပဲ... မလုံခြုံတဲ့ သူတွေက ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ဘူး...

ဒီနိုင်ငံမှာ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အားလုံး၊ လူမျိုးမရွေး၊ ဘာသာမရွေး။ တိုင်းသူပြည်သား မဟုတ်တဲ့ ဒီနိုင်ငံမှာရောက်နေတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ လုံခြုံမှုရှိတဲ့ နိုင်ငံမျိုး ဖြစ်စေချင်တယ်... ဥပမာ- ကျမခုနက ပြောတဲ့ ထိုင်းမှာ ကျမသွားတဲ့အခါမှာ အင်မတန်မှ စိတ်လုံခြုံတယ်... ကျမက ထိုင်ငံသားမဟုတ်ဘူး၊ ဧည့်သည်ပဲ၊ ဒါပေမယ့် ဒီဧည့်သည်တစ်ယောက်ကို စိတ်ချမ်းသာအောင်လို့ စိတ်လုံခြုံအောင်လို့ လုပ်ပေးနိုင်တယ်ဆိုတာ အဲ့နိုင်ငံရဲ့ သိက္ခာ ဘယ်လောက်မြင့်လဲ... ကျမတို့နိုင်ငံမှာ ဧည့်သည်တွေရော၊ ဒီမှာနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ ရော၊ အားလုံးဟာ လုံခြုံမှုရှိဖို့ ကျမတို့ ဦးတည်ရမယ်...

ဒါကြောင့် ကျမတို့ အတန်တန် လူတွေ နားညည်းလောက်အောင် ဥပဒေ စိုးမိုးရေး၊ ဥပဒေစိုးမိုးရေး လို့ ပြောနေတာပါ... ပထမဆုံးဖြစ်တဲ့ ရာဇ၀တ်မှုတစ်ခုကို ထိထိမိမိနဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်နိုင်မယ် ဆိုရင် မီးစကနေပြီးတော့ မီးတောက်ကြီး ဖြစ်မသွားဘူး...

လူမှုဖူလုံရေးတွင် ဆက်တိုက်ထည့်ဝင်ကြေးပေးသွင်းရုံဖြင့် အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်မည်

လူမှုဖူလုံရေးတွင် ဆက်တိုက်ထည့်ဝင်ကြေးပေးသွင်းရုံဖြင့် အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်မည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။''၁၅ နှစ်ဆက်တိုက် ထည့် ဝင်ကြေးပေး သွင်းရင် အိမ်ခန်းတစ် ခန်းမှာ နေထိုင်နိုင်မယ်။ နောက်ထပ် ၁၅ နှစ် ထပ်သွင်းရင် ဒီအိမ်ခန်းကို ပိုင်ဆိုင်နိုင်မယ်'' ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။
                     အိမ်နီးချင်း နိုင်ငံတစ်ခုရှိ တန်ဖိုးနည်း အိမ်ရာတစ်ခု
၁၉၅၄ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ရေးဆွဲပေးခဲ့သော လူမှုဖူလုံရေး အက်ဥပဒေအား ပြန်လည်ပြင် ဆင် ကာလွှတ်တော်တွင်း ဆွေးနွေးနေပြီး အတည် ပြုပါက အထက်ပါ စနစ်မှာ အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။လက်ရှိနိုင်ငံ၌ အိမ်ရာဈေးနှု န်း၊ မြေဈေးနှုန်းများ ဆက်တိုက် မြင့် တက်နေမှုကြောင့် အလုပ်သမား များ လက်လှမ်းမမီနိုင်သော အနေ အထားမျိုးတွင်ရှိနေကြောင်း၊ ပြဋ္ဌာန်း ရန် အစီအစဉ်ရှိနေသည့် ဥပဒေက ဖြစ်မြောက်အောင် အကောင်အ ထည် ဖော်သင့်ကြောင်း ဆွေးနွေးပွဲတက် ရောက်ခဲ့သူတစ်ဦးက ထောက်ပြ သည်။''ဥပဒေကတော့ ရှိနေတာပဲ။ အကောင်အထည်ဖော်ဖို့ပဲ လိုတယ်။ တကယ်လုပ်ပေးမယ်ဆိုရင် ဒါက အလုပ်သမားတွေ ကြိုဆိုကြမယ့် ကိစ္စပါပဲ'' ဟု

ကားတင်သွင်းခွင့် လမ်းပွင့် လာသော်လည်း ပြပွဲတင်ကားများ အရောင်းသွက်

ပါမစ် မလိုဘဲ သွင်းခွင့်ရသည့် ကားများ ဝင်ရောက်ရန် လပိုင်းသာ လိုတော့ သော်လည်း ၁၃၀ဝစီစီ အောက် ကားလေး များကို ဝယ်သူ များနေဆဲ ဖြစ်ကြောင်း ကား အရောင်းပြခန်း များမှ သိရသည်။

Singapore မှကားအရောင်းပြပွဲတစ်ခု

တပ်မတော် ခန်းမနှင့် MCC တို့ တွင် ဇွန် ၁ ရက်မှ ၄ ရက်နေ့အထိ တစ်ပြိုင်နက်တည်း ကားပြပွဲ ကျင်းပ ခဲ့ပြီး ယခင်လက ပြုလုပ်ခဲ့သော ကားပြပွဲထက် ယခု ပြပွဲတွင် မော် တော်ကား ဝယ်ယူသူ ပိုမိုများပြားခဲ့ ကြောင်း ရွှေဗဟိုကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ “နောက် တစ်လခွဲ နှစ်လလောက် ဆို ကားလေးတွေ ဈေးထပ်ကျမှာ။ ဒါကိုသိပေမယ့်လည်း မစောင့်ချင်တဲ့ သူတွေက ဈေးမတွက်ဘဲ ဝယ်ကြ တယ်”ဟု၎င်းက ထပ်မံပြောသည်။
ဝယ်ယူသူ အများစုသည် နိုင်ငံ ခြားမှလေလံကြည့်ကာ မှာယူ တင်သွင်းရသည်ထက် တင်သွင်းပြီး ကားများကို ဈေးပိုပေး၍ ဝယ်ယူ ရသည်ကို ပိုမို သဘောကျကြောင်း

လာမည့် နှစ်နှစ် အတွင်း အလုပ်သမား များ၏ ဘဝ လုံးဝ ပြောင်းလဲ သွားစေ မည်

လာမည့် နှစ်နှစ် အတွင်း အလုပ်သမား များ၏ ဘဝ လုံးဝ ပြောင်းလဲ သွားစေ မည်ဟု အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် က ပြောသည်။ 
 ဇွန်လ ၃ ရက်တွင် ချက်ထရီ ယမ်ဟိုတယ်၌ ပြုလုပ်သော မြန်မာ့ CMP လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးနှင့် အနာဂတ် အလားအလာ များ ဆွေးနွေးပွဲအပြီးတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ 


“ကျွန်တော်အာမခံတယ်။ ဒီ ဥပဒေတွေက တစ်ချိန်တည်း တစ် ပြိုင်တည်း အသက်ဝင်လာမယ်ဆို ရင်အလုပ်သမားတွေရဲ့ခံစားခွင့် အခု ထက်ပိုပြီး သိသိသာသာ ပြောင်းလဲ လာရမယ်”ဟုဝန်ကြီးကပြောသည်။ လက်ရှိတွင် အလုပ်သမားဝန် ကြီးဌာနမှ ဥပဒေ နှစ်ခုကို ပြဋ္ဌာန်းခဲ့ ပြီး

1 June 2012

စီမံကိန်းကြီးများတွင် ပွင့်လင်းမြင်သာမှု ရှိရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ထိုင်းနိုင်ငံက မြန်မာပြည်မှာ အကောင်အထည်ဖော်နေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် အပါအ၀င် စီမံကိန်းကြီးတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိရင် အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဘန်ကောက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်ရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။
 
“ပွင့်လင်းမြင်သာမှုက သိပ်ကို အရေးကြီး ပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်သူတွေကို ပြောချင်တာ က မြန်မာပြည်မှာ ဘာပဲ လုပ်လုပ် ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ကြပါ။ ရင်းနှီးမြှုပ်နှံမှု ကိစ္စတင်မကပါဘူး၊ ဖွံ့ဖြိုးရေး အကူအညီတွေ၊ လူသားချင်းစာနာမှု အကူအညီတွေမှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်ပါတယ်။ ဒါမှ နောင်မှာ ဖြစ်လာ နိုင် တဲ့ ပြဿနာတွေ ကို ရှောင်ရှားနိုင်ပါ လိမ့်မယ်။”
ဒါကြောင့် စီမံကိန်းတွေ လုပ်ကိုင်တဲ့အခါမှာ၊ အကူအညီတွေပေးတဲ့အခါမျိုးမှာ ပြည်သူတွေအတွက် သိခွင့်ရနိုင်တဲ့ ပွင့်လင်းမြင်သာမှု လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ထားဝယ်စီမံကိန်း အပါအ၀င် တခြား အကျိုးတူ စီမံကိန်းကြီးမှာ ပြဿနာဖြစ်နေရတဲ့ အကြောင်းက မြန်မာပြည်သူတွေဟာ ဒီလို ကိစ္စတွေကို လုံးဝကို ဘာတခုမှ သိခွင့်မရကြပါဘူး၊ စာချုပ်က ဘယ်လိုဖြစ်တယ်၊ ဘာတွေ လုပ်နေတယ်၊ ဘာတွေ ဖြစ်မလဲ ဆိုတာမျိုးတွေကို သိခွင့် မရကြပါဘူး။ အခြေအနေတွေကို ဆွေးနွေးခွင့်တွေ၊ အမြင်ချင်း ဖလှယ်ခွင့်တွေ မရကြပါဘူး။ ဒါဟာ တိုင်းပြည်အတွက် သိပ်ကို အန္တရာယ်များပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အန္တရာယ် ရှိပါတယ်။ သံသယနဲ့ မယုံကြည်မှုတွေကို တိုးပွားလာစေနိုင်ပါတယ်။ ဒါကြောင့် ရင်းနီးမြှုပ်နှံမှု လုပ်တဲ့အခါတိုင်းမှာ အစိုးရချင်း သဘောတူ လက်မှတ်ထိုးတာပဲဖြစ်ဖြစ်၊ အကူအညီတွေ ပေးတော့မယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ကြပါ။ ပြည်သူတွေက နားလည်ခွင့်ရတဲ့ အခြေအနေ၊ ဘာတွေ လုပ်မယ်၊ ဘယ်သူအတွက် အကျိုးရှိမလဲ ဆိုတာကို ရှင်းအောင်လုပ်ကြပါ။ ဒီလိုမှ မဟုတ်ရင် အကျိုးအမြတ်က တဖွဲ့တဖွဲ့၊ ဒါမှမဟုတ် လူတဦး တယောက်အတွက် ဖြစ်သွားနိုင်ပါတယ်။”
မြန်မာပြည်မှာ အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလို ဥပဒေမျိုးကို ပြည်သူတွေ အသိမပေးဘဲ ရေးဆွဲ ထားတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာပြည်မှာ အခြေခံအဆောက်အဦတွေ ပြည့်စုံတဲ့ အချိန်အထိ မစောင့်ကြဘဲ ကိုယ်တိုင်က အခြေခံ အဆောက်အဦတွေကို တစိတ်တပိုင်း တာဝန်ယူတာမျိုး၊ အလုပ်အကိုင်တွေကို မြန်မြန် ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးကို သူ့အနေနဲ့ လိုလားတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

source:DVB Burmese