6 June 2012

ကားတင်သွင်းခွင့် လမ်းပွင့် လာသော်လည်း ပြပွဲတင်ကားများ အရောင်းသွက်

ပါမစ် မလိုဘဲ သွင်းခွင့်ရသည့် ကားများ ဝင်ရောက်ရန် လပိုင်းသာ လိုတော့ သော်လည်း ၁၃၀ဝစီစီ အောက် ကားလေး များကို ဝယ်သူ များနေဆဲ ဖြစ်ကြောင်း ကား အရောင်းပြခန်း များမှ သိရသည်။

Singapore မှကားအရောင်းပြပွဲတစ်ခု

တပ်မတော် ခန်းမနှင့် MCC တို့ တွင် ဇွန် ၁ ရက်မှ ၄ ရက်နေ့အထိ တစ်ပြိုင်နက်တည်း ကားပြပွဲ ကျင်းပ ခဲ့ပြီး ယခင်လက ပြုလုပ်ခဲ့သော ကားပြပွဲထက် ယခု ပြပွဲတွင် မော် တော်ကား ဝယ်ယူသူ ပိုမိုများပြားခဲ့ ကြောင်း ရွှေဗဟိုကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ “နောက် တစ်လခွဲ နှစ်လလောက် ဆို ကားလေးတွေ ဈေးထပ်ကျမှာ။ ဒါကိုသိပေမယ့်လည်း မစောင့်ချင်တဲ့ သူတွေက ဈေးမတွက်ဘဲ ဝယ်ကြ တယ်”ဟု၎င်းက ထပ်မံပြောသည်။
ဝယ်ယူသူ အများစုသည် နိုင်ငံ ခြားမှလေလံကြည့်ကာ မှာယူ တင်သွင်းရသည်ထက် တင်သွင်းပြီး ကားများကို ဈေးပိုပေး၍ ဝယ်ယူ ရသည်ကို ပိုမို သဘောကျကြောင်း
ကားပြခန်းများက ပြောသည်။ Top Joy Trading ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက “မြန်မာနိုင်ငံ မှာကျပ်သိန်း ၁၀ဝ ကျော်ရှိရုံနဲ့ ကားသွင်း ကားစီးနိုင်တာကို သိစေ ချင်တယ်။ ကားလေးတွေပဲ အဓိက ထားရောင်းတဲ့အတွက် ကုန်သ လောက် ရောင်းရပါတယ်။ နောက် ထပ်အော်ဒါတွေလည်းထပ်ရတယ်” ဟု ပြောသည်။
ယခုလက်ရှိတွင် ၁၃၀ဝ စီစကားများဖြစ်သည့်Honda Fit, Toyota Vitz, Suzuki Swift, Toyota Poobox စသည့် ကားလေး များသည် ကျပ်သိန်း ၁၅၀ ဝန်းကျင် ခန့်သာရှိပြီး အပြင်ကားဈေးကွက် နှင့်လည်း ဈေးကွာခြားမှု အနည်း ငယ်သာရှိကြောင်း သိရသည်။
ပါမစ်မလိုသည့် ကားများ၏ ဈေးနှုန်းသည် လက်ရှိပေါက်ဈေး ထက် ကျပ်သိန်း ၂၀ နှင့် ၃၀ ခန့် သာ ကျဆင်းနိုင်ပြီး ၂၀၁၀ မော် ဒယ်လ်နှင့်အထက် ကားများသည် လက်ရှိ ဂျပန်တွင်ဈေးရှိနေသေး သည့်အတွက် ကျပ် သိန်း ၁၀ဝ အောက်သို့ရောက်ရှိရန်မှာ မဖြစ်နိုင် သေးကြောင်း ကားတင်သွင်းသူ များက ဆိုသည်။
 ပါမစ်မလိုဘဲ သွင်းခွင့်ရသည့်ကားများဝင်ရောက်ရန် လပိုင်းသာလိုတော့သော်လည်း ၁၃၀ဝစီစီ
အောက်ကားလေးများကို ဝယ်သူများနေဆဲဖြစ်ကြောင်း ကားအရောင်းပြခန်းများမှ သိရသည်။တပ်မတော်ခန်းမနှင့် MCC တို့     
တွင် ဇွန် ၁ ရက်မှ ၄ ရက်နေ့အထိ     
တစ်ပြိုင်နက်တည်း ကားပြပွဲ ကျင်းပ     
ခဲ့ပြီး ယခင်လက ပြုလုပ်ခဲ့သော     
ကားပြပွဲထက် ယခု ပြပွဲတွင် မော်     
တော်ကား ဝယ်ယူသူ ပိုမိုများပြားခဲ့     
ကြောင်း ရွှေဗဟိုကုမ္ပဏီမှ တာဝန်     
ရှိသူတစ်ဦးက ပြောသည်။     
“နောက်တစ်လခွဲနှစ်လလောက်     
ဆို ကားလေးတွေ ဈေးထပ်ကျမှာ။     
ဒါကိုသိပေမယ့်လည်း မစောင့်ချင်တဲ့     
သူတွေက ဈေးမတွက်ဘဲ ဝယ်ကြ     
တယ်”ဟု၎င်းက ထပ်မံပြောသည်။     
ဝယ်ယူသူအများစုသည် နိုင်ငံ     
ခြားမှလေလံကြည့်ကာ မှာယူ     
တင်သွင်းရသည်ထက် တင်သွင်းပြီး     
ကားများကို ဈေးပိုပေး၍ ဝယ်ယူ     
ရသည်ကို ပိုမိုသဘောကျကြောင်း     
ကားပြခန်းများက ပြောသည်။ Top Joy Trading ကုမ္ပဏီမှ     
တာဝန်ရှိသူတစ်ဦးက “မြန်မာနိုင်ငံ     
မှာကျပ်သိန်း ၁၀ဝ ကျော်ရှိရုံနဲ့     
ကားသွင်း ကားစီးနိုင်တာကို သိစေ     
ချင်တယ်။ ကားလေးတွေပဲ အဓိက     
ထားရောင်းတဲ့အတွက် ကုန်သ     
လောက် ရောင်းရပါတယ်။ နောက်     
ထပ်အော်ဒါတွေလည်းထပ်ရတယ်”    
ဟု ပြောသည်။     
ယခုလက်ရှိတွင် ၁၃၀ဝ စီစကားများဖြစ်သည့်Honda Fit,
Toyota Vitz, Suzuki Swift,
Toyota Poobox စသည့် ကားလေး     
များသည် ကျပ်သိန်း ၁၅၀ ဝန်းကျင်     
ခန့်သာရှိပြီး အပြင်ကားဈေးကွက်     
နှင့်လည်း ဈေးကွာခြားမှု အနည်း     
ငယ်သာရှိကြောင်း သိရသည်။     
ပါမစ်မလိုသည့် ကားများ၏     
ဈေးနှုန်းသည် လက်ရှိပေါက်ဈေး     
ထက် ကျပ်သိန်း ၂၀ နှင့် ၃၀ ခန့်     
သာ ကျဆင်းနိုင်ပြီး ၂၀၁၀ မော်     
ဒယ်လ်နှင့်အထက် ကားများသည်     
လက်ရှိ ဂျပန်တွင်ဈေးရှိနေသေး     
သည့်အတွက် ကျပ် သိန်း ၁၀ဝ     
အောက်သို့ရောက်ရှိရန်မှာ မဖြစ်နိုင်     
သေးကြောင်း ကားတင်သွင်းသူ     
များက ဆိုသည်။     
 


Popular News
source: Yoyarlay

No comments:

Post a Comment