အစိုးရ၀န်ထမ်းများအားလုံးအတွက် အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်မည့် စင်ကာပူ Local Housing ကဲ့သို့ တန်ဖိုးနည်းအိမ်ရာများကို မြန်မာတစ်နိုင်ငံလုံးတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ဆောက်လုပ်မည့် အစီအစဉ်ကို ယခုနှစ်အတွင်း စတင်သွားမည်ဖြစ်ပြီး ဦးစွာအနေ ဖြင့် ရန်ကုန်တွင် စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
“၁၅ နှစ်၊ နှစ် ၂၀ စသည်ဖြင့် အရစ်ကျစနစ်တွေနဲ့ ရောင်းချပေးသွားပါမယ်။ အဆင့်မြင့်တဲ့တန် ဖိုးနည်းအိမ်ရာတွေဖြစ်မှာပါ။ အသေးစိတ်တွေကို အခုထိ ဆွေးနွေးနေတုန်းပဲ။ ဒီနှစ်အတွင်းမှာ အကောင်အ ထည်ဖော်ဖြစ်မှာပါ”ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုအခါ ယင်းကဲ့သို့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ရန်ကုန်-ပဲခူးမြစ်ကမ်းတွင် ရတနာစီမံ ကိန်းအနေဖြင့် ဆောက်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။
“အိုးအိမ်ကပဲ ဦးစီးပြီးဆောက်မလား၊ ဘယ်ကုမ္ပဏိကို တာဝန်ယူပြီးဆောက်ခိုင်းမလဲဆိုတာ တော့ မသိသေးဘူး။ ဆွေးနွေးတိုင်ပင်နေတုန်းပဲ။ အသေးစိတ်ပြောဖိုတော့ အချိန်နည်းနည်း စောင့်ရဦးမယ်”ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။
မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ရာစီမံကိန်းများစွာကို တည် ဆောက်ထားပြီး လက်ရှိအချိန်တွင်လည်း ကမ်းသာယာ ကမာကြည်အိမ်ရာစီမံကိန်းအပိုင်း(၃)ကိုဆောက်လုပ် ရန် လုပ်ဆောင်နေကြောင်း သိရသည်။
“၀န်ထမ်းအတွက်ပဲ ဖြစ်ဖြစ်၊ သာမန်လူတန်းစားအတွက်ပဲဖြစ်ဖြစ် အိုးအိမ်အနေနဲ့ တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေကို တည်ဆောက်တဲ့အခါ တကယ်တန်ဖိုးနည်းပြီး ၀ယ်ယူနိုင်တဲ့အခြေအနေ ရှိနေဖို့လိုတယ် ပြည်သူတွေအတွက် ၀န်ထုတ်ဝန်ပိုးမဖြစ်ဖို့ အဓိကအရေးကြီးတယ်။ ဒီလိုဖြစ်ပါစေလို့ ဆုတောင်းပါတယ်”ဟု သာကေတ(၉)ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
source:Teashoptalk

No comments:
Post a Comment