19 September 2012

အင်တာနက်လိုင်း ကောင်းအောင်လုပ်ပေးမည်ဟု ဒုဝန်ကြီး ဦးသောင်းတင်ပြောကြား


အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆက် သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်ကပြောကြားသည်။

စက်တင်ဘာ ၁၄ ရက်တွင် ကျင်းပသော Developer Conference 2012 Yangon ဖွင့်ပွဲ၌ ဒုတိယ၀န်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၀န်ကြီးဌာနက အိုင်စီတီကဏ္ဍ၏ လိုအပ်ချက်များကို ပံ့ပိုး သွားမည်ဖြစ်ပြီး အဓိကအားဖြင့် အင်တာနက်လိုင်း ပြတ်တောက်မှု မဖြစ်စေရန်နှင့် ပြတ်တောက်ပါက အချိန်မီ ပြန်လည်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးမည်ဟု ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဆက်လက်ပြောကြားသည်။


“အရင်တုန်းက ၀န်ကြီးဌာနက လမ်းညွှန်မှုတွေပေးတာပါ။ လမ်းညွှန်မှုအတိုင်း လုပ်ငန်းတွေက လုပ်ဆောင်တာ။ အခုတော့ Industry ကနေပြီး ဘာလိုချင်သလဲ။ လိုအပ်တာတွေကို ကျွန်တော်တို့ဘက်က ပံ့ပိုးပေးမှာပါ။ သေချာတာကတော့ ၀န်ကြီးဌာနက အင်တာနက်ပံ့ပိုးပေးနိုင်မှာပါ။ အင်တာနက်ကလည်း ဈေးမ ကြီးဖို့ပါ” ဟု ဒုတိယ၀န်ကြီးက ဆက်လက်ပြောကြားသည်။

ပြည်တွင်းအိုင်စီတီကဏ္ဍ၏ လုပ်ထုံးလုပ်နည်းများကို လက်ရှိဆောင်ရွက်နေသည့် နည်းစနစ် နှင့် ပြောင်းပြန်ပြုလုပ်သွားမည်ဖြစ်ပြီး အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ၀န်ကြီးဌာနမှ တတ်နိုင်သမျှ ပံ့ပိုး သွားမည်ဟုလည်းဆိုသည်။

မြန်မာနိုင်ငံ၏ အင်တာနက်ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး ကွန်ပျူတာလုပ်ငန်းရှင်တစ်ဦးဖြစ် သူ ဦးရဲမြတ်သူက “ဘာနဲ့တူနေလဲဆိုရင် ကားတစ်စီးဝယ်ရင် ကားဘီး ၁၀ ဘီးအပိုဆောင်းထားတာနဲ့ တူနေ တယ်။ တစ်ဘီးပေါက်ရင် တစ်ဘီးဖြည့်မှာလား၊ တစ်ခါတည်းကောင်းအောင်လုပ်သင့်တယ်။ အရည်အသွေးကို ကောင်းအောင် အမြဲထိန်းချုပ်ရမှာ၊ အမြဲတမ်းမပြတ်ဘူးဆိုတာဖြစ်အောင် လုပ်သင့်တယ်”ဟု သုံးသပ်ပြောကြား သည်။

အင်တာနက်လိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်ပါက အရန်သင့်သုံးစွဲနိုင်ရန် အင်တာနက်လိုင်း များကို ပံ့ပိုးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၃ ဆီးဂိမ်းတွင်လည်း အင်တာနက်လိုင်းများ ကောင်းမွန်စွာ သုံးစွဲနိုင်ရန် ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။သို့သော် အင်တာနက်သုံးစွဲသူများကမူ လတ်တလော အင်တာနက်မှာ နှေးကွေးနေဆဲဟု ပြောသည်။ 
source: Teashop Talk

No comments:

Post a Comment