13 October 2012

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀တိုင် ညံ့ဖျင်းခဲ့သော ပညာရေးစနစ်အား အမြန်ဆုံး ပြောင်းလဲရန် လိုအပ်နေ


ရွှေရောင်တောက်ပခဲ့သော မြန်မာ့ပညာရေးကာလမှ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ပါသည်။

မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀တိုင် ညံ့ဖျင်းခဲ့သော ပညာရေးစနစ်အား အမြန်ဆုံး ပြောင်းလဲရန် လိုအပ်နေသဖြင့် ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တို ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။
"ကျွန်မတို့နိုင်ငံဟာ အခုအလုပ် အများကြီးလုပ်ရမယ့်အချိန် ဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုန်းကန်ခဲ့တာ နှစ် ၂၀ ကျော်ရှိပါပြီ။ ဒါပေမယ့် နှစ် ၂၀ ကျော်လည်း ကျွန်မတို့က အားလုံးသိတာလည်း မဟုတ်ဘူး။ အားလုံးမှန်တာလည်း မဟုတ်ဘူး။ အခု မှ အရင်တုန်းကထက်စာရင် ပိုပြီးလုပ်ပိုင် ခွင့်တွေရလာခဲ့တဲ့ နိုင်ငံရေးပါတီတစ်ခု အနေနဲ့ ပီပီပြင်ပြင်ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ဒီကြိုးစားနေတဲ့နေရာမှာ ကျွန်မတို့ဟာ မျိုးဆက်သစ်တွေ အများကြီး လိုပါတယ်။ မျိုးဆက်သစ်တွေ ရှာတဲ့နေရာမှာ ကျွန်မတို့နိုင်ငံရဲ့ အဓိက ပြဿနာတစ်ခုနဲ့  သွားသွားပြီး တိုးပါတယ်။ အဲဒီပြဿနာက ဘာလဲဆိုတော့ နှစ်ပေါင်း ၅၀ အင်မတန်မှ ညံ့ဖျင်းခဲ့တဲ့ ပညာရေးစနစ်ပဲဖြစ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
"နှစ်ပေါင်းများစွာ အင်မတန်မှ ညံ့ဖျင်းခဲ့တဲ့ ပညာရေးပြဿနာကြောင့် မျိုးဆက်သစ်တွေထဲမှာ လုပ်ကိုင်နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့သူ တွေ ရှားသွားပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူတွေ မတော်လို့ မဟုတ်ပါဘူး။ ဒီပညာရေးစနစ် ညံ့ဖျင်းလွန်းလို့ ဖြစ်ရတာပါ။ ဒါရဲ့ အကျိုးဆက်ကတော့ ကျန်ခဲ့တာပေါ့။ ဒီအကျိုးဆက်ကို ကျွန်မတို့ တတ်နိုင်သလောက် ပြုပြင်ဖို့၊ ရုန်းထွက်နိုင်ဖို့ ကျွန်မတို့ ကြိုးစားရပါမယ်။ အဲဒါကြောင့်မို့လို့ ကျွန်မ အမေရိကန်နိုင်ငံ ကို ခရီးထွက်တုန်းက ပထမအားဖြင့်တော့ စီးပွားရေး ပတ်သက်လို့ မှန်မှန်ကန်ကန် ရင်းနှီး မြှုပ်နှံဖို့၊ ချင့်ချင့်ချိန်ချိန် စဉ်းစားဖို့၊ အမြန်နှုန်း ကိုမကြည့်ဘဲ မှန်ကန်တဲ့ အလုပ်ကိုပဲ အားပေးဖို့ ကျွန်မ ပြောသွားပါတယ်"ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ကလေးတိုင်း ကျောင်းတက်နိုင် ရေးနှင့် အသက်မွေးဝမ်းကျာင်းများ မြို့အလိုက် ဖွင့်လှစ်ရန် စီစဉ် နေကြောင်း ပြောသည်။ 

12 October 2012

သာကေတ၌ မဂ္ဂါဝပ် ၅၀၀ ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု စတင်



                                                                  သဘာဝဓာတ်ငွေ့   ဓာတ်အားပေးစက်ရုံပုံစံငယ်တစ်ခု
 
ရန်ကုန်မြို့နှင့် သီလ၀ါစက်မှုဇုန်တို့သို့ ဓာတ်အားပေးရန် မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ် နိုင်မည့် သာကေတ
သဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်း စတင်
အကောင်အထည်ဖော်သည့် အခမ်း အနားကို အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင်
ကျင်းပခဲ့သည်။

ထိုစီမံကိန်းသည် မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သော သီလ၀ါ စက်မှုဇုန်သို့ ဓာတ်အား
ပေးရန် အဓိကရည်ရွယ်ပြီး အကောင်အထည် ဖော် တည်ဆောက်သွားမည်ဖြစ်သော် လည်း
ဓာတ်အားစနစ် ကွန်ရက်သို့လည်း ချိတ်ဆက် ဓာတ်အားပေးသွားမည်ဖြစ် သည်ဟု သိရသည်။

ထို့ပြင် စီမံကိန်းဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ပေးထားသည့် သဘာဝပတ်ဝန်းကျင်
မပျက်ယွင်းစေရန် ဆိုသည့် မူဝါဒကို အလေးအနက်ထား ဆောင်ရွက်ြကရမည်ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးဆုံး ဖြစ်တဲ့ မဂ္ဂါဝပ် ၅၀၀ သဘာဝဓာတ်ငွေ့နဲ့ စွန့်ပစ်အပူသုံး
ဓာတ်အားပေးစက်ရုံစီမံ ကိန်းကို သီလ၀ါစက်မှုဇုန်ကြီးမှာ စတင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ခဲ့ပါပြီ။
စီမံကိန်းလုပ်ဆောင်မယ့် ကာလအဆင့် လည်ပတ်မယ့်ကာလတွေကိုလည်း အမ် အိုအေ လတ်မှတ်
ရေးထိုးထားတဲ့အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ပါတယ်"ဟု လျှပ်စစ် စွမ်းအား
ဝန်ကြီး ဌာန၊ ၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် စိုးက ပြောသည်။

နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက် များကို ရေတို၊ ရေရှည်စီမံကိန်းများဖြင့် လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြော သည်။ မြန်မာနိုင်ငံ၏ တံခါးဖွင့်စီးပွားရေး စနစ်
စတင်ကျင့်သုံးချိန်တွင် ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံ၏ လျှပ်စစ် ကဏ္ဍတွင် မိတ်ဆွေကောင်း
ဖြစ်ကြောင်း၊ ကိုရီးယား မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် သီလ၀ါဇုန် ပေါ်ထွက်လာရေး အတွက်
မြန်မာ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြစ်ရာ ပြည်သူများအတွက်အလုပ်အကိုင်
အခွင့်အလမ်းများလည်း ပိုမိုတိုးတက်ရရှိ လာနိုင်မည်ဟု ၎င်းက ပြောသည်။

6 October 2012

ခေတ်မီရဲစခန်းများ ပေါ်ပေါက်လာရန် ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်

ရဲတပ်ဖွဲ့ဝင်များအား အဆောင်အယောင် အပြည့်ပေး၍ စွမ်းရည်မြှင့်တင်ပေးရန်နှင့် ခေတ်မီရဲစခန်းများ ပေါ်ပေါက်လာရန် ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် စတုတ္ထပုံမှန် အစည်းအဝေး တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင် များအားအသုံးအဆောင်ပစ္စည်း အ ပြည့်အဝပေးနိုင်ရေးတင်ပြမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ မှ ပြည်ထောင်စုအစိုးရသို့တင် ပြ သွားမည်ဖြစ်ပြီးလွှတ်တော်မှလည်း ပြည်ထောင်စုအစိုးရသို့တင်ပြပေး မှသာ အကောင်အထည်ဖော်နိုင် မည်ဟု ဝန်ကြီးချုပ်ကပြောသည်။

ရဲတပ်ဖွဲ့ဝင်များအတွက် ဘတ် ဂျက် သီးသန့်ရရှိခြင်းမဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနမှသာ ခွဲဝေ ရရှိခြင်းဖြစ်ကြောင်း ၂ဝ၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထဲရေးဝန် ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များအတွက် ဘတ်ဂျက် ၈ ဒသမ ၂ ဘီလီယံ ချထားပေးပြီး အဆိုပါငွေအား ရဲတပ်ဖွဲ့ဝင်များ၏ လစာ၊ ပြည်တွင်းခရီးစရိတ်၊ ရုံးအ သုံးအဆောင်များ၊ စက်ကိရိယာ များအတွက် အသုံးစရိတ်များ၊မော် တော်ယာဉ်စရိတ်များနှင့် အခြား စရိတ် အများအပြားကို ကျခံသုံးစွဲရ သည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။ နိုင်ငံတော်မှ ရဲတပ်ဖွဲ့ဝင်များ အား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးသင့်သကဲ့သို့ရဲတပ် ဖွဲ့ဝင်များ၏ အကျင့်ပျက်ခြစားမှု များ ပပျောက်ရန်လည်း လူ့အခွင့် အရေးဆိုင်ရာ သင်တန်းများ၊ လူ သားချင်း ညှာတာထောက်ထားမှု ဆိုင်ရာ သင်တန်းများကို ပို့ချပေး သင့်သည်ဟု လွှတ်တော်ကိုယ်စား လှယ်များကလည်း အထက်ပါ အ ဆိုနှင့်ပတ်သက်၍ ပါဝင်ဆွေးနွေး ခဲ့သည်။ အစိုးရသစ်လက်ထက် တွင် ပညာရေးအတွက် ဘတ်ဂျက် နှစ်ဆနှင့် ကျန်းမာရေးအတွက် ဘတ်ဂျက်လေးဆ တိုးမြှင့်ပေးခဲ့ပြီး ပြည်ထောင်စုအစိုးရမှ ခွင့်ပြုချက် ရရှိပါက ရဲတပ်ဖွဲ့ဝင်များအတွက် လည်း ဘတ်ဂျက်ငွေတိုးမြှင့်ပေး သွားမည်ဟု ဝန်ကြီးချုပ်ကထပ် လောင်း ပြောသည်။
ဝေမာထွန်း

Source: Popular Myanmar News