ရဲတပ်ဖွဲ့ဝင်များအား အဆောင်အယောင် အပြည့်ပေး၍ စွမ်းရည်မြှင့်တင်ပေးရန်နှင့်
ခေတ်မီရဲစခန်းများ ပေါ်ပေါက်လာရန် ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်ဟု
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက
ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော် စတုတ္ထပုံမှန် အစည်းအဝေး တွင်
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တရားဥပဒေစိုးမိုးရေး
ဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင် များအားအသုံးအဆောင်ပစ္စည်း အ
ပြည့်အဝပေးနိုင်ရေးတင်ပြမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ မှ
ပြည်ထောင်စုအစိုးရသို့တင် ပြ သွားမည်ဖြစ်ပြီးလွှတ်တော်မှလည်း
ပြည်ထောင်စုအစိုးရသို့တင်ပြပေး မှသာ အကောင်အထည်ဖော်နိုင် မည်ဟု
ဝန်ကြီးချုပ်ကပြောသည်။
ရဲတပ်ဖွဲ့ဝင်များအတွက် ဘတ် ဂျက်
သီးသန့်ရရှိခြင်းမဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနမှသာ ခွဲဝေ
ရရှိခြင်းဖြစ်ကြောင်း ၂ဝ၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထဲရေးဝန် ကြီးဌာနမှ
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များအတွက် ဘတ်ဂျက် ၈ ဒသမ ၂ ဘီလီယံ
ချထားပေးပြီး အဆိုပါငွေအား ရဲတပ်ဖွဲ့ဝင်များ၏ လစာ၊ ပြည်တွင်းခရီးစရိတ်၊
ရုံးအ သုံးအဆောင်များ၊ စက်ကိရိယာ များအတွက် အသုံးစရိတ်များ၊မော်
တော်ယာဉ်စရိတ်များနှင့် အခြား စရိတ် အများအပြားကို ကျခံသုံးစွဲရ သည်ဟု
လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက
ပြောသည်။ နိုင်ငံတော်မှ ရဲတပ်ဖွဲ့ဝင်များ အား အသုံးအဆောင်ပစ္စည်းများ
ထောက်ပံ့ပေးသင့်သကဲ့သို့ရဲတပ် ဖွဲ့ဝင်များ၏ အကျင့်ပျက်ခြစားမှု များ
ပပျောက်ရန်လည်း လူ့အခွင့် အရေးဆိုင်ရာ သင်တန်းများ၊ လူ သားချင်း
ညှာတာထောက်ထားမှု ဆိုင်ရာ သင်တန်းများကို ပို့ချပေး သင့်သည်ဟု
လွှတ်တော်ကိုယ်စား လှယ်များကလည်း အထက်ပါ အ ဆိုနှင့်ပတ်သက်၍ ပါဝင်ဆွေးနွေး
ခဲ့သည်။ အစိုးရသစ်လက်ထက် တွင် ပညာရေးအတွက် ဘတ်ဂျက် နှစ်ဆနှင့်
ကျန်းမာရေးအတွက် ဘတ်ဂျက်လေးဆ တိုးမြှင့်ပေးခဲ့ပြီး ပြည်ထောင်စုအစိုးရမှ
ခွင့်ပြုချက် ရရှိပါက ရဲတပ်ဖွဲ့ဝင်များအတွက် လည်း ဘတ်ဂျက်ငွေတိုးမြှင့်ပေး
သွားမည်ဟု ဝန်ကြီးချုပ်ကထပ် လောင်း ပြောသည်။
ဝေမာထွန်း
Source: Popular Myanmar News

No comments:
Post a Comment