28 September 2011

ဒေါ်လာ ဈေးနှုန်း ပြန်လည်မြင့်တက် လာသည့် နောက်ပိုင်းတွင် အခြေခံစားသောက် ကုန်အချို့၏ ဈေးနှုန်းများပါ မြင့်တက်မှုရှိလာ

အခြေခံ စားသောက်ကုန်အချို့ ဈေးနှုန်းများ မြင့်တက်သည်ဆိုရာတွင် နေ့စဉ် မဖြစ်မနေစားသုံးရသည့် ဆန်နှင့် ဟင်းချက်ရာတွင် မပါမဖြစ်သလောက် နီးပါး ထည့်ဝင်အသုံးပြုရသည့် ကြက်သွန်တို့၏ ဈေးနှုန်းများ မှာ သိသာစွာမြင့်တက်နေခြင်း ဖြစ်သည်။ ဈေးကွက်အတွင်းရှိ ဆန် အရောင်းဈေးကွက်တွင် ဆန်ချောနှင့် ဆန်ကြမ်း အမျိုးအစားနှစ်မျိုးရှိသည့် အနက် ဆန်ကြမ်း အမျိုးအစားများမှာ ပြည်ပအ၀ယ်လိုက်မှုကြောင့် သြဂုတ်လလယ်ပိုင်းမှစ၍ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကာ ဆန်ချောအမျိုးအစား များမှာမူ ထွက်ရှိရာဒေသများတွင် လက်ကျန် နည်းပါးလာခြင်းကြောင့် စက်တင်ဘာ လလယ်ပိုင်းမှစ၍ ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်သည်
   ယခင်က တစ်ပိဿာလျှင် ကျပ် ၆၀၀ မှ ကျပ် ၈၀၀ အတွင်းရှိသည့် ကြက်သွန်နီမှာ ယခုလက်ရှိတွင်မူ တစ်ပိဿာလျှင်ကျပ် ၇၀၀ မှကျပ် ၁၂၀၀ အတွင်း ရောင်းချ

No comments:

Post a Comment