20 September 2011

CAR

ယာဉ်တစ်စီးတင်သွင်းခွင့် အတွက် ကျပ်သိန်း ၂၀ဝ၀ အထိ အမြင့်ဆုံးဈေး   ဖြစ်ပေါ်ခဲ့ဖူးသော   မော်တော်ယာဉ် တင်သွင်းစီးနင်းခွင့်များကို   နိုင်ငံခြားငွေ လက်ဝယ်ရှိသူ အခွန်ထမ်းနိုင်ငံသားများအား ဥပဒေနှင့်အညီ   ကျောသားဗရင်သား   မခွဲခြားဘဲ တင်သွင်းခွင့်ပြုရန်   နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရသစ်က ဆုံးဖြတ်ခဲ့ရာ ပြည်သူလူထုမှာ မည်သို့မျှ မယုံကြည်ရဲအောင် အံ့အား သင့်သွားခဲ့ကြသည်ကို   တွေ့ခဲ့ရသည်။ 
စက်တင်ဘာလ ၁၀ ရက်နေ့တွင် အစိုးရသစ်မှ ဆုံးဖြတ်ခဲ့သော မော်တော်ယာဉ် တင်သွင်းခွင့်များတွင် အပိုင်းနှစ်ပိုင်း ပါရှိခဲ့သည်ကို တွေ့ရသည်။ အဓိကအချက်မှာ အမေရိကန်ဒေါ်လာ ဝယ်လိုအားကို မြန်မာနိုင်ငံတွင် လိုအပ်ချက်ကြီး ဖြစ်နေသော သွင်းကုန်ဖြစ်သည့် မော်တော်ယာဉ်များ တင်သွင်းခွင့်နှင့် သွယ်ဝိုက်ဖန်တီးကာ ကျပ်ငွေနှင့် ဖလှယ် သည့်နှုန်းထားကို ပို့ကုန်လုပ်ငန်းများ မထိခိုက်စေမည့် ဈေးနှုန်းဝန်းကျင်သို့ ပို့ဆောင်ပေးရန်၊ ပြည်သူလူထုထံတွင် မလိုအပ်ဘဲ ဖြစ်ပေါ်နေသည့် သယ်ယူ ပို့ဆောင်ခ ဝန်ထုပ်ဝန်ပိုးများ (Transaction Cost) ဖြတ်တောက်ပေးရန်ဖြစ် ကြောင်း 

No comments:

Post a Comment