ဂျပန် အသက်အာမခံ ကုမ္ပဏီတစ်ခုမှ ယခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ရန်စီစဉ်နေကြောင်း Myanmar Polesta ကုမ္ပဏီ MD ဖြစ်သူ ဦးကျော်မင်းထွန်းက ပြောကြားသည်။ သူတို့က မြန်မာ့အာမခံလုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ ရင်းနှီးမြှုပ်နှံတဲ့ သဘောပါ။ ရုံးခန်း ဖွင့်တာတော့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ လုပ်မယ်လို့သိထားတယ်။
၁၂ လပိုင်းမှာ စတင်မှာပါ ဟု ယင်းပုဂ္ဂိုလ်က ဆိုသည်။ယင်းကုမ္ပဏီအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းနှင့်ချိတ်ဆက်ကာ အသက်အာမခံ ထားနိုင်ရန် ဆောင် ရွက်မည်ဖြစ်သည်။ မြန်မာ့အာမခံလုပ်ငန်းတွင် ပြည်သူ့ဝန်ထမ်း အသက်အာမခံ၊ တပ်မတော်သား ဝန်ထမ်း အသက်အာမခံ၊ ပြည်သူ ပြည်သား အသက်အာမခံ၊ စုပေါင်း အသက်အာမခံ၊ သင်္ဘောသား အသက်အာမခံ၊ တရားဝင်ပြည်ပလုပ်သား အသက်အာမခံ၊ မြွေအန္တရာယ် အသက်အာမခံ၊ အားကစားသမား အသက်အာမခံများကို ထားရှိနိုင်သည်။
source: Yoyarlay
No comments:
Post a Comment