15 November 2011

ဧရာဝတီတိုင်း ဒေသကြီး ရေငန်တားတမံ စီမံကိန်းရေးဆွဲမှု ကန်ဒေါ်လာ ၄မီလျံ အကုန်အကျခံ၍ ဂျပန် တည်ဆောက်မည်

ဂျပန်၏နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုဖြင့် တည်ဆောက်မည့် လပွတ္တာမြို့ရှိ ရေငန်တားတမံ တည်ဆောက်ရေး ရှေ့ပြေးစီမံကိန်းအား လာမည့် ၂ဝ၁၁ ဧပြီတွင် အပြီးသတ် ဆောင်ရွက်မည်ဟု ၄င်းစီမံကိန်း အဖွဲ့ခေါင်းဆောင် Mr. Shunichi  HOSONO က ပေါ်ပြူလာနယူးစ် သို့ ပြောသည်။ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာ ဝတီတိုင်းဒေသကြီးအား ဒီရေလှိုင်း ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ရေငန်တားတမံ ၃၄ ခုကို ဂျပန်- မြန်မာပူးပေါင်း၍ Master  Plan ရေးဆွဲလျက်ရှိရာ ၄င်းစီမံကိန်းထဲမှ လပွတ္တာမြို့ မြောက်ကျွန်း၌ ၃၉ ကီ လိုမီတာကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထိုစီမံကိန်းတွင် ၉ ကီလို မီတာကို ပုဂ္ဂလိကလုပ်ငန်းရှင်များ အားတင်ဒါခေါ်ယူစေ၍ လုပ်ကိုင်ခွင့် ချပေးခဲ့ပြီး ကျန် ၃ဝ ကီလိုမီတာကို ဂျပန်ပညာရှင်များက ဆည်မြောင်း ဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်မည်ဟု သိရသည်။ ”အရင်စမ်းသပ် လုပ်ကိုင်ခဲ့တဲ့ တစ်ကီလိုမီတာလုပ်တဲ့ နည်းပညာ  ၆ မျိုးထဲက ၂ မျိုးကို အသုံးပြုပြီး တည်ဆောက်သွားမှာပါ။ လုပ်ခွင့်ရရှိတဲ့ ကုမ္ပဏီက မြေသားတားတမံ လုပ်ငန်းအတွေ့အကြုံရှိတဲ့ စမ်းသပ်တမံတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီပါ။ တင်ဒါဈေးအနည်းဆုံး တင်နိုင် လို့ အဲဒီကုမ္ပဏီကရရှိခဲ့တာပါ။ ဆောင်ရွက်မှုကို ကြီးကြပ်တာ၊ စောင့်ကြည့်တာကိုတော့ စီမံကိန်း အဖွဲ့ကဆောင်ရွက်မှာပါ”ဟုစီမံကိန်း အဖွဲ့ခေါင်းဆောင်က ပြောသည်။ ထိုကဲ့သို့ ရှေ့ပြေးစီမံကိန်း ဆောင်ရွက်ရာတွင် မြစ်အား မျက်နှာချင်း မဆိုင်သည့်နေရာများ၊ ကုန်းတွင်းပိုင်း ကျသည့်အပိုင်းများကို ချန် လှပ်ထားခဲ့မည်ဖြစ်ပြီး အဓိကကျသည့် အပိုင်းများကိုသာ ဆောင်ရွက်မည်ဟု သိရသည်။ ရေငန်တားတမံ တည်ဆောက်ရာတွင် ယခင်ထက် ငါးပေထပ်ပိုးကာ အမြင့် ဆယ့်နှစ်ပေခန့်တည်ဆောက်မည်ဖြစ်သည်။ ၄င်းရေငန်တားတမံသည် နှစ်ပေါင်း  ၅ဝ ထိ ခံနိုင်ရည်ရှိမည် ဟုဆိုသည်။ ”စီမံကိန်းတစ်ခုလုံးက ၂ဝ၁၁ အောက်တိုဘာမှာ ပြီးဆုံးမယ်။ ရှေ့ပြေးစီမံကိန်းကတော့ ဒီနှစ် အောက်တိုဘာ ၁ ရက်ကနေ စပြီးလာမယ့် ဧပြီမှပြီးမှာပါ။ ဒီရှေ့ပြေးစီမံကိန်းထဲမှာ ပျက်စီးနေတဲ့ ရေတံခါး ၆၈ ခု ကိုပါတစ်ပါတည်းတမံတည်ဆောက်ရင်း  ထည့်သွင်းပြင်ဆင်သွားမှာပါ။ ဒီ ရှေ့ပြေးစီမံကိန်းကရလာတဲ့ အချက်အလက်တွေကို အခြေခံပြီး Master  Plan  ဆက်ရေးဖို့ရှိတယ်။ ဒီ စီမံကိန်းကြီးတစ်ခုလုံးအတွက် ကုန်ကျငွေကို ကန်ဒေါ်လာ ၄ မီလျံ လောက်ကုန်ကျမယ်လို့ ခန့်မှန်းထား ပါတယ်” ဟု Mr. Shunichi  HOSONOက ပြောကြားခဲ့သည်။ဂျပန်အစိုးရသည် တမံတည်ဆောက်ခြင်း၊ လေကာဒီရေတော ပြန်လည်တည်ဆောက်ခြင်း၊ မျိုးစပါး၊ မျိုးကောင်းမျိုးသန့်ရရှိရေး အကောင်အထည်ဖော်သည့် စီမံကိန်းနှင့် ဝင်ငွေတိုးတက်ရရှိရေးစီမံကိန်း တို့ကို ရှေ့ပြေးစီမံကိန်းအဖြစ် ဧရာ ဝတီတိုင်းဒေသကြီး၌ ဆောင်ရွက် လျက်ရှိရာတွင် ရေငန်တားတမံ တည်ဆောက်ရေးသည် အဓိက စီမံ ကိန်းအဖြစ် ပါဝင်ကြောင်း သိရ သည်။ ၄င်းရှေ့ပြေးစီမံကိန်းများကို မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၊ ဆည်မြောင်း ဦးစီးဌာန၊ စိုက်ပျိုးရေးနှင့် စီမံ ကိန်း ဦးစီးဌာနတို့ဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ လွန် ခဲ့သည့် ၁၉၇၈ကပင် ကမ္ဘာ့ဘဏ်၏ ကူညီထောက်ပံ့မှုဖြင့် ရေငန်တား တမံများကို ဂျပန်အစိုးရမှပညာရှင်များက တည်ဆောက်ခဲ့သည်။ သို့သော် ၂ဝဝ၈ နာဂစ်မုန်တိုင်း တိုက်ခတ်ရာတွင် ၄င်းရေငန်တား တမံများကိုကျော်၍ ဒီရေလှိုင်းများ ဝင်ရောက်ခဲ့ရာ စိုက်ပျိုးမြေများ၊လူနေ အိမ်များအများအပြားပျက်စီးခဲ့သည်။

source:Popular

No comments:

Post a Comment