ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် နိုဝင်ဘာလ ၄ရက်နေ့ညနေ သုံးနာရီလေးဆယ့်ငါးအချိန်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပသို့မထွက်ခွာမီ ဗီဂျေးနမ်ဘီယာ၏ မြန်မာနိုင်ငံအပေါ်သုံးသပ်ချက်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလဲပွဲတွင်လည်း မြန်မာနိုင်ငံဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် ကုလသမဂ္ဂမှ မြန်မာနိုင်ငံအပေါ်ဆောင်ရွက်ချက်များ၏ အမြင်များကိုလည်း ပြောကြားသွားခဲ့သည်။
`ပြောင်းလဲလာတဲ့အခြေအနေကိုတွ့ကို ကျေနပ်မိကြောင်း၊ မြန်မာပြည်ကို ဆက်လျက်ပြီး အကူအညီပေးသွားပါမယ်` ဟု ဗီဂျေးနမ်ဘီယာက ပြောသည်။
အဆိုပါ ဗီဂျေးနမ်ဘီယာသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ပထမနေ့တွင် နေပြည်တော်သို့သွားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အခြားသော ၀န်ကြီးဌာနများမှ ၀န်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ဗီဂျေးနမ်ဘီယာသည် ၂၀၁၀ပြည့်နှစ်တွင်မှ ကုလသမဂ္ဂအတွင်းရေးမှူး၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် စတင်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုမြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် တတိယအကြိမ်မြောက်ဖြစ်သည်။
www.yangon.unic.org
No comments:
Post a Comment