29 February 2012
မြ၀တီ-သင်္ကန်းညီနောင်၊ ကော့ကရိတ် ဒုတိယမြေပြန့်လမ်းသစ်ကို ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ မကြာမီရက်ပိုင်း၌ စတင်တည် ဆောက်တော့မည်
အရှေ့အာရှ စီးပွားရေးစင်္ကြံ၏ အဓိကလမ်းအစိတ်အပိုင်းဖြစ်သော မြ၀တီ-သင်္ကန်းညီနောင်၊ ကော့ကရိတ် ဒုတိယမြေပြန့်လမ်းသစ်ကို ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ ရက်ပေါင်း ၈၄၀ အတွင်း အပြီး တည်ဆောက်ဖောက်လုပ်ရန်နှင့် မကြာမီရက်ပိုင်း၌ စတင်တည် ဆောက်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆောက်လုပ်ရေးဌာနမှ သိရှိရသည်။
''See Sang ကုမ္ပဏီကမကြာခင် ရောက်လာတော့မှာပါ။ ကုမ္ပဏီအနေနဲ့ လက်ရှိတံတားဟောင်း ကြံ့ခိုင်မှုအပိုင်း၊ မြ၀တီ-သင်္ကန်းညီ နောင်လမ်းပိုင်း၊ ဒုတိယလမ်းသစ်ရယ်ကို အရင်ဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်''ဟု ပြည်သူ့ဆောက်လုပ်ရေး မြို့နယ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နယ်စပ်မြ၀တီမြိုမှ လက်ရှိသွားလာနေသော သင်္ကန်းညီနောင်-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှလမ်းပိုင်းမှာ ခရီးမိုင် ၃၀ ရှိပြီး ယခုဖောက်လုပ်မည့် ဒုတိယလမ်းမှာ ၁၈ မိုင်၊ ၂၈ ဒသမ ၆၀၇ ကီလိုမီတာ ရှည်လျားကြောင်း၊
Mobile Network Optimization လုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတကာလုပ်ငန်းရှင်များမှ ကမ်းလှမ်းမှုများရှိနေ
တယ်လီဖုန်းဆက်သွယ်မှုလိုင်းများ အဆင်ပြေရန် ဆောင်ရွက်ပေးသည့် Mobile Network Optimization လုပ်ငန်း ဆောင်ရွက်ရန် နိုင်ငံတကာလုပ်ငန်းရှင်များမှ ကမ်းလှမ်းမှုများရှိနေပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စိစစ်လက်ခံသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
တယ်လီဖုန်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဖုန်းလိုင်းကျပ်သည့် ပြဿနာများ ဖြေရှင်းပေးနိုင်မည့် Mobile Network Optimization လုပ်ငန်းကို အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အစ္စရေးလ်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိုင်ယာလန်နိုင်ငံတို့မှ လုပ်ငန်းရှင်များက

28 February 2012
ဒီမိုကရေစီ ၊ ဖက်ဒရယ်နှင့် မြန်မာ့သဘာဝသယံဇာတ ကျိန်စာ
လွန်ခဲ့တဲ့ ခြောက်လ လောက်ကစပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲက ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်ကို ရောက်လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ ပထ၀ီဝင် အနေအထား၊ အမေရိကန်ရဲ့ မဟာဗျူဟာ ပြောင်းလဲမှုနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကလည်း တိုက်ဆိုင်နေသလို ဖြစ်နေပါတယ်။ ၂၁ ရာစုဟာ အမေရိကန်က ပစိဖိတ်ဒေသ စိုးမိုးရေး ဖြစ်ကြောင့် တရားဝင် ကြေငြာထားပြီး ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မြန်မာ့နိုင်ငံရေး ရေချိန်ကလည်း မြင့်လာနေပါတယ်။ အတိုက်အခံနှင့် လက်ရှိ အုပ်ချုပ်သူတို့ရဲ့ ပြိုင်ပွဲကို ကြည့်ရင်း အနာဂတ်မြန်မာ့နိုင်ငံရေး အခြေအနေကို ခန့်မှန်းတွက် ချက်မှုများလည်း ရှိနေတာကို တွေ့ရပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းက ရွေးကောက်ပွဲအခြေခံ နိုင်ငံရေး (သို့) ဒီထက်ရှုပ်ထွေးနက်နဲမှု ရှိသလားဆိုတာ ဆန်းစစ်ရမယ့် အချိန်ရောက်နေပြီပါပြီ။
အတိတ်ကာလ မြန်မာ့နိုင်ငံရေး
အတိတ်ကာလ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို သုံးသပ်မယ်ဆိုရင် အမြင်နှစ်ခုနဲ့ချဉ်းကပ်ရပါမယ်။ ၁၉၄၈ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး ရေစီးကြောင်း နှစ်ခု ဖြစ်ပ်ါခဲ့ပါတယ်။ ပထမအမြင်ကတော့ လက်ဝဲ၀ါဒရေးရာ အခြေခံတဲ့ အမျိုးသား စည်းလုံးရေးအမြင် လို့ပြောရပါမယ်။ ဒုတိယ အမြင်က ဒီမိုကရေစီ အခြေခံ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ရေး ဖြစ်ပါတယ်။

26 February 2012
ဟားဗတ် တက္ကသိုလ်မှ မြန်မာနိုင်ငံတွင် ဆေးပညာ သင်ကြားပေးနိုင်ရန်ပထမအဆင့် လာရောက် တွေ့ဆုံ ဆွေးနွေး
ဟားဗတ် တက္ကသိုလ်မှ မြန်မာနိုင်ငံတွင် ဆေးပညာ သင်ကြားပေးနိုင်ရန်နှင့် ဆေးကောလိပ် (သို့မဟုတ်) ဆေးတက္ကသိုလ် ဖွင့်လှစ်နိုင်ရန် အတွက် ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ပညာရှင်များနှင့် ဇန်န၀ါရီ လကုန်ပိုင်းက ပထမအဆင့် လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သည့် ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင်ခင်က ပြောကြားပါသည်။
ဟားဗတ် တက္ကသိုလ်
ယင်းကဲ့သို့ လာရောက်ရာတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ ဘတ်ဂျက်ရရှိမှုနှင့် စီမံခန့်ခွဲမှုပုံစံ၊ ကျန်းမာရေး ပညာရှင်များ၏ အရည်အသွေး၊ အစိုးရနှင့် ပုဂ္ဂလိက ဆေးရုံဆေးခန်း များ၏ အခြေအနေ၊ ဆေးတက္ကသိုလ် ကျောင်းများ၏ အရည်အသွေး စသည်တို့ကို အဓိကထား ဆွေးနွေးလေ့လာ သွားကြောင်း သိရပါသည်။
အဆိုပါ ဟားဗတ်တက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ မှ ကြားခံအဖွဲ့တစ်ခုနှင့် ဆက်သွယ် ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါအဖွဲ့၏ စီစဉ်မှုဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့် တွေ့ဆုံခဲ့ကာ ဆေးပညာ သင်ကြားပေးနိုင်ရန်နှင့်

21 February 2012
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသလောက် ငါးမျိုးပြုန်းတီးလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေ
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းပိုက်များပြောင်းလဲကာ ငါးဖမ်းဆီးမှုကြောင့် ငါးသယံဇာတများ ပြုန်းတီးမှုနှင့်အတူ ငါးသလောက် ငါးမျိုးပြုန်းတီးလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
''အရင်တုန်းကဆိုရင် ရေပေါ်ငါးမျိုးဖြစ်တဲ့ ငါးသလောက်ကို ၄ ဒသမ ၃ လက်မ အရွယ်ရှိတဲ့ ပိုက်ကွက်တွေနဲ့သာ ဖမ်းတာကြောင့် အရွယ်ရောက်ပြီးတဲ့ ငါးသလောက်တွေကို သာဖမ်းမိပြီး အကောင်ပေါက်တွေကတော့ လွတ်မြောက်သွားနိုင်ပါတယ်။ အခုဖမ်းနေတဲ့ ပိုက်ဖြစ်တဲ့ ၀ိုင်းချုပ်ပိုက်ဆိုရင် အရွယ်အစားက တစ်လက်မခန့်လောက် ရှိပါတယ်။ ဒီတော့ ဖမ်းတဲ့နေရာမှာ ငါးအကောင် ပေါက်လေးတွေပါ ဖမ်းမိတဲ့ထဲ ပါကုန်ပါတယ်။ ငါးသလောက်ငါးမျိုးဆို အခုဆိုရင် တဖြည်းဖြည်း ရှားပါးလာပြီး အခြေအနေ တော်တော်ဆိုးနေပါပြီ''ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယခင်က ၀ိုင်းပိုက်ဖြင့် ငါးသလောက်ဖမ်းဆီးရာတွင် သင်္ဘော ၅ စီး၊ ၆ စီးခန့်နှင့်သာ ဖမ်းဆီးခြင်းဖြစ်ပြီး ယခုဖမ်းဆီးနေသည့် ပိုက်ဖြစ်သည့် ၀ိုင်းချုပ်ပိုက်ဖြင့် ဖမ်းဆီးရာတွင် သင်္ဘောမှာ အစီး ၆၀၊ ၇၀ လောက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ ဖမ်းဆီး မှုများကြောင့် ငါးသလောက်တင်မကဘဲ အခြားရေပေါ်ငါးများဖြစ်သည့် ပလာတူးငါး၊ ပလာတန်းငါး၊ ပြည်တော်သာကဲ့သို့ ငါးမျိုးများပါ ငါးသယံဇာတကျသွားမည့် အနေအထားမျိုးတွင် ရှိနေကြောင်းကိုလည်း သိရှိရသည်။
source: Eleven Media

17 February 2012
အလုပ်အကိုင် ဖန်တီးရေး ကုလအကြံပေး တိုက်တွန်း
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အသစ်တွေ လုပ်ဆောင်နေရာမှာ နိုင်ငံသားတွေ အကျိုးကျေးဇူး ခံစားကြရဖို့အတွက် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံအတွင်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး ကဏ္ဍတွေ တိုးတက်အောင် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ၅ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား ဟာ သူ့ရဲ့ခရီးစဉ် အဆုံးသတ်မှာ အခုလို တောင်းဆို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ပြုပြင် ပြောင်းလဲမှုတွေဟာ မကြုံစဖူး ထူးထူးခြားခြား ဖြစ်ပေါ်နေပြီး ချီးကျူးတဲ့အကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ကျန်းမာရေး၊ ပညာရေး အလုပ်အကိုင်တွေ ဖန်တီးပေးရေး ကိစ္စတွေဟာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဗဟိုအစိုးရ အနေနဲ့ရော ဒေသအစိုးရတွေ အတွက်ပါ အရေးတယူ ဆောင်ရွက်ပေးရမယ့် အဓိက ကိစ္စတွေ ဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

source: VOA
16 February 2012
အင်းလေးကန် ထိန်းသိမ်းရေး နှစ်နှစ်စီမံမံကိန်း
အင်းလေးကန် ရေရှည်တည်တံ့ရေး အတွက် ထိန်းသိမ်းရေးလုပ်ငန်းများကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(ယူအင်န်ဒီပီ)ကဦးဆောင်ကာ ဒေသခံများ၊ ပြည်တွင်းအင်န်ဂျီအိုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။အဆိုပါထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် နော်ဝေနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာနှစ်သန်းခန့်ပံ့ပိုးပေးပြီးယူအင်န်ဒီပီက ဒေါ်လာ ခြောက်သိန်း ထပ်ဆောင်းကာစုစုပေါင်းအမေရိကန်ဒေါ်လာ နှစ်သန်းခြောက်သိန်းဖြင့် နှစ်နှစ်စီမံမံကိန်း (၂၀၁၂-၁၃) ချမှတ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပုံစံပြောင်းသွားသော ရှမ်းပြည်နယ်မှ အင်းလေးကန် (Weekly Eleven Journal)
အင်းလေးကန်အတွင်း စီးဝင်သော ချောင်း ၂၉ ချောင်းရှိရာ ယခုစီမံကိန်းမှာ ကလောချောင်းနှင့် ယင်း၏ ရေဝေရေလဲ ဧရိယာထိန်း သိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။
ကလောချောင်းသည် အင်းလေး ကန် အတွင်းသို့အနောက်ဘက်မှ စီးဝင်သော ချောင်းတွင်ပါဝင်ပြီး ဧရိယာစတုရန်း မိုင်၂၅၆ မိုင် ကျယ်ဝန်းကာ သစ်တော ပြုန်းတီးမှုများသောကြောင့် နှစ်စဉ် နှုန်းပို့ချမှု၊ ရေတိုက်စားမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုပိုမိုများပြားခြင်းတို့ကြောင့်ပထမဦးစားပေးအဖြစ်ထိန်းသိမ်းခြင်းဖြစ်သည်။စီမံကိန်းလုပ်ငန်းများသည်သဘာဝ ရေဝေရေလဲဒေသများကိုထိန်းသိမ်းခြင်း၊ ဒေသအစုအဖွဲ့ပိုင်သစ်တောနှင့်သီးနှံရောနှောတော ပြန်လည်ထူထောင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီ သောစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေကောင်း ရေသန့် ရရှိရေး၊ သုတေသနနှင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အင်းလေး ကန်ထိန်းသိမ်းရေး လုပ်ငန်းများဆိုင်ရာ ဒေသအဆင့်၊ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း တို့ကို ဆောင်ရွက်ရန်လျာထားကြောင်း

15 February 2012
ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး လုပ်ကွက် တခုအဖြစ်သာ မရှုမြင်ရန် ပြောဆို
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး လုပ်ကွက် တခုအဖြစ်သာ မရှုမြင်ရန် ပြောဆိုလိုက်သည်.
“မြန်မာနိုင်ငံဟာ ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းနေရချိန်ဖြစ်တာမို့ တရုတ်ပြည်သူတွေ အနေနဲ့ ကျမတို့ကို ပိုပြီး နားလည်မှုပေးနိုင်ဖို့၊ နောက်ပြီး ကျမတို့နိုင်ငံကို စီးပွားရေး အခွင့်အလမ်းတခုအနေနဲ့ပဲ မမြင်ဖို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင် ပြောဆိုသည်။
Southern People Weekly မဂ္ဂဇင်း မျက်နှာဖုံး
တရုတ်နိုင်ငံ Guangdong အခြေစိုက် Southern People Weekly မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။“မြန်မာနိုင်ငံဟာ ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းနေရချိန်ဖြစ်တာမို့ တရုတ်ပြည်သူတွေ အနေနဲ့ ကျမတို့ကို ပိုပြီး နားလည်မှုပေးနိုင်ဖို့၊ နောက်ပြီး ကျမတို့နိုင်ငံကို စီးပွားရေး အခွင့်အလမ်းတခုအနေနဲ့ပဲ မမြင်ဖို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင် ပြောဆိုသည်။
14 February 2012
ကရင်ပြည်နယ် ခနောက်စိမ်းတူး ကုမ္ပဏီအချို့ ရပ်နားထားရ
အကျိုးအမြတ် တွက်ခြေမကိုက်သဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ခနောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီ ၃ ခုထက်မနည်း ရပ်နားထားရကြောင်း ကုမ္ပဏီ အသိုင်းအဝိုင်းက ပြောသည်။
ခနောက်စိမ်းဈေး ကျဆင်းခြင်းနှင့် အကောက်အခွန် ပေးဆောင်ရမှု များခြင်းကြောင့် သပြုသတ္ထုမိုင်းအတွင်း တူးဖော်နေသည့် နဝရတ်၊ အောင်မြေ၊ မြပန်း၊ ထူးအောင်မြတ်၊ သုဇနပွင့် စသည့် ကုမ္ပဏီများအနက် ယခုနှစ်တွင် နဝရတ်နှင့် အောင်မြေ ကုမ္ပဏီ နှစ်ခုသာ ဆက်လက်တူးဖော်ကြပြီး ကျန်ကုမ္ပဏီများ ရပ်နားထားရသည်။
“ခဲ (ဒေသအခေါ်) ဈေးက အရမ်းကျနေတယ် ဆိုတော့ တူးခွင့်ရဖို့ ပေးရတာနဲ့ မကိုက်ဘူး။ ကုမ္ပဏီကြီးတွေတော့ ဆက်တူးနိုင်တယ်။

12 February 2012
စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး စွန့်စား လုပ်ဆောင်ဖို့လို
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုတွေအပေါ် တန်းတူညီမျှတဲ့ ခံစားခွင့်ရှိဖို့သလို ပြုပြင် ပြောင်းလဲရေးတွေကို စွန့်စားပြီးလုပ်ဖို့ လိုမယ်လို့ ထင်ရှားတဲ့ စီးပွားရေးပညာရှင်တွေက ထောက်ပြလိုက်ကြပါတယ်။ မနေ့က ရန်ကုန်မှာ “စီးပွားရေး ဖွံ့ဖြိုးမှု မဟာဗျူဟာနဲ့ မြန်မာနိုင်ငံ၏ ရှေ့အလားအလာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ စီးပွားရေးဆိုင်ရာ ဟောပြောပွဲတွင်း စီးပွားရေး ပညာရှင်တွေက အခုလို ပြောလိုက်ကြတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက် စနေနေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ စီပွားရေး ပညာရပ်ဆိုင်ရာ ဟောပြောပွဲမှာ စီးပွားရေး နိုဘဲလ်ဆုရ ဂျိုးဇက် စတစ်ဂလစ်ဇ် (Joseph Stiglitz ) နဲ့အတူ မြန်မာစီးပွားရေး ပေါမောက္ခဟောင်းတွေ ဖြစ်ကြတဲ့ ဦးလှမြင့်၊ ဦးရော်နယ်ဖင်လေး (Ronald Findlay) တို့အပြင် သမ္မတရဲ့ စီးပွားရေး အကြံပေး ဦးမြင့်တို့ ပါဝင်ကာ မြန်မာ့စီးပွားရေး တိုးတက်ဖို့အကြောင်းတွေ ဆွေးနွေးကြပါတယ်။

10 February 2012
သံတွဲမြို့ရှိ သာယာဝတီ မြို့မဈေးကြီး မီးလောင်မှုဖြစ်ပွားခဲ့
ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သာယာဝတီ မြို့မဈေးကြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ သိန်းပေါင်း တစ်သောင်းကျော်နီးပါးခန့် ဆုံးရှုံး နစ်နာခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ နံနက် အရုဏ်တက် ဈေးဖွင့်ချိန် စတင်လောင်းကျွမ်းခဲ့သော အဆိုပါမီးကြောင့် ဆိုင်ခန်း ၇ဝဝ နီးပါးမှ ၆ဝဝ ကျော်ခန့် ဆုံးရှုံး ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းရာသို့ သံတွဲမြို့ မီးသတ်တပ်ဖွဲ့မှ ကားနှစ်စီးအပြင် ကမ်းခြေဟိုတယ်များမှ ရေသယ်ကားများဖြင့် အားဖြည့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၃ဝ မိနစ်ခန့်တွင် မီးညွန့်ကျိုးသွားခဲ့သည်။ ၄င်းအပြင် တောင်ကုတ်မြို့မှ မီးသတ်ကားများလည်း လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း ကျပ်သိန်း ၃ဝဝ ခန့် ဆုံးရှုံးသွားခဲ့ရ သည့် အလှကုန်ဆိုင်ရှင်တစ်ဦးက ပြောသည်။ အရုဏ်မီးမှာ လက်ရှိအချိန်အထိ လောင်ကျွမ်းလက်စ ကျန်နေဆဲဖြစ်ပြီး မြို့ခံပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်လျက် ရှိနေကြောင်း သိရသည်။
source: Popular Myanmar News
source: Popular Myanmar News
9 February 2012
ECကော်မရှင်နာမင်းကြီး မြန်မာပြည်သွားမည်
EU ဥရောပသမဂ္ဂမှာ မူဝါဒတွေကို အကောင်အထည်ဖော်ပေးရတဲ့ EC ဥရောပကော်မရှင်က ကော်မရှင်မင်းကြီးဟာ ပထမဆုံးအကြိမ် မြန်မာ သမ္မတနဲ့ တွေ့ဖို့ရှိပါတယ်။
ကော်မရှင်မင်းကြီး Andris Piebalgs ရဲ. ရှေ.အပတ်ခရီးစဉ်ထဲမှာ မြန်မာနိုင်ငံ ဖွံဖြိုးရေးနဲ့ ဆင်းရဲမှု့ပပျောက်ရေး လုပ်ငန်းတွေအတွက် ပေးမဲ့ အကူအညီသစ်တွေကို ကြေငြာပြီး၊ နောင်ထပ်ပေးနိုင်မှာတွေအတွက်လဲ လေ့လာသုံးသပ်သွားမယ်လို့ EC ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒီအကူအညီတွေဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ စလုပ်လာတာကို ထောက်ခံပေးဖို့ ဖြစ်တယ်လို့လဲ ဒီ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။
အမေရိကန်ကူညီမှုထိရောက်ရေး မြန်မာ့အရေးလှုပ်ရှားသူတွေ တိုက်တွန်း
အမေရိကန်အစိုးရကနေ မြန်မာနိုင်ငံကိုပေးမယ့် အကူအညီတွေကို ထိထိရောက်ရောက်ပေးနိုင်ဖို့အတွက် အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၀န်ကြီးကလင်တန်နဲ့ တွေ့ဆုံခဲ့စဉ် အတွင်း အခုလို တိုက်တွန်းပြော ဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီတွေ့ဆုံမှုအတွင်းမှာ နိုင်ငံရေးအကျဉ်းသားကိစ္စတွေ၊ တိုင်းရင်းသား ပြဿနာတွေ နဲ့ အမျိုးသမီးအရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံက အပြောင်းအလဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောဆိုဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၃ ဦးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလရီ ကလင်တန် နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေဖြစ်တဲ့ လူရွှင်တော် ကိုဇာဂနာ ၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်သန်းမြင့် နဲ့ NDF အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီက ကချင်အမျိုးသမီးရေးဆောင်ရွက်သူ ဒေါ်ဘောက်ဂျာတို့ ၃ ဦးပါဝင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ၀ါရှင်တန်မှာရှိတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၀န်ကြီးကလင်တန် နဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
အကျင့်ပျက် လာဘ်စားပြီး နေသူတွေကိုအရေးယူဖို့လည်း လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန် ပြောဆို
ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန်တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာကြွယ်ဝ နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။
“ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် လခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာအရလည်း ပြန်ပြင်ဖို့လိုတယ်”သူရဦးရွှေမန်းရဲ့ပြောကြားချက်အပေါ်
ဒေါ်အောင်ဆန်းစုကြည်က ခုလို မှတ်ချက်ချ ပြောဆိုလိုက်တာပါ။
8 February 2012
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဝန်ခံမှုများ တိုက်တွန်းမှုများ ပြုလုပ်
တပ်မတော်တွင် နှစ် ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း တယောက်ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တိုင်းပြည် အခြေအနေနှင့် ပတ်သက်၍ဝန်ခံမှုတချို့ ပြုလုပ်ခဲ့ပြီးအမှန်တကယ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ကြရန် လွှတ်တော် အမတ်များကို တိုက်တွန်း ပြောဆိုသွားသည်။
သူရဦးရွှေမန်း
"အမှန်အတိုင်းဝန်ခံပြောဆိုရမည်ဆိုလျှင်ယနေ့တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိ ရရှိနေသော လုပ်ခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေမရှိကြပါ။ အခြေခံစားဝတ်နေရေး၊ လူမှုရေးအတွက် လောက်ငစွာ မရရှိပါ" ဟု နိုင်ငံ့ဝန်ထမ်းများ လုပ်ခ လစာများ တိုးမြှင့်ပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။“လုပ်ခ၊ လစာနည်းတာကို အကြာင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာတမ်းကြေးများ တောင်းယူခြင်းနင့် အခြားမလျော်ကန်သော လာဘ်ပေးလာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့ ဌာနအများစုလိုလိုပင် တခုမဟုတ်တခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို ဝမ်းနည်းစွာ ကြားသိနေရပါတယ်” ဟုလည်း ပြောသွားသည်။

Subscribe to:
Comments (Atom)