ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သာယာဝတီ မြို့မဈေးကြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ သိန်းပေါင်း တစ်သောင်းကျော်နီးပါးခန့် ဆုံးရှုံး နစ်နာခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ နံနက် အရုဏ်တက် ဈေးဖွင့်ချိန် စတင်လောင်းကျွမ်းခဲ့သော အဆိုပါမီးကြောင့် ဆိုင်ခန်း ၇ဝဝ နီးပါးမှ ၆ဝဝ ကျော်ခန့် ဆုံးရှုံး ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းရာသို့ သံတွဲမြို့ မီးသတ်တပ်ဖွဲ့မှ ကားနှစ်စီးအပြင် ကမ်းခြေဟိုတယ်များမှ ရေသယ်ကားများဖြင့် အားဖြည့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၃ဝ မိနစ်ခန့်တွင် မီးညွန့်ကျိုးသွားခဲ့သည်။ ၄င်းအပြင် တောင်ကုတ်မြို့မှ မီးသတ်ကားများလည်း လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း ကျပ်သိန်း ၃ဝဝ ခန့် ဆုံးရှုံးသွားခဲ့ရ သည့် အလှကုန်ဆိုင်ရှင်တစ်ဦးက ပြောသည်။ အရုဏ်မီးမှာ လက်ရှိအချိန်အထိ လောင်ကျွမ်းလက်စ ကျန်နေဆဲဖြစ်ပြီး မြို့ခံပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်လျက် ရှိနေကြောင်း သိရသည်။
source: Popular Myanmar News
No comments:
Post a Comment