9 December 2011
ဗြိတိန်တွင် Samsung Galaxy S2 က အရောင်းရဆုံးဖြစ်လာ
6 December 2011
၂၀၁၂ အာရှခရီးစဉ် အတွက် ထိပ်တန်း လည်ပတ်စရာ နေရာအဖြစ် မြန်မာ ဖြစ်လာနိုင်
မြန်မာနိုင်ငံ အင်းလေးကန်
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လွတ်မြောက်လာတဲ့ မနှစ်က စပြီး မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသည် တချို့ အ၀င်အထွက် ပိုများလာတဲ့ နိုင်ငံဖြစ်ကြောင်း၊ အခုအခါမှာ မြန်မာနိုင်ငံ တ၀ှမ်း ဇိမ်ခံ ဟိုတယ်တွေ အများအပြား ပေါ်ပေါက် လာပြီ ဖြစ်တဲ့ အတွက် အရင်က အထီးကျန် ဖြစ်ခဲ့ပြီး လူသူ အရောက်အပေါက် နည်းသေးတဲ့ နေရာတွေကို သွားရောက်လိုသူတွေ အတွက် တန်ဖိုးထား သွားလာရမယ့် နေရာတခု ဖြစ်လာနေကြောင်းလည်း ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အာရှ ပစိတ်ဖိတ် ကုမ္ပဏီရဲ့ ၂၀၁၂ ခုနှစ် အာရှခရီးသွား အများဆုံး တိုးလာနိုင်တဲ့ ခန့်မှန်းနိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံက ထိပ်တန်းမှာ ရှိပြီး ဘူတန်နိုင်ငံက ဒုတိယ၊ အင်ဒိုနီးရှား နိုင်ငံက တတိယ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီကုမ္ပဏီဟာ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ဟားဗတ်၊ ယေးလ် စတဲ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေက ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်း အသင်းတွေကို အုပ်စုလိုက် ခရီးသွား ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ဖြစ်တယ်လို့ သိရပါတယ်။
Source: RFA
photo: Google Image
လာမယ့် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားတွေ အတွက် ထိပ်တန်း အာရှခရီးစဉ် တနေရာ ဖြစ်လာလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် အခြေစိုက် အာရှပစိတ်ဖိတ် ခရီးသွား လုပ်ငန်း Asia Transpacific Journeys က မနေ့က ခန့်မှန်း ပြောကြားလိုက် ပါတယ်။နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လွတ်မြောက်လာတဲ့ မနှစ်က စပြီး မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသည် တချို့ အ၀င်အထွက် ပိုများလာတဲ့ နိုင်ငံဖြစ်ကြောင်း၊ အခုအခါမှာ မြန်မာနိုင်ငံ တ၀ှမ်း ဇိမ်ခံ ဟိုတယ်တွေ အများအပြား ပေါ်ပေါက် လာပြီ ဖြစ်တဲ့ အတွက် အရင်က အထီးကျန် ဖြစ်ခဲ့ပြီး လူသူ အရောက်အပေါက် နည်းသေးတဲ့ နေရာတွေကို သွားရောက်လိုသူတွေ အတွက် တန်ဖိုးထား သွားလာရမယ့် နေရာတခု ဖြစ်လာနေကြောင်းလည်း ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အာရှ ပစိတ်ဖိတ် ကုမ္ပဏီရဲ့ ၂၀၁၂ ခုနှစ် အာရှခရီးသွား အများဆုံး တိုးလာနိုင်တဲ့ ခန့်မှန်းနိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံက ထိပ်တန်းမှာ ရှိပြီး ဘူတန်နိုင်ငံက ဒုတိယ၊ အင်ဒိုနီးရှား နိုင်ငံက တတိယ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီကုမ္ပဏီဟာ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ဟားဗတ်၊ ယေးလ် စတဲ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေက ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်း အသင်းတွေကို အုပ်စုလိုက် ခရီးသွား ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီ ဖြစ်တယ်လို့ သိရပါတယ်။
Source: RFA
3 December 2011
ရန်ကုန် မြို့တော်တွင်လာမည့် ငါးနှစ်အတွင်း လုပ်သား ၃ ဒသမ ၈ သန်းခန့် အလုပ်အကိုင် ရရှိမည်
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ စိတ်ဝင်စားမှု အများဆုံး ရှိနေသည့် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန် မြို့တော်တွင် လက်ရှိ အကောင် အထည်ဖော် လုပ်ဆောင်နေမှု များအရ လာမည့် ငါးနှစ်အတွင်း လုပ်သား ၃ ဒသမ ၈ သန်းခန့် အလုပ်အကိုင် ရရှိမည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဌ ဦးစိုးသိန်းက ပြောကြားသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာနတွင် ကျင်းပသော မီဒီယာ တွေ့ဆုံပွဲ၌ ၄င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
လတ်တလောတွင် သီလဝါနှင့် ဒလတို့၌ စက်မှုဇုန်များ လုပ်ကိုင်ရန် ကိုရီးယားနိုင်ငံက ကမ်းလှမ်းထားပြီး ဖြစ်ကြောင်း၊ ဗီယက်နမ်ကလည်း မကြာခဏ လာရောက် ကမ်းလှမ်းမှုများ ပြုနေပြီး အဆင်မပြေ သေးသဖြင့် ပထမဦးစွာ ခွင့်ပြုမှု နေနှင့် ရန်ကင်း မြို့နယ်ရှိ အမှတ် (၁) စက်မှု ဝန်ကြီး ဌာနဝင်းကို ဟိုတယ်များ ဆောက်လုပ်ရန် ငှားရမ်းထားပြီ ဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်များကို မကြာမီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများ ပြုထားသော်လည်း လတ်တလော ထိတွေ့ ဆက်ဆံမှု ပိုမိုတိုးတက် လာနေသော ဥရောပနှင့် အမေရိကန် ပြည်ထောင်စု တို့က ကမ်းလှမ်းမှုများ အစပျိုး လာကြောင်း၊ ရန်ကုန် မြို့ တော် အခြေစိုက် အမေရိကန် သံရုံး တာဝန်ခံ၊ ဆွီဒင်၊ နော်ဝေတို့မှ ကိုယ်စားလှယ်များနှင့် စကား ပြောဆိုမှုများ ပြုနေကြောင်း ၄င်းက ဆိုသည်။
လက်ရှိ အနေအထားများကို မူတည် တွက်ချက်ပါက ရန်ကုန် မြို့တော်တွင် အလုပ်အကိုင် ရရှိမှု တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးတက်လာဖွယ် ရှိကြောင်း၊ ယခင် အစိုးရ လက်ထက်က အသက်မဝင်ခဲ့သော စက်မှုဇုန်များ မှာလည်း ပီပြင်သော စက်မှုဇုန်များ ဖြစ်လာဖွယ် ရှိရာ မြို့နေလူထု အလုပ်အကိုင် အခွင့်အလမ်း သေချာပေါက် တိုးတက်လာဖွယ် ရှိကြောင်း၊ ယင်းနှင့် အပြိုင် ရန်ကုန် မြို့တော်တွင် လူနေ သိပ်သည်းမှု၏ နောက်ဆက်တွဲ ပြဿနာများလည်း ကြုံတွေ့ရမည် ဖြစ်ရာ ယင်းတို့ကို ကြိုတင် စဉ်းစား ပြင်ဆင်ထား သင့်ကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ လာရောက် လုပ်ကိုင်မှု များပြားလာသည်နှင့် အမျှ မြို့နေလူထု၏ ကျန်းမာရေး၊ မြို့တော် သန့်ရှင်း သာယာရေးတို့ကိုလည်း ထိခိုက်နိုင်ပေရာ ကြိုတင် စဉ်းစား ပြင်ဆင်ပြီး စက်ရုံ စွန့်ပစ်ပစ္စည်းများ စနစ်တကျ ရှိစေရေး မူလ စတင် ခွင့်ပြုကတည်းက ပြောဆိုထားသင့်ကြောင်း စီးပွားရေး ပညာရှင်များက ထောက်ပြ ပြောဆိုသည်။
source: Yoyarlay
1 December 2011
သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံ
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့သည် ယနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြသည်။ ဟီလာရီ ကလင်တန်သည် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး တစ်ဦးဧ။် နှစ်ပေါင်း (၅၀) ကျော်အတွင်း ပထမဆုံး ခရီးစဉ်အဖြစ် နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ဟီလာရီကလင်တန်သည် ဒီဇင်ဘာလ (၂)ရက်နေ့အထိ (၃)ရက်ကြာမြင့်မည့် ခရီးစဉ်ဖြစ်ပြီး ခရီးစဉ်အတွင်း နိင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌများ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နှင့် တွေ့ဆုံမည် ဖြစ်ပြီး ရန်ကုန်မြို့ရှိ NLD ပါတီ အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီဇင်ဘာလ (၂) ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည်။ ဟီလာရီကလင်တန်သည် ဒီဇင်ဘာလ (၁)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ရွှေတိဂုံစေတီတော်သို့ တက်ရောက် ဖူးမျှော်မည် ဖြစ်သည်။
ယခုခရီးစဉ်တွင် ဟီလာရီ ကလင်တန်နှင့် အတူ မြန်မာနိုင်ငံသို့ ၃ ကြိမ်လာရောက်ဖူးသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှုး ဒဲရက်မစ်ချယ် နှင့် မြန်မာနိုင်ငံသို့ တစ်ကြိမ်လာရောက်ခဲ့ဖူးသာ အမေရိကန် နိုင်ငံ ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စနာ တို့ လိုက်ပါလာကြောင်း သိရသည်။
source: Eleven Media
29 November 2011
နိုင်ငံတစ်ကာမှ ကားထုတ်လုပ်သည့်မည်သည့် ကုမ္ပဏီမဆိုမြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်
မြန်မာနိုင်ငံတွင်း၌ ပြန်လည်ရောင်းချပေးမည်ဆိုပါက မည်သည့် နိုင်ငံမှ ကားထုတ်လုပ်သည့် ကုမ္ပဏီကိုမဆို မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါ သည်။
အဓိကအားဖြင့် ပြည်တွင်း၌ နိုင်ငံသားများ အလုပ်အကိုင်အခွင့် အလမ်းပေါများစေရန်အတွက် ဖြစ်ကြောင်း၊ ထုတ်လုပ်လိုသည့်နိုင်ငံများအနေဖြင့် MIC ဖြင့်လာရောက် ဆွေးနွေးနိုင်ကြောင်းနှင့် သတ်မှတ်ချက်ဖြင့်ညီပါက အမြန်ဆုံး ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
"ဘယ်နိုင်ငံကမဆို သတ်မှတ်ချက်နဲ့ ညီရင် အမြန်ဆုံး ခွင့်ပြုပေးသွားမှာပါ။ MIC နဲ့လည်းလာပြီး ဆွေးနွေးနိုင်ပါတယ်။ အဓိကအချက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများအောင်လို့ပါ။ ဒီမှာက အလုပ်အကိုင် မပေါသေးတဲ့အတွက် ၀င်ငွေနည်းတယ်၊ ပြည်ပမှာထွက်ပြီး အလုပ်လုပ်ကြရတာတို့ ဖြစ်နေတာ။ ဒါကြောင့် Show Room ထက် ကားထုတ်လုပ်မယ်ဆို ပိုပြီးခွင့်ပြုပေးသွားမှာပါ။ Show Room ကနောက်မှသာ တစ်ဖြည်း ဖြည်းခွင့်ပြုမှာ။ Show Room ဆိုရင် လူလေး လေးငါးယောက်ပဲ အလုပ်ရမှာ။ ကားထုတ်လုပ်ရင် လူအများကြီး အလုပ်အကိုင်ရမှာ။ ဒါပေမယ့် ကားထုတ်လုပ်တဲ့အခါမှာတော့ ဘယ်နိုင်ငံ ဘယ်ကားကုမ္ပဏီရဲ့ Under License နဲ့ထုတ်မယ်။ ပြည်တွင်းမှာပဲ ပြန်ရောင်းပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့တော့လိုတယ်။ Proton လည်းပေးမယ်၊ Toyota လည်းပေးမယ်။ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေလာမှ နည်းပညာတွေ တိုးတက်လာမယ်၊ အလုပ်အကိုင်တွေ များလာမယ်။ Foreign Investment ၁၀၀% လက်ခံမယ်။ ရှေ့လျှောက် JV, PPP အကုန်လက်ခံပေးသွား မယ်" ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားခဲ့ပါသည်။
"ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ လာဘ်ပေးလာဘ်ယူကြားရင် တိုင်ကြားပါ။ ဖြေရှင်းပေးမယ်" ဟု လည်း MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ထပ်မံ ပြောကြားခဲ့ပါသည်။
source: Eleven Media
23 November 2011
ဟီလာရီ ခရီးစဉ် ပိတ်ဆို့မှုရုပ်သိမ်းရေးမဟုတ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာပြည် ခရီးစဉ်တွင် စီးပွားရေး ပိတ်ဆို့ အရေးယူထားမှု ပြန်လည်ရုပ်သိမ်းရေး အစီအစဉ် မပါဝင်ကြောင်း သိရသည်။ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး Ben Rhodes က အမေရိကန် သမ္မတအိမ်ဖြူတော်၌ နိုင်ငံခြားသတင်းထောက်များနှင့် ယနေ့တွေ့ဆုံရာတွင် ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။ ပြီးခဲ့သည့် သောကြာ နေ့ကလည်း ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုကို အဆုံးသတ်ရန်မရှိသေးကြောင်း Fox news သို့ ပြောဆိုထားသည်။ မစ္စ ဟီလာရီသည် လာမည့် ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ ယင်း ခရီးစဉ်နှင့် ပတ်သက်ပြီး သမ္မတ အိုဘားမားက ၎င်း၏ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခု ခရီးစဉ် သည် နှစ်ပေါင်း ၅၀ ကျော် ကြာပြီးနောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တဦး၏ ပထမဆုံးအကြိမ် ခရီးစဉ်လည်း ဖြစ်သည်။
source: Thit Htoo Lwin
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ မူဝါဒကို ပြန်လည်သုံးသပ်နေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်မည်၊ နောင်လာမည့်ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်အရွေး ခံမည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ ပြီးနောက် ဥရောပသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ ၎င်းတို့ ၏မူဝါဒကို ပြန်လည်သုံးသပ်နေကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
''နိုင်ငံတွင်းဖြစ်ပေါ်သည့် အပြုသဘောဆောင်သော ဖြစ်ရပ်များကို ဥရောပသမဂ္ဂအနေဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည်ဆိုသည်ကို အမြဲတစေ ပြောကြားခဲ့ပါကြောင်း၊ တားဆီးပိတ်ဆို့မှုအချို့ကို ယခုနှစ်တွင် ဖြေလျော့မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း နှင့် ဥရောပသမဂ္ဂ၏ မူဝါဒကို ပြန်လည်သုံးသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေပါကြောင်း'' ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ကြေညာချက်တွင် ပြောကြားခဲ့သည်။
''မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်သည့် တိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းသည် မျှော်လင့်မှုနှင့် အားတက်မှုများအတွက် ရင်းမြစ်ဖြစ်ပါကြောင်းနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဆက်လက် လွှတ်ပေးမှုများ အပါအ၀င် တိုးတက်မှုများ ဆက်လက် ဖြစ်ပေါ်နေမည်ကို မျှော်လင့်စောင့်စားနေပါကြောင်း'' ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ပြောကြားခဲ့သည်။
မြန်မာအစိုးရနှင့် ပတ်သက်၍ ပိတ်ဆို့မှုအချို့ကို ဥရောပသမဂ္ဂက ယခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ဖြေလျော့ခဲ့ရာ၌ ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာအစိုးရ၏ အရပ်သားဝန်ကြီးအချို့အား ဗီဇာပိတ်ပင်ထားမှုနှင့် ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းတို့ကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
source:Eleven Media

သမ္မတအိုဘားမား ၏ မြန်မာနိုင်ငံဆိုင်ရာမိန့်ခွန်း
အားလုံး မင်္ဂလာ နေ့လယ်ခင်းပါ။ ကျွန်တော့် အစိုးရ သက်တမ်း တစ်လျှောက်နဲ့ ဒီခရီးစဉ် တစ်လျှောက်လုံးမှာ အာရှ-ပစိဖိတ် ဒေသအပေါ် အမေရိကရဲ့ ယုံကြည်ချက်ကို အလေး အနက်ထား စဉ်းစားခဲ့ပါတယ်။ ဒါ့အပြင် ဒီဒေသအတွင်း လူ့အခွင့်အရေး ကိစ္စတွေရဲ့ အနာဂတ်ကိုရော အမေရိကန်ရဲ့ ယုံကြည် ရပ်တည်မှု အပေါ်ကိုပါ ကျွန်တော် အလေး အနက်ထား စဉ်းစားခဲ့ပါတယ်။ ကနေ့မှာတော့ ကျွန်တော်ဟာ အဲဒီ့ မျက်နှာစာ နှစ်ဖက်စလုံးမှာ ရှေ့ကို တိုးတက်စေဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်း အားထုတ်မှု တွေထဲက အရေးပါတဲ့ ခြေလှမ်း တစ်ရပ်ကို ကြေညာပါတော့မယ်။
ဆယ်စုနှစ်ပေါင်းများစွာကြာအောင်ပဲ အမေရိကန်တွေဟာ မြန်မာပြည်သူတွေအတွက် အခြေခံလူ့ အခွင့်အရေး ကိစ္စတွေ ငြင်းပယ်ထားတာအပေါ် နက်ရှိုင်းစွာပူပန်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးသမားတွေကို ဖိနှိပ်ထားမှု၊ လူနည်းစု တိုင်းရင်းသားမျိုးနွယ်တွေအပေါ် ဦးတည်ပြသခဲ့တဲ့ရက် စက်မှုနဲ့ စစ်ခေါင်းဆောင်အနည်းငယ်ရဲ့ လက်ထဲမှာပဲ အာဏာကို ဆုပ်ကိုင်ထားမှုတွေဟာ (မြန်မာနိုင်ငံအပေါ်) ကျွန်တော်တို့ရဲ့ စဉ်းစားပုံကို စိန်ခေါ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ အမေရိကရဲ့ (အဝေးမှာ)အထီးကျန်စေခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဟာ အမြဲပဲ မြန်မာပြည်သူတွေအပေါ် လေးစားမှုထားရှိခဲ့ပါတယ်။ ပြီးတော့ သူတို့ တိုင်းပြည်ရဲ့အနာဂတ်ကို ပါ လေးစားမှုထားခဲ့ပါတယ်။ (ဒီတိုင်းပြည်က) အရှေ့နဲ့ အနောက် ဆုံစည်းရာမှာတည်ရှိတဲ့ကြွယ်ဝတဲ့သမိုင်းနဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး၊ ပြည်သူလူထုကလည်း တည်ငြိမ်တဲ့ဂုဏ်သိက္ခာ နဲ့ ထူးခြားပြီး အလားအလာကောင်းတွေရှိ တဲ့ ပြည်သူတစ်ရပ်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ကိုပဲ မြန်မာပြည်သူတွေရဲ့ ဖိနှိပ်ခံရမှုနဲ့ ကတိစကားကို အောင်ဆန်းစုကြည်ဆိုတဲ့(နာမည်နဲ့) သင်္ကေတ ပြုခဲ့ကြတယ်။ (ခေတ်သစ်) မြန်မာနိုင်ငံကို တည်ထောင်သူရဲ့ သမီးရင်းတစ်ဦးအနေနဲ့၊ သူမ ပြည်သူတွေအတွက် ခွန်အားကြီးမားစွာရပ်တည်ခဲ့သူတစ်ဦးအနေနဲ့ သူမဟာ အခြားသောဖိနှိပ်ခံရတဲ့ မြန်မာလူမျိုးများလိုပဲ နေအိမ်အကျယ်ချုပ်နဲ့ ထောင်ဒဏ်တွေကို ကြံ့ကြံ့ခံခဲ့ရတယ်။
ဒါပေမဲ့ မှောင်အတိနှစ်များစွာပြီးတဲ့နောက်မှာတော့ ဟောဒီရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ တိုးတက်မှုအရိပ်အယောင်တွေကိုမြင်ခဲ့ရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့လမ်းကြောင်းမှာ အရေးပါတဲ့ခြေလှမ်းတွေ စတင်ခဲ့ပါတယ်။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားအချို့ကို အစိုးရက လွှတ်ပေးခဲ့တယ်။ တင်းကြပ်ထားတဲ့ မီဒီယာနဲ့ပတ်သက်ပြီးတော့ ဖြေလျှော့မှုတွေ ပြုလုပ်ပေးခဲ့တယ်။ ပြီးတော့ ဥပဒေပြုရေးကဏ္ဍကလည်း နိုင်ငံရေးပတ်ဝန်းကျင်ကိုပွင့်လင်းဖို့ အတည်ပြုပေးခဲ့တယ်။ ဒါ့ကြောင့် ဒါတွေအားလုံးကို ခြုံကြည့်ရင် ဒါတွေဟာ နှစ်များစွာအတွင်း ကျွန်တော်တို့မြင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်တဲ့ အရေးကြီးဆုံးခြေလှမ်းတွေ ဖြစ်ပါတော့တယ်။
တကယ်တမ်းတော့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ပိတ် ထားတဲ့နိုင်ငံရေးစနစ်၊ ၄င်းရဲ့ လူနည်းစု(တိုင်းရင်းသား)တွေအပေါ် ဆက်ဆံပုံနဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ဆက်လက်ထိန်းသိမ်းထားတာတွေ၊ ၄င်းရဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတွေအပေါ် စိုးရိမ် ပူပန်ဆဲရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တိုးတက်မှုအတွက် သမိုင်းဝင်အခွင့်အရေးတစ်ရပ်ဖြစ် လာနိုင်တဲ့အရာကို ဆုပ်ကိုင်ချင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရက်စီပြုပြင်ပြောင်းလဲရေး လမ်း ကြောင်းပေါ် ဆက်လက်လျှောက်သွားမယ်ဆိုရင် ဒီတိုင်းပြည်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးအသစ်တစ်ရပ် ပုံသွင်းနိုင်မယ်ဆိုတာလည်း ရှင်းလင်းစွာဖော်ပြချင်ပါတယ်။
မနေ့ညက ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်စကားပြောခဲ့ပြီး သူမကလည်း ဒီဖြစ်စဉ် ရှေ့ဆက်တိုးတက်ရေးအတွက် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကိုထောက်ခံကြောင်း အတည်ပြုခဲ့ ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်ဟာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံ သွားရောက်ဖို့ပြောခဲ့ပါတယ်။ သူမဟာ ရာစုနှစ်တစ်ဝက်ခန့်ကာလအတွင်း ဒီတိုင်းပြည်ကို သွားရောက် တဲ့ ပထမဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပါလိမ့်မယ်။ သူမဟာ အမေရိကန်ပြည်ထောင်စု က မြန်မာပြည်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကာလတစ်ရပ်ဖြစ်ဖို့ လုပ်နိုင်၊ မလုပ်နိုင်ဆိုတာကို နည်းလမ်းရှာဖွေပြီး ကျွန်တော်တို့နှစ်နိုင်ငံ အကြား စာမျက်နှာသစ် စတင်ဖွင့်လှစ်ပါလိမ့်မယ်။
အဲဒီဖြစ်နိုင်ခြေဟာ မြန်မာအစိုးရက ပိုပြီးလက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ လုပ်တဲ့အပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဆက်လျှောက်ဖို့ ပျက်ကွက်ခဲ့ရင် ပိတ်ဆို့မှုတွေနဲ့ အထီးကျန်မှုတွေကို ဆက်လက်ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်ဟာ ဒီအချိန်မှာ (အပြောင်းအလဲကို) ဖမ်းဆုပ်နိုင်ရန် အဲဒီနောက်မှာ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို အားကောင်းစေနိုင်ပြီး ပြည်သူသန်းပေါင်းများစွာဟာလည်း ဂုဏ်သိက္ခာရှိမှု၊ ကြွယ်ဝမှုနဲ့ လွတ်လပ်မှုတွေကို ပိုမိုကြီးမားတဲ့ အတိုင်းအတာနဲ့ ရရှိပြီး၊ ရှင်သန်နေထိုင်ဖို့ အခွင့်အရေးရရှိပါလိမ့်မယ်။ ဒါကြောင့် ဒီဖြစ်နိုင်ခြေဟာ မသိကျိုးကျွံပြုလို့ မရအောင် သိပ်အရေးပါလှပါတယ်။
ဒီနေ့ ညနေပိုင်းမှာတော့ ကျွန်တော်ဟာ သမ္မတဦးသိန်းစိန်အပါအ၀င် အာဆီယံနဲ့ အမေရိကန်ရဲ့ တွေ့ဆုံမှုမှာ ဒီသတင်းစကားတွေကို ထပ်မံပြောကြားသွားပါဦးမယ်။ ဒီအတောအတွင်း မစ္စဟီလာရီကလင်တန်ဟာ နေပြည်တော်နဲ့ ရန်ကုန်ကို ခရီးထွက်ရင် သူမဟာလည်း ဒီသတင်း စကားကို ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီ လှုပ်ရှားသူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ (မြန်မာ) အစိုးရကိုပါ ပေးအပ် ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။
ထပ်ပြောချင်တာကတော့ မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ အသစ် တစ်ဖန် ပြန်လည်စတင်ရေး အနာဂတ်ကိုရရှိဖို့ ဆက်လက်လုပ်ဆောင်စရာတွေရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ထွန်းမှု များကို တုံ့ပြန်သောအားဖြင့် ဒီခြေလှမ်းကိုစတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပြီးတော့ အားလုံးလွှမ်းခြုံ နိုင်တဲ့ ယူနီဗာဆယ်တန်ဖိုးတွေနဲ့ သတ္တိရှိတဲ့ပြည်သူတစ်ရပ်၊ တစ်မူ ထူးခြားတဲ့တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်အတွက် အမေရိကန်ရဲ့ ယုံကြည်ခံယူချက်ကို ရှင်းလင်းစွာသရုပ်ဖော်ဖို့ ကျွန်တော်ဆုံးဖြတ် ချက်ချခဲ့ပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ပြောကြားခဲ့သော အမေရိကန်သမ္မတ၏မိန့်ခွန်းကို 7Day News International Desk မှ ဘာသာပြန်ဆိုသည်။
source: Yoyarlay
21 November 2011
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မည်
၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ သပိတ်မှောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရ ပါတီကို ပြန်လည်မှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် အရင်တပတ်ထဲမှာပဲ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ အခုနောက်ဆုံး ပြင်ဆင်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ NLD ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ တွေမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီနောက်မှာတော့ အခုနှစ်ကုန်ပိုင်းလောက်မှာ ကျင်းပဖွယ်ရှိတဲ့ လစ်လပ်သွားတဲ့ လွှတ်တော်တွင်းနေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်အရွေးခံသွားမှာ ဖြစ်တယ်လို့ NLD ရဲ့ ဗဟိုကော်မီတီဝင် တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ပါဝင်ယှဉ်ပြိုင်ဖို့ သူ ရည်ရွယ်ချက်ရှိပါတယ်။ ဘယ်နေရာက ပြိုင်ရမယ်ဆိုတာမျိုးနဲ့ ပတ်သက်ရင်တော့ ဘာမှ မဆုံးဖြတ်ရသေးဘူး။ ကော်မရှင်ကလည်း ကြေညာချက် မထွက်သေးပါဘူး။”
လောလောဆယ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀၊ အမျိုးသားလွှတ်တော်မှာ ၆ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၂ နေရာ လစ်လပ်နေတာဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပရင် ဒီလစ်လပ်နေတဲ့ နေရာ ၄၀ ကျော်ကို NLD ပါတီကပါဝင်ဖို့ ရည်ရွယ်ထားပြီး ဘယ်သူတွေ ပါဝင်မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။
“ကျနော်တို့ကတော့ အားလုံး ၀င်နိုင်ဖို့ စဉ်းစားထားပါတယ်။ အဲဒါ ကျနော်တို့ မဆုံးဖြတ်ရသေးပါဘူး။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ညှိနှိုင်းပါဝင်မယ်ဆိုတာလဲ မဆုံးဖြတ်ရသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရက ဦးဆောင်ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေကို လက်မခံတာကြောင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် ပါတီကို ပြန်လည် မှတ်ပုံမတင်ခဲ့သလို ရွေးကောက်ပွဲမှာလည်း မဲမပေးဘဲနေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့သလို အစိုးရဘက်ကလည်း ဒီမိုကရေစီရေးကို ဦးတည်တဲ့ ပြောင်းလဲမှုတချို့ရှိလာတဲ့နောက်မှာတော့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်ကိုယ်စားလှယ် ၄၈၅ နေရာရှိတဲ့အနက် ၃၉၂ နေရာ အနိုင်ရခဲ့တာဖြစ်ပေမဲ့ စစ်အစိုးက ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကျင်းပစဉ်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတာဖြစ်ပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်အရွေးခံမယ်ဆိုရင်တော့ ဒါဟာ ပထမဆုံးအကြိမ် အဖြစ် ရွေးကောက်ပွဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။
source: VOA
16 November 2011
မြန်မာ့ရေသယံဇာတမှ တစ်နှစ်လျှင် အမြတ် ကန်ဒေါ်လာသန်း ၈ဝဝခန့် ထိုင်းရနေ
photo: Google Image
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ ပိုင်ရေသယံဇာတမှ တစ်နှစ်လျှင် ကန်ဒေါ်လာသန်း ၇ဝဝ မှ ၈ဝဝ ကြား အမြတ်ရနေသည်ဟု MFIIV LTD မှ ဥက္ကဋ္ဌဖြစ်သူ ပြင်သစ်နိုင်ငံသား Mr. Jean PICHONက ပြောသည်။
ထိုင်းနိုင်ငံသည် ၁၉၆ဝ-၆၁ ခုနှစ်ကတည်းက ၄င်းတို့တွင် ငါးသယံဇာတမရှိတော့ကြောင်း ကမ္ဘာကသိအောင် ကြေညာထားသည့် နိုင်ငံဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် ငါး သယံဇာတ ပေါကြွယ်ဝပြီး ကမ္ဘာပေါ်တွင် နံပါတ်တစ် အိတ်စပို့လုပ်နိုင်သည့် နိုင်ငံဖြစ်နေကြောင်း၊ ထိုင်းနိုင်ငံမှ ငါးအားလုံးသည် မြန်မာနိုင်ငံမှ လာရောင်းသည့် ငါးများ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အလုပ်သမားငါးသိန်းခန့်သည် ထိုင်းနိုင်ငံ၏ ငါးစက်ရုံများတွင် အလုပ်လုပ်နေကြသည်ဟု Mr. Jean PICHONက ဆက်လက်ပြောသည်။
”ရနောင်းမြို့က လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကဆိုရင် သေးသေးလေးပဲ။ အားမနာတမ်းပြောရရင် မြန်မာနိုင်ငံကြောင့် အခုဆိုရင် အရမ်းဖွံ့ဖြိုးတိုးတက်သွားတာ။ သူတို့တွေ မှာ အမြတ်အစွန်းတွေ အများကြီးရပေမယ့် မြန်မာနိုင်ငံမှာကျတော့ အအေးခန်းစက်ရုံတွေ ပိတ်ထားရတယ်”ဟု ၄င်းကပြောသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းရင်းသားအမည်ခံ ထိုင်းငါးဖမ်းသင်္ဘော ၅ဝဝ ခန့်သည် တရားမဝင် စည်းကမ်းမဲ့ ငါးဖမ်းယူမှုများကြောင့် မြန်မာနိုင်ငံသယံဇာတများ တဖြည်းဖြည်းရှားပါးလာပြီး ငါးမရှိ တော့ကြောင်း၊ ကမ္ဘာသိအောင် ကြေညာထားရသည့်ထိုင်း နိုင်ငံတွင် ငါးများပေါနေကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့် အတန်းမီ ငါးလေလံဈေးနှင့် အအေးခန်းစက်ရုံများ ပိတ်ထားရသည့် အခြေအနေမျိုးဖြစ်နေကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။
”လူတွေက ကျွန်းသစ်တွေ နိုင်ငံမှာမရှိတော့ဘူး၊ သယံဇာတ တွင်းထွက်ပစ္စည်းတွေ မရှိတော့ဘူးလို့သာ ပြောနေကြတာ ငါးကိုအာရုံမစိုက်ကြဘူး။ အခုလို ငါးတွေကို တရားမဝင် ရောင်းနေတာတွေ၊ အမည်ခံလှေတွေ မြန်မာပြည်မှာ ဝင်ဖမ်းနေတာ မြစ်ဆုံကိစ္စတမျှ အရေးကြီးပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး ဖြစ်သလို မြန်မာ့ပင်လယ်ပြင်ကြီး ဟာလည်း မြန်မာ့အသည်းနှလုံး ဖြစ်ပါတယ်။ ဒါကို သေသေချာချာ မကိုင်တွယ်ဘဲ ဒီအတိုင်းဆက်သွားမယ်ဆို နောက်ဆိုရင်ရေငန်ငါး ပျောက်တော့မယ်။ ဒီကိစ္စတွေကို သက်ဆိုင်ရာ အကြီးအကဲတွေ အာရုံစိုက်ဖို့လိုပါတယ်။ ပင်လယ် ပြင်ကြီးထဲက တရားမဝင်ငါးဖမ်းမှု၊ အမည်ခံငါးဖမ်းမှုတွေကို အဖြစ် လောက်ပဲ စစ်ဆေးတာတွေကို မျက်ကွယ်ပြုထားရင် အရမ်းအန္တရာယ်ရှိပါတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။
တနင်္သာရီတိုင်း ဒေသကြီးတွင် မြန်မာအမည်ခံ ငါးဖမ်းသင်္ဘောများအပြင် နိုင်ငံခြားပိုင်ငါးဖမ်း သင်္ဘောများကိုလည်း ပုတ်ပြတ်စနစ်ဖြင့် မြန်မာ့ပင်လယ်ပြင်တွင် ငါးဝင်ဖမ်း ခွင့်ပြုထားကြောင်း၊ အဆိုပါ ငါးဖမ်းသင်္ဘောများသည် မြန်မာ့ပင်လယ်ပြင်တွင် ရက်အကန့်အသတ်ဖြင့် ပိုက်ဆံပေးကာ ငါးဖမ်းပြီး ၄င်းတို့ နိုင်ငံများတွင် ပြန်ရောင်းကြ ကြောင်း၊ ထိုကဲ့သို့ မိမိနိုင်ငံ၏ ကုန်ကြမ်းလိုအပ်ချက်ကို တခြားနိုင်ငံမှ ကုန်ကြမ်းဖြင့် တိုက်ရိုက်ဖြည့်ဆည်းခြင်းသည် ကမ္ဘာပေါ်တွင်မည်သည့် နိုင်ငံတွင်မှ မရှိတော့သော် လည်း မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သဖြင့် စဉ်းစားရန်လိုအပ်ကြောင်း ၄င်းကပြောသည်။
ထိုင်းနိုင်ငံရနောင်းသို့ တနင်္သာရီတိုင်း ဒေသကြီးမှငါးတန်ချိန် ၁၅ဝဝ မှ ၂ဝဝဝ အကြားရောင်းချလျက်ရှိနေကြောင်း Mr. Jean PICHONက ပြောသည်။
မင်းချစ်နိုင်
source:Thit Htoo lwin

နိုင်ငံတော်သမ္မတရုံးဧည့်ဂေဟာ နိုင်ငံတကာအဆင့်မီဟိုတယ် ဖွင့်မည်
နိုင်ငံတော်သမ္မတရုံး အစိုးရဧည့်ဂေဟာအပါအဝင် အဆောက်အအုံဟောင်း ၁ဝ လုံးကို နိုင်ငံတကာအဆင့်မီ ဟိုတယ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်သွားမည်ြ ဖစ်သောကြောင့် နိုင်ငံခြားသားဧည့်သည်များအား ပိုမိုဆွဲဆောင်မှုရရှိသွားမည်ဖြစ်ကြောင်း ဟိုတယ်ဇုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။”နိုင်ငံတော် သမ္မတရုံးကို အဆင့်မီဟိုတယ် လုပ်မယ်ဆိုရင် ဆွဲဆောင်မှု အရမ်းကောင်းပါတယ်။ တည်နေရာကလည်း အချက်အချာ ကျတယ်။ အထင်အရှားဆုံးဖြစ်တဲ့ ရွှေတိဂုံဘုရားကိုလည်း နီးနီးလေး မြင်ရမယ်။ ပြီးတော့ နိုင်ငံခြားဧည့် တွေက ကိုလိုနီခေတ်၊ အင်္ဂလိပ် ခေတ်၊ လမ်းစဉ်ပါတီခေတ်က အ ဆောက်အအုံပုံစံတွေကို ပိုသဘော ကျတဲ့သဘောရှိ တယ်။ အစိုးရသစ် တက်လာပြီးတဲ့နောက်မှာ နိုင်ငံခြား ဧည့်တွေပိုအဝင်များလာတော့ အခု လိုလုပ်သင့်ပါတယ်”ဟု ၄င်းက အ တည်ပြုပြောသည်။လက်ရှိတွင် အဆိုပါ အဆောက် အအုံဟောင်းများအား အထပ်မြင့် ထပ်မံတည်ဆောက်ခြင်း၊ ဖြိုဖျက် ခြင်းနှင့် မူလပုံသဏ္ဌာန်ပျက်သွား အောင် မပြုလုပ်သင့်ကြောင်းကို အ ထက်ပါပုဂ္ဂိုလ်က ”အတွင်းပိုင်းတွေ ပြုပြင်တာတွေက မဖြစ်မနေလုပ်ရ မယ့်သဘောပါ။ ဒါပေမဲ့ အပြင်ပုံစံ တွေကိုတော့ လက်ရှိအတိုင်းပဲထား သင့်တယ်။ သဘောဝရော ပတ်ဝန်း ကျင်ကိုေ ရာထိခိုက်စေမယ့်အရာတွေ ကိုတော့ရှောင်သင့်တယ်”ဟုဆိုသည်။လျာထားသော အဆောက် အအုံများမှာ ဗိုလ်တထောင်မြို့နယ် ရှိ ယခင်ပို့ဆောင်ရေး၊ မီးရထားနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဌာနစုပေါင်းရုံး၊ ပြည်ထဲရေးဝန် ကြီးဌာန၏ City Mart ကုန်တိုက်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန၏ အဆောက်အအုံ အမှတ် ၅၆၉/၅၇၇ ကျောက်တံ တား၊ ရှေ့နေချုပ်ရုံး၏ အဆောက် အအုံအမှတ် ၁၉၁/၁၉၃ ပန်းဘဲ တန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ စီးပွားေ ရးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အဆောက် အအုံအမှတ် ၁၆၉၊နိုင်ငံတော်သမ္မတ ရုံးအစိုးရဧည့်ဂေဟာ အဆောက်အ အုံအမှတ် ၂၅ဝ/ ၂၅၆/၂၆၈ ဒဂုံမြို့ နယ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၏ ဒူးယားဆောင်နှင့် ¤င်းထမင်းစား ဆောင်၊ ပုပ္ပါးဆောင်နှင့် ၄င်း ထမင်းစားဆောင် လှိုင်မြို့နယ်၊ နိုင်ငံ တော်ကာကွယ်ရေး တက္က သိုလ် မြေနေရာ မင်္ဂလာဒုံမြို့ နယ်နှင့် ထောက်ကြံ့ ဧရိယာတစ်ဝိုက်ရှိ နိုင်ငံပိုင်မြေနေရာ များဖြစ်ကြောင်း သိရသည်။”ဒီအစိုးရ လက်ထက်မှာ ထပ် တိုးချဲ့တာတွေ ၊လေလံ ပစ်တာတွေ များလာပြီလို့ ယူဆရတယ်။ ရှေး ဟောင်း အဆောက်အအုံတွေရဲ့ ပြယုဂ်တွေကိုတော့ မထိခိုက်စေချင် ဘူး။ နိုင်ငံတကာနဲ့ယှဉ်ပြီး တည် ဆောက် သွားမယ် ဆိုရင် တိုးတက် လာမယ့်လမ်းစလို့ ဆိုရမှာပေါ့။ နိုင်ငံ တကာ စံချိန်မီဆိုရင် ပြည်ပဧည့်တွေ အားလုံးကို ပိုဆွဲဆောင်တဲ့ အပိုင်း တစ်ခုပါ”ဟု ဧည့်လမ်းညွှန် လုပ်င န်း ကို ၁ဝ နှစ်နီးပါး ပြုလုပ်လာခဲ့သော အမျိုးသားတစ်ဦးက ပြောသည်။လက်ရှိ၌ ရန်ကုန်မြို့၏ ဧရိ ယာတွင် ဟိုတယ်နှင့် တည်းခိုရိပ် သာ ၁၈၁ ယူနစ်သာရှိကြောင်း ဟို တယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။
အောင်ထက် (NYK)
source: Thit Htoo Lwin
မြန်မာကို အပြည့်အ၀ ကူညီရေး ဂျပန်စောင့်ကြည့်
မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ အရပ်သားအစိုးရဆိုတာ တက်လာပြီးတဲ့နောက်ပိုင်း ဖြစ်လာတဲ့ အခြေအနေတွေ အပေါ်မှာ နိုင်ငံတကာကတော့ အတော်လေးကို အကောင်းမြင်သဘောနဲ့ တုန့်ပြန်လာကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးဖို့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေက ထောက်ခံထားပြီး ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုနဲ့ ကူညီ ထောက်ပံ့တာတွေလည်း ၀င်လာဖွယ်ရှိနေပြီဖြစ်သည်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားတာကနေ လွှတ်ပေးခဲ့ပြီးတဲ့နောက် လူတွေရဲ့ အခြေခံ လိုအပ်ချက်အတွက် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ဂျပန်နိုင်ငံက ပြန်ပေးခဲ့တယ်လို့ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kimihiro Ishikane က က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးအကြို၊ ၀န်ကြီးအဆင့် အစည်းအဝေးအတွင်း ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်တာတွေ ပြန်စတဲ့အဆင့်ထိတော့ ကျနော်တို့ မရောက်သေး ပါဘူး။ မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျနော်တို့ သတိ ကြီးကြီးထားပြီး ဆက်လက် စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရက နည်းလမ်း အမျိုးမျိုးနဲ့ လုပ်ဆောင်နေတဲ့ အခုလမ်းကြောင်း ကို ထောက်ခံပေးသွားဖို့ ကတော့ ကျနော်တို့ အသေအချာကို အဆင်သင့်ရှိနေပါတယ်။”
အဖွဲ့ဝင် ဆယ်နိုင်ငံပါ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ ထမ်းဆောင်ရေး အာဆီယံနိုင်ငံခြား ရေးဝန်ကြီးတွေက တညီတညွတ်ထဲ ထောက်ခံခဲ့ကြပြီးတဲ့နောက်မှာ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြောခဲ့တာပါ။
မြန်မာအစိုးရက ဆက်ပြီး အကျဉ်းချထားဆဲရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အတိုက်အခံ ပါတီတွေအားလုံးကို နိုင်ငံရေးစနစ်ထဲမှာ အပြည့်အ၀ ပါဝင်ခွင့် ပေးရေးတို့ဟာ မြန်မာနိုင်ငံ၊ ဒေသတွင်းနဲ့ ကမ္ဘာကြီးရဲ့ စီးပွားရေး အကျိုးဖြစ်ထွန်းဖို့ပါပဲလို့ Ishikane က ပြောပါတယ်။
အာဆီယံ ဒေသတခုလုံးအနေနဲ့ ဆိုရင် စီးပွားရေး တိုးတက်နေပြီး ဂျပန်၊ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေဆီကနေ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလန်းတွေ ၀င်လာနေတယ်လို့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနိုက ပြောပါတယ်။
အာဆီယံဒေသရဲ့ အားနည်းချက်တခုက အခြေခံအဆောက်အအုံပိုင်း လျော့နည်းတာဖြစ်တယ်လို့ ဂျပန် ဒုတိယနိုင်ငံခြားရေး ၀န်ကြီး Ishikane က ပြောပါတယ်။
မြန်မာနိုင်ငံ ကိစ္စမှာဆိုရင် အခြေခံအဆောက်အအုံပိုင်း အားနည်းချို့တဲ့တာနဲ့ စီးပွားရေး အရ တသီးတခြား အထီးကျန် ဖြစ်နေတာတွေက မဲခေါင်ဒေသကနေ အိန္ဒိယနိုင်ငံဆီ တိုက်ရိုက် ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်နိုင်ဖို့ရာမှာ အတားအဆီး ဖြစ်နေတယ်လို့ သူကဆိုပါတယ်။
“လမ်းတွေ၊ ဆိပ်ကမ်းတွေ အများကြီးရှိတယ် ဆိုပေမဲ့ မဲခေါင်ဒေသရဲ့ တခြား အစိတ်အပိုင်းတွေကနေ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ အသုံးပြုနိုင် တဲ့အဆင့်မှာ ရှိမနေပါဘူး။ ဒီ ပျောက်နေတဲ့ အစိတ်အပိုင်းကိုသာ ချိတ်ဆက်နိုင်မယ် ဆိုရင် မာလက္ကာ ရေလက်ကြားကို ဖြတ်စရာ မလိုတော့ဘဲ အိန္ဒိယသမုဒ္ဒရာထဲကို တိုက်ရိုက် ရောက်နိုင်ပြီးတော့ အာဆီယံဒေသ၊ အထူးသဖြင့် မဲခေါင်မြစ်ဝှမ်း ဒေသကို အိန္ဒိယနိုင်ငံနဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။”
အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းတွေ အတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ချေးငွေ ဒေါ်လာ ၂၀ ဘီလီယံနီးပါးကို ဂျပန်နိုင်ငံက ထောက်ပံ့နေတယ်လို့ Ishikane က ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သိသာထင်ရှားပြီး ရေရှည်ခံတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်မယ်ဆိုရင် အဲဒီထောက်ပံ့ငွေထဲက အများအပြားကို မြန်မာနိုင်ငံအတွက် ပေးချင်တယ်လို့လည်း ဆိုပါတယ်။
မြန်မာအစိုးရဟာ နိုင်ငံရေး အကျဉ်းသားတချို့ကိုလွှတ်ပေးတာ၊ သတင်းမီဒီယာတွေအပေါ် တင်းကျပ်ခဲ့တာတွေကို အတန်ငယ် လျှော့ပေါ့ သက်သာပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ စသည်အားဖြင့် ပြုပြင် ပြောင်းလဲနေပါတယ်ဆိုတာကို ရည်ညွှန်းတဲ့ လုပ်ရပ်တချို့ကို ပြီးခဲ့တဲ့လပိုင်းအတွင်း လုပ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း နောက်ကြောင်း ပြန်လှည့်လို့မရအောင် ခိုင်မာတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်ဖို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံအများအပြားက မြန်မာအစိုးရကို ဆက်ပြီး တောင်းဆိုနေပါတယ်။

သမ္မတအိုဘားမား သြစတြေးလျားခရီးဆက်
အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ အေပက် APEC ထိပ်သီးညီလာခံကျင်းပရာ ဟာဝိုင်အီကနေ သြစတြေးလျားကို မနေ့က နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လည်မှာ ထွက်ခွာသွားခဲ့ပါပြီ။ သြစတြေးလျားခရီးစဉ်ဟာ သမ္မတအိုဘားမား မကြာခဏစီစဉ်ပြီးမှ ရွှေ့ဆိုင်းခဲ့ရတာတွေရှိခဲ့ပြီးတော့ အခုအခါမှာတော့ စီးပွားရေးနဲ့ လုံခြုံရေးတွေကို ၂ နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ မြို့တော် ကမ်ဘာရာကို ဆိုက်ရောက်လာမယ့် သမ္မတအိုဘားမားဟာ သြစတြေးလျားဝန်ကြီးချုပ် ဂျူလီယာဂေးလပ်နဲ့ (Julia Gillard) တွေ့ဆုံဆွေးနွေးကြပြီးတဲ့နောက် ၂ ဦးပူးတွဲ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်မှာဖြစ်ပါတယ်။
မနက်ဖြန် ကြာသာပတေးနေ့မှာ သြစတြေးလျားပါလီမန်မှာ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သြစတြေးလျားမြောက်ပိုင်းက မြို့တော် ဒါဝင်ကို သွားရောက်ပြီးတော့ ဒါဝင်မှာ အမေရိကန်မရိန်းတပ်စခန်းတခု အသစ်ဖွင့်လှစ်မယ့် အစီအစဉ်ကို ကြေညာမှာဖြစ်ပါတယ်။
အခု ခရီးစဉ်ဟာ အမေရိကန် သြစတြေးလျား ကာကွယ်ရေးပူးတွဲစာချုပ်တရပ် ချုပ်ဆိုခဲ့တဲ့ နှစ် ၆၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ် ခရီးလည်း ဖြစ်ပါတယ်။
source: VOA
အိန္ဒိယ လယ်ယာသုံး စက်ကိရိယာ အရောင်းပြခန်း မြန်မာ၌ ဖွင့်မည်
ရန်ကုန်၊ နိုဝင်ဘာ ၁၅
အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီမှ မြန်မာ့လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ စတင်ရောင်းချမည့် စာနယ်ဇင်း ရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ရှိPark Royal Hotel၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်ထွန်စက်များမှာ မြင်းကောင်ရေ ၂၅ ကောင်မှ ၁၁ဝ ကောင်အထိ အမျိုးအစား စုံလင်စွာပါဝင်သည့် စက်များအပြင် လယ်ထွန်စက်နှင့် တွဲဖက် အသုံးပြု နိုင်သော ဆက်စပ် ပစ္စည်းများ ဖြစ်ပြီး နှစ်နှစ် အာမခံဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
Escort ကုမ္ပဏီမှ ထုတ်လုပ်သော ပစ္စည်းများမှာ မြန်မာနိုင်ငံအပြင် အမေရိကန်၊ သြစတြေးလျနှင့် တူရကီ၊ ပိုလန်နိုင်ငံတို့မှ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ပေါင်း ၈၅ နိုင်ငံတွင် လက်ရှိ ရောင်းချနေသော စက်များ ဖြစ်ကြောင်း သိရသည်။
source: ThitHtooLw

ဧပြီဦး
source: ThitHtooLw
15 November 2011
ထားဝယ်မှာ လျှပ်စစ်ဓါတ်အားပေး စက်ရုံ ဆောက်မယ်
ထားဝယ်မြို့မှာ လျှပ်စစ် မဂ္ဂါဝပ် ၄၀၀၀ နီးပါးလောက် ထုတ်လုပ်နိုင်တဲ့ ကျောက်မီးသွေးလောင်စာသုံး လျှပ် စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ဖို့အတွက် ထိုင်းနိုင်ငံစတော့ရှယ်ယာ ရောင်းဝယ်ရေးအေဂျင်စီ စာရင်းဝင် ရတ်ချ (Ratch) လျှပ်စစ်ထုတ်လုပ်ရေးဦးပိုင်ကုမ္ပဏီနဲ့ အီတလီ-ထိုင်း ဖွံ့ဖြိုရေး ကုမ္ပဏီ (ITD) တို့ဟာ အစုစပ် စီးပွားဖက်အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ မနေ့က လက်မှတ်ရေးထိုးလိုက်တဲ့ နားလည်မှုစာချွန်လွှာမှာ နောက်နှစ်မှာဖွဲ့မယ့် ကုမ္ပဏီ သစ်ရဲ့ အစုရှယ်ယာ ၃၀%ကို Ratch ကုမ္ပဏီ က ပိုင်ဆိုင်မှာဖြစ်ပြီး ITD က ၇၀% ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။
ပထမ ၃နှစ်မှာ စီမံကိန်းတခုကို ၁၃၀ မဂ္ဂါဝပ်စီရှိတဲ့ အငယ်စားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း ၃ခုကို လုပ်ဆောင်မှာ ဖြစ် ပါတယ်။ သဘောတူညီချက်အရ ၆၀၀ မဂ္ဂါဝပ် ရှိတဲ့ စီမံကိန်း ၆ ခုကိုလည်း တည်ဆောက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ် အချိန်မှာ ဆောက်မလဲဆိုတာတော့ Ratch ကုမ္ပဏီ ရဲ့ဥက္ကဋ္ဌ ဖြစ်သူ နော့ဖိုးလ်မီလင်ထန်းဂွန်းက ပြောဆိုခြင်း မရှိပါဘူး။ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ကတော့ ၁ မဂ္ဂါဝပ်ကို အမေရိကန်ဒေါ်လာ ၁.၅သန်း ကျမှာ ဖြစ်ပါတယ်။ Ratch ကုမ္ပဏီဟာ ထားဝယ်မှာ ရေနက်ဆိပ်ကမ်းအပါအ၀င် ဆက်စပ်နေတဲ့ ပူးတွဲစီမံကိန်းတွေအပေါ်မှာလည်း စိတ်ဝင်တစား ရှိပါတယ်လို့ နော့ဖိုးလ် က ပြောပါတယ်။ ဗမာပြည်ရဲ့ ထားဝယ်မြို့ဟာ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ ပြည်နယ်ရဲ့ အနောက်ဖက်မှာ တည်ရှိ ပါတယ်။
ထိုင်းနိုင်ငံရဲ့အကြီးဆုံး ကန်ထရိုက်လုပ်ငန်းရှင်ဖြစ်တဲ့ ထိုင်းနိုင်ငံစတော့ရှယ်ယာရောင်းဝယ်ရေးအေဂျင်စီ (SET)မှာ စာ ရင်းဝင်ထားတဲ့ ITD ကုမ္ပဏီ ဟာ ပထမအဆင့်အတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၈ဘီလျံတန်ဘိုးရှိတဲ့ ၁၀ နှစ် ကြာ စီမံကိန်းအတွက် မြန်မာအစိုးရနဲ့ သီးခြားသဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စီမံကိန်း တခု လုံးဆို အမေရိကန်ဒေါ်လာ ၅၈ ဘီလျံလောက် ရှိနိုင်ပါတယ်။
“အဓိက ဒီလျှပ်စစ်စက်ရုံကို ဗမာပြည်မှာ ဆောက်မယ်လို့ခန့်မှန်းထားတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေ အတွက် လိုအပ်နေတဲ့လျှပ်စစ် ၀န်ဆောင်မှုပေးရေးကို ရည်ရွယ်ထားပါတယ်။ ပိုလျှံတဲ့ဟာကိုတော့ ထိုင်းနိုင်ငံလျှပ်စစ် စွမ်းအား ဖြည့်တင်းရေးအတွက် အသုံးပြုမှာ ဖြစ်တယ်” လို့ မစ္စတာ နော့ဖိုးလ်က ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ထိပ်တန်း စွမ်းအင် ကုမ္ပဏီကြီးတခုဖြစ်တဲ့ ထိုင်းနိုင်ငံရေနံ ကုမ္ပဏီ (PTT Plc)ကလည်း ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်ဖို့ စိတ်ဝင်စားနေ ပါတယ်။ Ratch ကုမ္ပဏီက စေ့စပ်ညှိနှိုင်းနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ ခု ထဲမှာ ထားဝယ်စီမံကိန်းက တခုအပါအ၀င် ဖြစ်ပြီး တခြား ၃ ခု လည်း နောက်နှစ်မှာ အပြီးသတ်ညှိနှိုင်းဆောင်ရွက်နိုင်မယ်လို့ ခန့်မှန်းရတယ်လို့ နော့ဖိုးလ်က ပြောပါ တယ်။
Ratch ဟာ လာအို၊ သြစတြေးလျနဲ့ဗမာနိုင်ငံတွေအပြင် ဖိလိပိုင်နဲ့အင်ဒိုနီးရှားလို အာဆီယံနိုင်ငံတွေကိုလည်း ရင်းနှီးမြုပ် နှံဖို့ ရွေးချယ်ထားပါတယ်။ ကုမ္ပဏီဟာ ဓါတ်အားပေးစက်ရုံတွေအပြင် သြစတြေးလျနဲ့အင်ဒိုနီးရှားနိုင်ငံ တွေက ကျောက် မီးသွေးတွင်းတွေမှာ အစုရှယ်ယာ ပါဝင်ထားပါတယ်။ သူ့ကုမ္ပဏီရဲ့ လျှပ်စစ်ထုတ်လုပ်နိုင်မှု ပမာဏဟာ ဒီနှစ် ၅၁၈၀ မဂ္ဂါ ၀ပ်ကနေ ၂၀၁၆ မှာ ၆၆၆၀ မဂ္ဂါဝပ်ထိ တိုးချဲ့ထုတ်မယ်လို့ Ratch က ဟောကိန်းထုတ်ထားပါတယ်။ ထိုင်း နိုင်ငံရဲ့ အကြီး ဆုံး ပုဂ္ဂလိက လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းက နောက်နှစ်မှာ သူ့လုပ်ငန်းတွေကို ဘတ်ငွေ ၁၂ ဘီလျံ ထိ တိုးချဲ့ဖို့ လျာ ထားပါတယ်။ Ratch ကုမ္ပဏီမှာ အကြွေးနဲ့ ရှယ်ယာတန်ဘိုးအချိုးအစားက ၁း၁ နဲ့ အကြွေးနဲ့ ရှယ်ယာတန်ဘိုး အသား တင်အချိုးအစားက ၀.၅း၁ ရှိပါတယ်။ငွေသားအနေနဲ့ ဘတ်ငွေ ၇ဘီလျံ-၈ဘီလျံ ရှိပြီး၊ အစုရှယ်ယာ ရှင်တွေကို ဒီဘင်ချာ အကြွေးလက်မှတ်တန်ဘိုးစုစုပေါင်း ဘတ်ငွေ ၇.၅ ဘီလျံ ထုတ်ပေးဖို့ ခွင့်ပြုလိုက်ပါတယ်။
ကုမ္ပဏီက နောက်နှစ် ဇွန်လမှာ Ratch-Australia ကော်ပိုရေးရှင်း မှာ သူ့ရဲ့ပိုင်ဆိုင်မှု ကို အခု ၅၆.၁၆% ရှိနေရာက နေ ၈၀% ထိ တိုးမြှင့်ဖို့ အတွက် ဘတ်ငွေ ၃ဘီလျံ သုံးစွဲမှာ ဖြစ်ပါတယ်။ ဒီကော်ပိုရေးရှင်းဟာ Transfield Services Infrastructure ကို အမည်ပြောင်းထားတာပါ။
နိုဝင်ဘာ ၁၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
source: Naytthit
ဧရာဝတီတိုင်း ဒေသကြီး ရေငန်တားတမံ စီမံကိန်းရေးဆွဲမှု ကန်ဒေါ်လာ ၄မီလျံ အကုန်အကျခံ၍ ဂျပန် တည်ဆောက်မည်
ဂျပန်၏နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုဖြင့် တည်ဆောက်မည့် လပွတ္တာမြို့ရှိ ရေငန်တားတမံ တည်ဆောက်ရေး ရှေ့ပြေးစီမံကိန်းအား လာမည့် ၂ဝ၁၁ ဧပြီတွင် အပြီးသတ် ဆောင်ရွက်မည်ဟု ၄င်းစီမံကိန်း အဖွဲ့ခေါင်းဆောင် Mr. Shunichi HOSONO က ပေါ်ပြူလာနယူးစ် သို့ ပြောသည်။ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာ ဝတီတိုင်းဒေသကြီးအား ဒီရေလှိုင်း ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ရေငန်တားတမံ ၃၄ ခုကို ဂျပန်- မြန်မာပူးပေါင်း၍ Master Plan ရေးဆွဲလျက်ရှိရာ ၄င်းစီမံကိန်းထဲမှ လပွတ္တာမြို့ မြောက်ကျွန်း၌ ၃၉ ကီ လိုမီတာကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထိုစီမံကိန်းတွင် ၉ ကီလို မီတာကို ပုဂ္ဂလိကလုပ်ငန်းရှင်များ အားတင်ဒါခေါ်ယူစေ၍ လုပ်ကိုင်ခွင့် ချပေးခဲ့ပြီး ကျန် ၃ဝ ကီလိုမီတာကို ဂျပန်ပညာရှင်များက ဆည်မြောင်း ဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်မည်ဟု သိရသည်။ ”အရင်စမ်းသပ် လုပ်ကိုင်ခဲ့တဲ့ တစ်ကီလိုမီတာလုပ်တဲ့ နည်းပညာ ၆ မျိုးထဲက ၂ မျိုးကို အသုံးပြုပြီး တည်ဆောက်သွားမှာပါ။ လုပ်ခွင့်ရရှိတဲ့ ကုမ္ပဏီက မြေသားတားတမံ လုပ်ငန်းအတွေ့အကြုံရှိတဲ့ စမ်းသပ်တမံတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီပါ။ တင်ဒါဈေးအနည်းဆုံး တင်နိုင် လို့ အဲဒီကုမ္ပဏီကရရှိခဲ့တာပါ။ ဆောင်ရွက်မှုကို ကြီးကြပ်တာ၊ စောင့်ကြည့်တာကိုတော့ စီမံကိန်း အဖွဲ့ကဆောင်ရွက်မှာပါ”ဟုစီမံကိန်း အဖွဲ့ခေါင်းဆောင်က ပြောသည်။ ထိုကဲ့သို့ ရှေ့ပြေးစီမံကိန်း ဆောင်ရွက်ရာတွင် မြစ်အား မျက်နှာချင်း မဆိုင်သည့်နေရာများ၊ ကုန်းတွင်းပိုင်း ကျသည့်အပိုင်းများကို ချန် လှပ်ထားခဲ့မည်ဖြစ်ပြီး အဓိကကျသည့် အပိုင်းများကိုသာ ဆောင်ရွက်မည်ဟု သိရသည်။ ရေငန်တားတမံ တည်ဆောက်ရာတွင် ယခင်ထက် ငါးပေထပ်ပိုးကာ အမြင့် ဆယ့်နှစ်ပေခန့်တည်ဆောက်မည်ဖြစ်သည်။ ၄င်းရေငန်တားတမံသည် နှစ်ပေါင်း ၅ဝ ထိ ခံနိုင်ရည်ရှိမည် ဟုဆိုသည်။ ”စီမံကိန်းတစ်ခုလုံးက ၂ဝ၁၁ အောက်တိုဘာမှာ ပြီးဆုံးမယ်။ ရှေ့ပြေးစီမံကိန်းကတော့ ဒီနှစ် အောက်တိုဘာ ၁ ရက်ကနေ စပြီးလာမယ့် ဧပြီမှပြီးမှာပါ။ ဒီရှေ့ပြေးစီမံကိန်းထဲမှာ ပျက်စီးနေတဲ့ ရေတံခါး ၆၈ ခု ကိုပါတစ်ပါတည်းတမံတည်ဆောက်ရင်း ထည့်သွင်းပြင်ဆင်သွားမှာပါ။ ဒီ ရှေ့ပြေးစီမံကိန်းကရလာတဲ့ အချက်အလက်တွေကို အခြေခံပြီး Master Plan ဆက်ရေးဖို့ရှိတယ်။ ဒီ စီမံကိန်းကြီးတစ်ခုလုံးအတွက် ကုန်ကျငွေကို ကန်ဒေါ်လာ ၄ မီလျံ လောက်ကုန်ကျမယ်လို့ ခန့်မှန်းထား ပါတယ်” ဟု Mr. Shunichi HOSONOက ပြောကြားခဲ့သည်။ဂျပန်အစိုးရသည် တမံတည်ဆောက်ခြင်း၊ လေကာဒီရေတော ပြန်လည်တည်ဆောက်ခြင်း၊ မျိုးစပါး၊ မျိုးကောင်းမျိုးသန့်ရရှိရေး အကောင်အထည်ဖော်သည့် စီမံကိန်းနှင့် ဝင်ငွေတိုးတက်ရရှိရေးစီမံကိန်း တို့ကို ရှေ့ပြေးစီမံကိန်းအဖြစ် ဧရာ ဝတီတိုင်းဒေသကြီး၌ ဆောင်ရွက် လျက်ရှိရာတွင် ရေငန်တားတမံ တည်ဆောက်ရေးသည် အဓိက စီမံ ကိန်းအဖြစ် ပါဝင်ကြောင်း သိရ သည်။ ၄င်းရှေ့ပြေးစီမံကိန်းများကို မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၊ ဆည်မြောင်း ဦးစီးဌာန၊ စိုက်ပျိုးရေးနှင့် စီမံ ကိန်း ဦးစီးဌာနတို့ဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ လွန် ခဲ့သည့် ၁၉၇၈ကပင် ကမ္ဘာ့ဘဏ်၏ ကူညီထောက်ပံ့မှုဖြင့် ရေငန်တား တမံများကို ဂျပန်အစိုးရမှပညာရှင်များက တည်ဆောက်ခဲ့သည်။ သို့သော် ၂ဝဝ၈ နာဂစ်မုန်တိုင်း တိုက်ခတ်ရာတွင် ၄င်းရေငန်တား တမံများကိုကျော်၍ ဒီရေလှိုင်းများ ဝင်ရောက်ခဲ့ရာ စိုက်ပျိုးမြေများ၊လူနေ အိမ်များအများအပြားပျက်စီးခဲ့သည်။
source:Popular
ဗြိတိန်ဝန်ကြီး မြန်မာနိုင်ငံရောက်
ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Andrew Mitchell ဟာ မြန်မာနိုင်ငံမှာ ရောက်နေပါ တယ်။ သုံးရက်ကြာခရီးစဉ်ကို ဒီကနေ့ စတင်တာမှာ ရန်ကုန်မြို့ကနေ နေပြည်တော်ကို ခရီးဆက်သွားဖို့ ရှိပါတယ်။ ရန်ကုန်မြို့၊ ဗြိတိန်သံရုံးက ဗွီအိုအေကို သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုပေမဲ့ တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မပြောပါဘူး။
ဝန်ကြီး Mitchell ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဝင်ဘာလ ၁၇ ရက်၊ ကြာသပတေးနေ့မှာ တွေ့ဆုံမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်တဦးဖြစ်တဲ့ ဦးခွန်သာမြင့်က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။
ဝန်ကြီး Andrew Mitchell ဟာ လွန်ခဲ့တဲ့လေးနှစ်ခွဲတုန်းကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ်။
ဗြိတိန်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနဟာ နိုင်ငံခြားတိုင်းပြည်တွေကို ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကူအညီ အထောက်အပံ့တွေပေးနေတဲ့ အဓိကဌာနတခုဖြစ်ပါတယ်။
source: VOA
13 November 2011
နယူးမန္တလာထွန်းယာဉ်လိုင်းမှ ရန်ကုန်-မန္တလေးအသွားခရီးသည်တင် ကားတိမ်းမှောက်
ယနေ့နံနက် ၅နာရီဝန်းကျင်အချိန်တွင် နယူးမန္တလာထွန်းယာဉ်လိုင်းမှ ရန်ကုန်-မန္တလေးအသွားခရီးသည်တင် ကားမှာ ကျောက်ဆည်နှင့်တံတာဦးမြို့ကြား မြင်စိုင်းရွာအနီးတွင် တိမ်းမှောက်သွားခဲ့ပြီး ခရီးသည် ၉ ဦး ပွဲချင်းပြီး သေဆုံးကာ ခရီးသည် ၂၆ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
`ကားမောင်းတဲ့သူက အိပ်ငိုက်ပြီး ဖြစ်သွားတာလို့သိရပါတယ်။ ကားက လမ်းလယ်ကျွန်းကိုကျော်ပြီး ဘေးက ချောက်ထဲပြုတ်ကျသွားခဲ့တာပါ၊ လူတွေကလည်း တော်တော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရပါတယ်။ ကျိုးပဲ့ကြပါတယ်။ ခုအားလုံးပဲ တံတားဦး ဆေးရုံပေါ်မှာပါ`ဟု တံတားဦးမြို့ခံတဦးက ပြောသည်။
ပြင်းထန်စွာ ဒဏ်ရာရရှိသူများမှာ ၂၆ ဦးရှိပြီး အရေးပေါ်အခြေအနေဖြင့် တံတားဦးဆေးရုံသို့ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသွားသူများထဲတွင် အသက် ၈ နှစ်အရွယ် မိန်းကလေးတဦးလည်း ပါဝင်ခဲ့ကြောင်း တံတားဦးမြို့ခံများထံမှ သိရှိရသည်။
`ခုမနက် ၁၁ နာရီထိုးခါနီးထိ နယူးမန္တလာထွန်းက တာဝန်ရှိသူတွေ တယောက်မှ ရောက်မလာသေးဘူး၊ ဒီက မြို့ခံတွေက ၀ိုင်းပြီးတော့ လုပ်စရာရှိတာ လုပ်ပေးနေရတယ်၊ ယာဉ်လိုင်းက တာဝန်ရှိသူတွေ လာရောက်ပြီးဆောင်ရွက်ပေးသင့်တာ လုပ်ပေးရမှာပေါ့ဗျာ။ လူတွေ သေတာရော ဒဏ်ရာရတာကော နည်းမှ မနည်းတာ`ဟု တံတားဦးမြို့ခံတဦးက ပြောသည်။
source: thithtoolwin

ထိုင်း စက်မှုဇုန်တွေ ရွှေ့ မယ့် သတင်းကြောင့် ရွှေပေါက်ကံ နဲ့  ရွှေပြည်သာ မြေဈေးထိုးတက်
ထိုင်းနိုင်ငံ မှာ ရေကြီး နစ်မြုပ်ပြီး ပျက်စီး ကုန် တဲ့ စက်ရုံ့ တွေ ကို ရင်းနှီးမြုပ် နှံထား
တဲ့ နိုင်ငံတကာ လုပ်ငန်း ရှင် တွေ ဟာ သူ တို့  ရဲ့  စက်ရုံ တွေ ကို မြန်မာ နိုင်ငံ ရန်ကုန် မြို့  ကို
ရွှေ့ မယ်ဆိုတဲ့ သတင်း ကြောင့် ရန် ကုန် မြို့  က စက်မှုဇုန် ပါ ရှိ ပြီး လူနေအိမ်ငြိမ် နဲ့  နီးတဲ့ ရွှေပေါက္ကံ၊
ရွှေပြည်သာ စတဲ့ နေရာ တွေ မှာ အိမ်ခြံဈေး တွေ ဟာ အဆမတန် မြင့် တက် သွား ကြောင်း
FNG မှ သတင်း ရရှိ သည်။

ရွှေပြည်သာ မြို့ နယ် နှင့် ရွှေပေါက်ကံ မြို့ နယ် များ တွင် ထိုင်းနိုင်ငံ မှ လုပ်ငန်း ရှင် သူဌေးများ
၏ ကိုယ်စားလှယ် များ က မြေနေရာ လွတ် များ နှင့် စက်ရုံများ ကို လာရောက်ကြည့် ရှု ကြ
သဖြင့် ယခု ကဲ့ သို့  ဈေးတက် သွား ခြင်း ဖြစ်သည်။
၏ ကိုယ်စားလှယ် များ က မြေနေရာ လွတ် များ နှင့် စက်ရုံများ ကို လာရောက်ကြည့် ရှု ကြ
သဖြင့် ယခု ကဲ့ သို့  ဈေးတက် သွား ခြင်း ဖြစ်သည်။
မိုးရာသီ ကာလ က သိန်း ၅၀၀ ခန့် တန် သည့် ရွှေပေါက်ကံ မြို့ ရှိ လုံးချင်း အိမ် တစ်လုံးမှာ
ယခု သိန်းတစ်ထောင် ခန့် ထိ ဈေး ခေါ် နေသည် ဟု သိရသည်။
ယခု သိန်းတစ်ထောင် ခန့် ထိ ဈေး ခေါ် နေသည် ဟု သိရသည်။
ပြီးခဲ့ သည့် သီတင်း တစ်ပတ် ကျော်က ရန်ကုန် မြို့ မင်္ဂလာ တောင်ညွှန့် ရှိ ကန်ထရိုက် တိုက် တစ်
လုံး ပြိုကျရာမှ ၀ယ်လက် များ က ကန် ထရိုက် တိုက် ကို ရှောင် ပြီး မြေပါ သည့် လုံးချင်း များ
ကို အဆွဲ များ ခြင်း ကြောင့် ဟု ဆို သည်။
လုံး ပြိုကျရာမှ ၀ယ်လက် များ က ကန် ထရိုက် တိုက် ကို ရှောင် ပြီး မြေပါ သည့် လုံးချင်း များ
ကို အဆွဲ များ ခြင်း ကြောင့် ဟု ဆို သည်။
ထိုင်း နိုင်ငံ တွင် လာရောက် ရင်းနှီးမြုပ် နှံ ထား သည့် စီးပွားရေး လုပ်ငန်း ရှင် များ ကလည်း
ဆိုးရွား လှသည့် ရေဘေးကြောင့် ထိတ်လန့် ခြောက် ခြာားကာ တစ်ပြည်တစ်ကျေး သို့  ပြောင်း
လဲအခြေစိုက် ရန် ကြိုးပမ်းလာကြသည်။
ဆိုးရွား လှသည့် ရေဘေးကြောင့် ထိတ်လန့် ခြောက် ခြာားကာ တစ်ပြည်တစ်ကျေး သို့  ပြောင်း
လဲအခြေစိုက် ရန် ကြိုးပမ်းလာကြသည်။
source: FNG
12 November 2011
ဂျပန် အသက်အာမခံ ကုမ္ပဏီတစ်ခု ဒီဇင်ဘာလတွင်ဖွင့်လှစ်ရန်စီစဉ်
ဂျပန် အသက်အာမခံ ကုမ္ပဏီတစ်ခုမှ ယခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ရန်စီစဉ်နေကြောင်း Myanmar Polesta ကုမ္ပဏီ MD ဖြစ်သူ ဦးကျော်မင်းထွန်းက ပြောကြားသည်။ သူတို့က မြန်မာ့အာမခံလုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ ရင်းနှီးမြှုပ်နှံတဲ့ သဘောပါ။ ရုံးခန်း ဖွင့်တာတော့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ လုပ်မယ်လို့သိထားတယ်။
၁၂ လပိုင်းမှာ စတင်မှာပါ ဟု ယင်းပုဂ္ဂိုလ်က ဆိုသည်။ယင်းကုမ္ပဏီအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းနှင့်ချိတ်ဆက်ကာ အသက်အာမခံ ထားနိုင်ရန် ဆောင် ရွက်မည်ဖြစ်သည်။ မြန်မာ့အာမခံလုပ်ငန်းတွင် ပြည်သူ့ဝန်ထမ်း အသက်အာမခံ၊ တပ်မတော်သား ဝန်ထမ်း အသက်အာမခံ၊ ပြည်သူ ပြည်သား အသက်အာမခံ၊ စုပေါင်း အသက်အာမခံ၊ သင်္ဘောသား အသက်အာမခံ၊ တရားဝင်ပြည်ပလုပ်သား အသက်အာမခံ၊ မြွေအန္တရာယ် အသက်အာမခံ၊ အားကစားသမား အသက်အာမခံများကို ထားရှိနိုင်သည်။
source: Yoyarlay
10 November 2011
မလေးရှားကားစက်ရုံ တစ်ခု မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ ပြင်
မလေးရှားနိုင်ငံ အခြေစိုက် Asia Motor ကားကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၄၄ သန်း ကုန်ကျမယ့် ကားစက်ရုံ တစ်ခု မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။
မလေးရှား မော်တော်ယာဉ် ပစ္စည်း အရောင်းပြခန်း တစ်ခုလည်း မြန်မာနိုင်ငံမှာ လာရောက်ဖွင့်ဖို့ ရှိပြီး ကားပစ္စည်းတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ရောင်းချမယ်လို့ ပြည်တွင်းထုတ် ပေါ်ပြူလာ သတင်းဂျာနယ်ကို ကိုးကားပြီး တရုတ် အစိုးရ ဆင်ဝှါသတင်းက ရေးပါတယ်။ Asia Motor ကားကုမ္ပဏီဟာ နှစ်စဉ် မော်တော်ကား စီးရေ ၃ သိန်း ထုတ်လုပ်ပြီး နိုင်ငံပေါင်း ၂၇ နိုင်ငံကို တင်ပို့ ရောင်းချနေတဲ့ ကုမ္ပဏီ တစ်ခုပါ။ တစ်ချိန်ထဲမှာပဲ မြန်မာ အာဏာပိုင်တွေဟာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှါးတက္ကဆီ ၂၀၀ ခန့်ကို မလေးရှားနိုင်ငံထုတ် ပရိုတွန်ကားတွေနဲ့ အစားထိုးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ မလေးရှား အခြေစိုက် ပရိုတွန် မော်တော်ကား ကုမ္ပဏီဟာ ကားအမျိုးအစား ၁၂ မျိုးခန့် နှစ်စဉ် ထုတ်လုပ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်ကို တင်ပို့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ ရာဘာ ထုတ်လုပ်ရေး၊ စာအုန်းဆီ ထုတ်လုပ်ရေးနဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်ရေး ဆိုင်ရာ စာချုပ်တွေ မလေးရှားနဲ့ မြန်မာ လုပ်ငန်းရှင်တွေ အကြား ချုပ်ဆိုခဲ့ပါတယ်။ မြန်မာအစိုးရ စာရင်းအင်းတွေ အရ ၂၀၁၀-၁၁ ကုန်သွယ်ရေးနှစ် အတွင်း မလေးရှား မြန်မာကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ နီးပါး ရှိခဲ့ပါတယ်။သတင်း---RFA
စင်ကာပူအကောင်းဆုံးစက်မှုစီမံကိန်းဆု မြန်မာကျောင်းသား ရရှိ
စင်ကာပူ အစိုးရပိုင်နံပါတ်တစ် ထိပ်တန်းကျောင်း၌ တက်ရောက် နေသည့်မြန်မာကျောင်းသားတစ်ဦး အကောင်းဆုံးစက်မှုစီမံကိန်းဆုကို ရရှိခဲ့ကြောင်း စင်ကာပူေ ရာက် မြန်မာအသိုင်းအဝိုင်းမှ သိရသည်။စင်ကာပူအမျိုးသားတက္ကသိုလ်မှ ကျင်းပသည့်နိုင်ငံတကာကျောင်းသား ၄ဝ ပါဝင်ယှဉ် ပြိုင်သော Institute of System Science၌ ရရှိခဲ့ခြင်း ဖြစ်ပြီး အလုပ်အကိုင်အတွက်ပါ ကမ်းလှမ်းခြင်းခံခဲ့ရသည်ဟု ဆုရရှိခဲ့သူ မောင်ကျော်သူရက ဆိုသည်။၎င်းဆုယူပွဲသို့ ကိုယ်တိုင် သွားရောက်ေ လ့လာခဲ့သူ ပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ”အခုလို မြန်မာကျောင်းသားတစ်ဦး အနေနဲ့ အကောင်းဆုံး ပရောဂျက်ဆုကိုရတယ်ဆိုတာကို ဝမ်းသာပါ တယ်။ ထူးချွန်တဲ့သူတွေအတွက် ထိုက်တန်တဲ့နေရာတစ်ခုဆိုတာ ရှိပါ တယ်” ဟု ပြောသည်။ဆုရ မြန်မာကျောင်းသားအနေဖြင့်Kepple Shipyard သင်္ဘော ကုမ္ပဏီတွင်လက်တွေ့လုပ်ငန်းဆောင်ရွက်နေပြီး လေ့ကျင့်ပေးရေး အစီ အစဉ်များကို ပရိုဂရမ်ရေးသားခဲ့သည့်အတွက် ယင်းကဲ့သို့ ဆုရခြင်းဖြစ် ကြောင်း သိရသည်။
source: popularmyanmar
ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာ အိမ်ဈေး၊ မြေဈေးတွေတက်
စက်မှုဇုံ မြေကွက်တစ်ခု (photo: Google Image)
မြန်မာနိုင်ငံက အဓိက မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာ အိမ်ဈေး၊ မြေဈေးတွေ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းမက တက်လာနေ တယ်လို့ စုံစမ်း သိရပါတယ်။
မန္တလေး မြို့ခံ အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းရှင်တဦး ပြောပြတာကတော့ ကားဈေးကွက် ငြိမ်သွား တာကြောင့်၊ မြေဈေးကွက် ဘက်ကို လှည့်ကစား ကြတာ ဖြစ် တယ် လို့ ဆိုပါတယ်။
အခုဆိုရင် မြို့ပြင် ဘက် က မြေကွက်တွေဟာ နှစ်ဆလောက် တက်သွားကြောင်း အဲဒီ လုပ်ငန်းရှင် အမျိုးသမီးက ရှင်းပြပါတယ်။
မန္တလေး မြို့လယ် ဘက် မှာတော့ အရောင်းအဝယ် နည်းတယ် လို့ သိရ ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လနဲ့ချီနေပြီ ဖြစ်တဲ့ ရေဘေးကြောင့် အဲဒီက စက်ရုံတွေ မန္တလေးကို ရွှေ့နိုင်တဲ့အတွက် စက်မှုဇုံ မြေကွက်တွေကို စိတ်ဝင်စားမှု တွေ ရှိလာ နေတာ ဖြစ်တယ် လို့ လည်း သိရပါတယ်။
ရန်ကုန်မှာလည်း အရင်းအနှီး နဲ့ အပြောင်းအလဲ အတွက် လက်ဦးမှု ယူသူတွေ ရှိလာ နေတယ်လို့ အကျိုးဆောင် လုပ်ငန်း တခုမှ ဝန်ထမ်းတဦးက ပြောပါတယ်။
စီးပွားရေး အကွက်မြင်သူတွေကြောင့် ရန်ကုန်နဲ့ မန္တလေးက အိမ်ဈေး၊ မြေဈေးတွေဟာ ခေါ်ဈေးတွေ မြင့်တာရော၊ လက်သိပ်ထိုး အရောင်းအဝယ်တွေအပြင် အငှားအရမ်းတွေပါ ရှိနေတာ ကတော့ အသေအချာ ဖြစ်ပါတယ်။
သတင်း---ဘီဘီစီ

7 November 2011
အစိုးရသစ် အပြောင်းအလဲများ EU ကြိုဆို
မြန်မာနိုင်ငံတွင် အရေးကြီးသည့် နိုင်ငံရေး အပြောင်းအလဲများဖြစ်ပေါ်နေသည်ကို ကြိုဆိုကြောင်း ဥရောပ သမဂ္ဂ (EU) အဆင့်မြင့် သံတမန် တဦးက ပြောကြားလိုက်သည်။ ထိုအပြောင်း အလဲများအတွက် ကူညီထောက်ပံ့ပေးနိုင်ရန်များစွာ မျှော်လင့်ထားသည် ဟု လည်း ဆိုသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရောက်ရှိနေသော EU သံတမန် David Lipman က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ် သည်။ David Lipman သည် ယနေ့ စတင်ပြီး ရန်ကုန်မြို့တွင် EU က ဦးဆောင် ကျင်းပသော ဆင်းရဲမွဲတေမှု လျော့ကျရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာခြင်းဖြစ်ကြောင်း AFP သတင်းတရပ်၌ ရေးသားထားသည်။
source: Irrawaddy
source: Irrawaddy
တရုတ်ပြည်က ဗုဒ္ဓစွယ်တော် နေပြည်တော် ရောက်ရှိ
တရုတ်ပြည်မှ ဗုဒ္ဓစွယ်တော်သည် ယမန်နေ့က နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်သို့ ရောက်ရှိလာသည်။ ယင်းစွယ်တော် ကြိုဆို ပင့်ဆောင်သည့် အခမ်းအနားကို နေပြည်တော်လေဆိပ်မှ စတင်၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြီး နိုင်ငံတော် သံဃ မဟာ နာယကအဖွဲ့ ဥက္ကဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ သမ္မတ ဦးသိန်းစိန် ၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါအ၀င် အစိုးရအဖွဲ့ဝင်များက ပူဇော် ဖူးမြော်ကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယခုပင့်ဆောင်လာသည့် စွယ်တော်မှာ ဗုဒ္ဓ ၏ အထက် ၀ဲဘက် စွယ်တော်ဖြစ်သည်ဟုလည်း ပါရှိသည်။
source: Irrawaddy
source: Irrawaddy
5 November 2011
နိုင်ငံရေးပါတီ ဥပဒေ ပြင်ဆင်တဲ့ဥပဒေသစ်ကို သမ္မတ ဦးသိန်းစိန် လက်မှတ် ရေးထိုး
နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် ပြင်ဆင်တဲ့ဥပဒေသစ်ကို သမ္မတ ဦးသိန်းစိန် လက်မှတ် ရေးထိုးလိုက်ချိန်ဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာခေါင်းဆောင်တွေ နေပြည်တော်ကို သွားရောက်ပြီး မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တိုက်တွန်းအားပေးခဲ့ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
အရင်ဥပဒေဟောင်းမှာ ဖော်ပြထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရမယ် ဆိုတဲ့နေရာမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လေးစားလိုက်နာရမည် ဆိုပြီး ပြင်ဆင်ထားသလို ထောင်ဒဏ်ကျခံနေရသူ အကျဉ်းသားတွေ နိုင်ငံရေးပါတီဝင်မဖြစ်စေရ ဆိုတဲ့အချက်နဲ့ နိုင်ငံရေးပါတီ တစ်ခုဟာ အနည်းဆုံး မဲဆန္ဒနယ် သုံးခုမှာ ပါဝင်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ အချက်တွေကို ဖျက်သိမ်းထားပါတယ်။
ဒီလို ဥပဒေ ပြင်ဆင်ဖျက်သိမ်းမှုတွေကို ပြုလုပ်တာဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးမှာ ပြန်လည်ပါဝင်နိုင်အောင် အတွက် လမ်းဖွင့်ပေးလိုက်တာဖြစ်တယ် ဆိုတဲ့ယူဆချက်တွေ ထွက်ပေါ်လာနေပါတယ်။
မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချဲလ်က ပါတီမှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ခြင်းဟာ NLD ပါတီ နိုင်ငံရေးစနစ်ထဲ ၀င်နိုင်ဖို့အတွက် အလွန်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ် ဖြစ်တယ်၊ ဒီလိုသာဖြစ်ခဲ့ရင် အမေရိကန်အနေနဲ့ တနည်းနည်း တုံ့ပြန်ဖို့ စဉ်းစားပေးနိုင်မယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဟာ မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ပြီး လုပ်ဆောင်နေတယ်၊ ဒီလို ဥပဒေပြင်ဆင်မှုဟာ ပြုပြင်ပြောင်းလဲရေးရဲ့ လက္ခဏာတစ်ခုဖြစ်တယ်။ NLD မှတ်ပုံတင်မတင် ဆိုတာကတော့ NLD အပေါ်မှာမူတည်နေပြီး အမေရိကန်အစိုးရကတော့ အခြေအနေကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်လို့ ပြောကြားသွားပါတယ်။
source: VOA
4 November 2011
ဘန်ကီမွန်းနှင့် သမ္မတကြီး ဦးသိန်းစိန်ဘာလီကျွန်းတွင် တွ့ဆုံသွားမည်
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်မည့် လေးကြိမ်မြောက် အာဆီယံ - ကုလသမဂ္ဂ အစည်းအဝေးတွင် တရားဝင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်၏ အကြံပေး အရာရှိ မစ္စတာ ဗီဂျေး နမ်ဘီးယားက နိုဝင်ဘာလ ၄ ရက်နေ့ ရန်ကုန်လေဆိပ်တွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ပြောကြားသည်။" အတွင်းရေးမှူးချုပ်က သမ္မတနဲ့ ဘာလီမှာ လုပ်မယ့် အာဆီယံ - ကုလသမဂ္ဂ အစည်းအဝေးမှာ တွေ့ချင်တယ် " ဟု မစ္စတာ ဗီဂျေး နမ်ဘီးယားက ဆိုသည်။မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် လာရောက်သော ခရီးစဉ်အဖြစ် ငါးရက်ကြာ လာရောက်သည့် ခရီးစဉ် အပြီးတွင် ၄င်းက မြန်မာ့ နိုင်ငံရေးတွင် တိုးတက်မှုများ တွေ့ရသော်လည်း ဆက်လက် လုပ်ဆောင်ရမည့် ဦးစားပေး လုပ်ငန်းများ ရှိနေကြောင်း၊ ငြိမ်းချမ်းရေး၊ အကျဉ်းသား လွှတ်ပေးရေးနှင့် မြန်မာ့နိုင်ငံရေးတွင် အားလုံး ပါဝင်နိုင်ရေးအတွက် လိုအပ်သော ဥပဒေများ ပြင်ဆင်မှု ပြုလုပ်ရေးတို့ ဖြစ်ကြောင်း ကုလသမဂ္ဂအကြံပေး အရာရှိက ရှင်းလင်း ပြောကြားသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်မည်၊ မတင်မည်ကိုမူ မိမိ အနေနှင့် အသေးစိတ် မသိရှိပါကြောင်း မစ္စတာ ဗီဂျေး နမ်ဘီးယားက သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသွားသည်။မစ္စတာ ဗီဂျေ နမ်ဘီးယားသည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ လာရောက်ခဲ့ပြီး နိုင်ငံတော် ဒုတိသမ္မတ ဦးအောင်မြင့်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရ ထိပ်တန်း ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ အားလုံးနှင့် တွေ့ဆုံခဲ့သည်။
ဗီဂျေးနမ်ဘီယာ၏ မြန်မာနိုင်ငံအပေါ်သုံးသပ်ချက်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် နိုဝင်ဘာလ ၄ရက်နေ့ညနေ သုံးနာရီလေးဆယ့်ငါးအချိန်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပသို့မထွက်ခွာမီ ဗီဂျေးနမ်ဘီယာ၏ မြန်မာနိုင်ငံအပေါ်သုံးသပ်ချက်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလဲပွဲတွင်လည်း မြန်မာနိုင်ငံဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် ကုလသမဂ္ဂမှ မြန်မာနိုင်ငံအပေါ်ဆောင်ရွက်ချက်များ၏ အမြင်များကိုလည်း ပြောကြားသွားခဲ့သည်။
`ပြောင်းလဲလာတဲ့အခြေအနေကိုတွ့ကို ကျေနပ်မိကြောင်း၊ မြန်မာပြည်ကို ဆက်လျက်ပြီး အကူအညီပေးသွားပါမယ်` ဟု ဗီဂျေးနမ်ဘီယာက ပြောသည်။
အဆိုပါ ဗီဂျေးနမ်ဘီယာသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ပထမနေ့တွင် နေပြည်တော်သို့သွားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အခြားသော ၀န်ကြီးဌာနများမှ ၀န်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ဗီဂျေးနမ်ဘီယာသည် ၂၀၁၀ပြည့်နှစ်တွင်မှ ကုလသမဂ္ဂအတွင်းရေးမှူး၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် စတင်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုမြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် တတိယအကြိမ်မြောက်ဖြစ်သည်။
www.yangon.unic.org

Subscribe to:
Comments (Atom)