13 May 2012

စင်ကာပူအကူအညီဖြင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မတွင် ဒုတိယစီးပွားရေးမြို့တော် တည်ထောင်မည်

စင်ကာပူ၏ အကူအညီဖြင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မတွင် ရန်ကုန်မြို့၏ ဒုတိယစီးပွားရေးမြို့ ကို တည်ထောင်မည်ဖြစ်ကြောင်း မြို့တော်ဝန်ဦးလှမြင့်က အတည်ပြုပြောကြားသည်။

                               photo : Google Image

အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရန် ငါးနှစ် Master Plan ရေးဆွဲမည်ဖြစ်ကာ ပြည်တွင်း မှ အတွေ့အကြုံရှိ ပညာရှင်များ၊ စင်ကာပူကက်ပယ်အဖွဲ့မှ ပညာရှင်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမြို့ပြ စီမံကိန်းဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

“MCC ရှိတဲ့ မင်းမ္မဘက်မှာ ဒုတိယစီးပွားရေးမြို့တော်လုပ်ဖို့ လျာထားပါတယ်။ စည်ပင်ပိုင်မြေ မှာ မိုဒယ်အဖြစ် စတင်ဆောင်ရွက်ဖို့ရှိတယ်။ ဒီနေရာနဲ့ဆက်စပ်နေတဲ့ ၀န်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက် ရင် ပိုအောင်မြင်မှာပါ။ နိုင်ငံခြားက ပညာရှင်တွေကို ဖိတ်ခေါ်အကြံဥာဏ်ယူရေးဆွဲသွားဖို့ရှိပါတယ်။ စင်ကာပူ ကတ်ပယ်အဖွဲ့ကို မြို့ပြစီမံကိန်းရေးဆွဲတာနဲ့ ပတ်သက်ပြီး အကူအညီတောင်းထားတာရှိပါတယ်” ဟု ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးလှမြင့်က မေ ၁၁ ရက်က ပြုလုပ်သောသတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရန်ကုန်မြိုတော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့ပြစီမံကိန်းများကို ရန်ကုန်တိုင်းဒေ သကြီး ၀န်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စတင်ရေးဆွဲနေပြီဖြစ်ကာ ယခင်က မြို့ပြစီမံကိန်းများကို မြို့ရွာနှင့် အိုးအိမ်ဌာနက ရေးဆွဲပြီး ယင်းဌာနမှ လွှဲပြောင်းသော မြို့နယ်များကို စည်ပင်မှ ထိန်းသိမ်းခြင်းကိုသာ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။


The article first appeared on Flower News Journal(ပန်းသတင်းဂျာနယ်) - အတွဲ ၈၊ အမှတ် ၁၈

No comments:

Post a Comment