26 May 2012

မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ရန်ကုန်တွင်ဆောက်မည်

                                  photo by Google Image

ရန်ကုန်မြို့တော်၌ မိုးလွန်ကာလများတွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ မရရှိသည့်ပြဿ နာကို ပြေလည်စေရေးအတွက် မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံးလျှပ်စစ် ဓာတ်အားပေးစက် ရုံကို ရန်ကုန်မြို့အနီး တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မေလ ၂၂ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာသည်။

အဆိုပါရေရှည်စီမံချက်အဖြစ် တည်ဆောက်မည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံ J-Power ကုမ္ပဏီနှင့် ဖက်စပ်တည်ဆောက်မည်ဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ BKB ကုမ္ပဏီ နှင့် ပူးပေါင်း၍ မဂ္ဂါဝပ် ၅၀၀ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ၌ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင် သည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိသည်။

သို့သော် ဂျပန်နိုင်ငံမှာ နည်းပညာမြင့်မားသည့်အတွက် ဂျပန်နည်းပညာဖြင့် တည်ဆောက် ထားသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများမှာ မီးခိုးငွေ့ထွက်ခြင်း၊ ပြာများ၊ ကျောက်မီးသွေးအမှုန် များလွင့်ခြင်းများတို့ လုံးဝမရှိကြောင်း၊ အလွန်သန့်ရှင်းသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများဖြစ် ကြောင်း နိုင်ငံတော်သမ္မတကြီး၏ ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးစဉ်တွင် လိုက်ပါသွားသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဧပြီလ ၂၉ ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။



“ဂျပန်နည်းပညာနဲ့ တည်ဆောက်ထားတဲ အလွန်နည်းပညာမြင့်တဲ့ ကျောက်မီးသွေးသုံးဓာတ် အားပေးစက်ရုံတွေက မီးခိုးတွေ။ ပြာတွေမထွက်ဘူး။ ကျောက်မီးသွေးကို မမြင်ရဘူး။ ကျောက်မီးသွေးကို အတုံးသေးလေးတွေ တုံးပြီးမှ လေလုံတဲ့ ကွန်တိန်နာတွေကနေ ပိုက်လိုင်းနဲ့ ဆက်ပြီးသုံးတာ။ အလွန်သန့်ရှင်း တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက် ရုံများကို ၂ နှစ်အတွင်း အပြီးတည်ဆောက်သွားရန်ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တစ်ဦးက အတည်ပြု ပြောကြားသည်။

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဆောက်မည်ဆိုပါက Pollution (ညစ်ညမ်းမှု) ဖြစ်နိုင် ကြောင်း၊ လေထဲမစွန့်ပစ်လျှင် မြေထု၊ ရေထုသဲထဲ စွန့်ပစ်နိုင်ကြောင်း စွန့်ပစ်ပစ္စည်းများကို မည်သို့စွန့်ပစ်မည်၊ ရေရှည်တွင် ဘေးထွက်ဆိုးကျိုးမဖြစ်စေရန် မည်သို့ထိန်းသိမ်းမည်တို့ကို ကြိုတင်စဉ်းစားထားသင့်ကြောင်း၊ တစ် ဖက်ကလည်း မြင့်မားသည့် နည်းပညာကြောင့် ကုန်ကျစရိတ်မြင့်မားမှုနှင့် အသုံးပြုရမှုတို့ အဆင်ပြေတွက်ခြေ ကိုက်မှု ရှိ၊ မရှိကို တွက်သင့်ကြောင်း ထိုင်းနိုင်ငံရှိ ကျောက်မီးသွေးစက်ရုံများသို့ လေ့လာရေး သွားရောက်ခဲ့ သည့် ထားဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ ရန်ကုန်ညှိနှိုင်းရေးမှူး ဦးဘိုဘိုအောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀မရရှိမှုအပေါ် ရန်ကုန်မြို့တော်အပါအ၀င် ပဲခူး မြို့၊ ပြည်မြို့၊ မုံရွာမြို့၊ မန္တလေးမြို့နှင့် ပေါင်းတည်မြို့ စသည့်မြို့ကြီးများတွင် ဖယောင်းတိုင်ထွန်း၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မေလတတိယပတ်အတွင်းက ပြုလုပ်ခဲ့ကြသည်။

source: Teashop Talk

No comments:

Post a Comment