13 May 2012

ရှေးရိုးစွဲသူလိုသူများ နောက်ချန်ခဲ့မည်ဟု သမ္မတကြီးသတိပေး

                                    Photo: Google Image
တိုးတက်လိုသည့်အမြင်မရှိသည့် ရှေးရိုးစွဲများ ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ၏ မေလ ၁၁ ရက်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နှုတ်ထွက်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခြင်း၊ ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်စေသော ပြည်ထောင်စု ၀န်ကြီးများကို နေရာပြောင်းရွေ့ချထားမည်ဟု သတင်းထွက်ပေါ်နေသည့် အချိန်တွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။


"အဆင်းရဲဆုံး LCD နိုင်ငံဘ၀ကနေ ရုန်းထွက်နိုင်ဖို့အတွက် တခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့ အညီ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေချပေးပြီး ဖြစ်ပါတယ်။ မူတွေ ကောင်းသော်လည်း လူတွေ မကောင်းရင် မအောင်မြင်နိုင်ပါဘူး"ဟု သမ္မတကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ယင်း အစည်းအဝေးသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်နယ်နှင့် တိုင်းများမှ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။

source:The Voice Weekly

No comments:

Post a Comment