31 October 2011

အမေရိကန်အရှေ့မြောက်ပိုင်းသို့ နှင်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်၊လူနှစ်သန်းကျော် လျှပ်စစ်မီးပြတ်တောက်


အမေရိကန်နိုင်ငံအရှေ့မြောက် ပိုင်းသို့ အောက်တိုဘာလ ၂၉ ရက်တွင် နှင်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး လူနှစ်သန်းကျော်မှာ လျှပ်စစ်မီးပြတ်တောက်မှု ကြုံတွေ့ခဲ့ရကာ ခရီးသည် ထောင်ပေါင်းများစွာမှာ လေဆိပ်တွင် သောင်တင်နေခဲ့ကြောင်း သိရသည်။   
ပင်ဆီဗေးနီးယားတွင် သစ်ပင်တစ်ပင်သည် အိမ်ပေါ်သို့လဲကျမှုကြောင့် ယင်းအိမ်ရှိ အသက် ၈၄ နှစ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ကွန်နက်တီကပ်တွင် လူတစ်ဦးမှာ ကားမောင်းနေစဉ် သေဆုံးခဲ့ကြောင်း ပြည် နယ်အရေးပေါ်ရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် စကော့ဒီဗစ်ကိုက ပြောကြားခဲ့သည်။ မက်ဆာချူးဆက်တွင် အသက်၂၀ အရွယ်ရှိ လူတစ်ဦးသည် ဓာတ်ကြိုးကို သွားကိုင်ခဲ့သဖြင့် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒင်းနစ်လက်ဂီရီက ပြောကြားခဲ့သည်။ 
အချို့နေရာများတွင် နှင်းထုမှာ ၁၈ လက်မ အထူအထိ ကျဆင်းနိုင်သည် ဟု ခန့်မှန်းထားသည်။ နှင်းမုန်တိုင်း တိုက်ခတ်နိုင်မှုသတိပေးချက် ထုတ်ပြန်ခဲ့ပြီး တစ်နာရီလျှင် လေတိုက်နှုန်း ၅၀ မိုင်နှုန်းရှိမည်ဟု ကြေညာခဲ့သည်။ ကွန်နက်တီကပ်၊ နယူးယောက်၊ နယူးဂျာစီ၊ မက်ဆာချူးဆက် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ၎င်းတို့၏ ပြည်နယ်များတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ 
နယူးဂျာစီရှိ Newark အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်းခရီးစဉ်အားလုံးကို အောက်တိုဘာလ ၂၉ ရက်၊ ညနေ ၄ နာရီတွင် ဖျက်သိမ်းခဲ့သည့်အတွက် တန်းစီစောင့်ဆိုင်းခဲ့ရသော ခရီးသည်များမှာ စိတ်ပျက်ဒေါသထွက်ခဲ့သည်။ ဂါးဒင်းပြည်နယ်ရှိ တီတာဘိုရိုလေဆိပ်ကိုလည်း နာရီအနည်းငယ်ကြာ ပိတ်ခဲ့ရသည်။ နယူးယောက်ရှိ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်နှင့် လာဂွာဒီယာလေဆိပ်နှစ်ခုတွင်လည်း နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့သည်။
Ref:CNN , Eleven Media


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ဒီကနေ့ မနက်က ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။ အစိုးရဖိတ်ကြားချက်နဲ့ ရောက်ရှိလာတဲ့ ၅ ရက်ကြာခရီးစဉ် အတွင်းမှာ အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယား ဒီကနေ့ မနက် ၉ နာရီလောက်က ရန်ကုန်မြို့ကို ဆိုက်ရောက်လာတာဖြစ်ပြီး ချက်ချင်းဆိုသလို မြန်မာအစိုးရရုံးစိုက်ရာ နေပြည်တော်ကို ဆက်လက် ထွက်ခွာသွားတာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်လာတာဖြစ်ပြီး သူ့ရဲ့ခရီးစဉ်အတွင်းမှာ အစိုးရ အဖွဲ့ဝင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။
ခုတခေါက်ခရီးစဉ်ဟာ မစ္စတာနမ်ဘီးယား မြန်မာပြည်ကို တတိယအကြိမ်မြောက် ခရီးစဉ်လည်းဖြစ်ပါတယ်။  ပြီးခဲ့တဲ့မေလအတွင်း ဒုတိယအကြိမ် လာရောက်ခဲ့တုန်းကတော့ မစ္စတာနမ်ဘီးယားက မြန်မာအစိုးရသစ် ဆီကနေ အင်မတန် အားတက်ဖွယ်ကောင်းတဲ့ အရိပ်လက္ခဏာတွေ တွေ့ရကြောင်း ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
မြန်မာအစိုးရသစ် တက်လာပြီးနောက်မှာ သူတို့ဟာ ဒီမိုကရေစီစနစ်ဆီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်ဆိုတာကို ကမ္ဘာကို ပြသဖို့ကြိုးစားလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ ခပ်စိပ်စိပ် တွေ့ဆုံလာတာမျိုး၊ ငွေကြေးလဲလှယ်မှုဆိုင်ရာ အပြောင်းအလဲတွေအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ဆီက အကြံဉာဏ်တောင်းခံတာမျိုးတွေ လုပ်လာခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်ကို မြန်မာနိုင်ငံကိုလာဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။ ဘာကြောင့်ဖိတ်သလဲ ဆိုတာကိုတော့ အစိုးရကိုမေးဖို့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရလို့ အတိအကျ မပြောနိုင်ပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ ကုလသမဂ္ဂက မြန်မာပြည်အရေးမှာ ပါဝင်ဆောင်ရွက်တာကို ကြိုဆိုလိုက်ပြီး မြန်မာပြည်မှာ အမှန်တကယ် တိုးတက်ပြောင်းလဲ နေပြီလားဆိုတဲ့အပေါ်မှာ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ပြောဆိုပါတယ်။
“ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအရေး ၀င်ရောက်ဆောင်ရွက်မှုတွေ အမြဲတမ်းကြိုဆိုပါတယ်။ တိုးတက်မှု ဘယ်လောက်ရှိတယ်မရှိတယ် ဆိုတာကတော့ လုပ်ငန်းစဉ်တွေမှာ ကြည့်ရမှာပါ။ ကျနော်တို့က တိုးတက်မှုတွေ စနေတယ်ဆိုတာလောက်ကိုတော့ လက်ခံတယ်။ တိုးတက်မှု တကယ်ရှိပြီလားဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်နေရတဲ့ အခြေအနေပါ။”
မစ္စတာ နမ်ဘီးယားဟာ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို စတင် လာရောက်ခဲ့တာဖြစ်ပြီး အရင်လာရောက်ခဲ့တဲ့ ခရီးစဉ် နှစ်ခုလုံးမှာတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

source: VOA

နေရာ ခုနစ်ခုတွင် ပုဂ္ဂလိက ဘဏ်လေး ခုက ငွေလဲကောင်တာများ ထပ်မံ ဖွင့်လှစ်


ရန်ကုန်တိုင်း ဒေသကြီးအတွင်းလူ အသွားအလာများသော နေရာ ခုနစ်ခုတွင် ပုဂ္ဂလိက ဘဏ်လေး ခုက ငွေလဲကောင်တာများကို အောက်တိုဘာလ ၂၄ရက်နေ့တွင် ထပ်မံ ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိ သည်။
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ် (AGD)မှ ရန်ကုန်လေဆိပ် ရှိ နိုင်ငံတကာဆိုက်ရောက်နှင့် ထွက်ခွာနေရာ၊ ဆူးလေဘုရားအ နီး Myanmar Shopping Mall နှင့် ကမာရွတ်မြို့နယ်ရှိ AGD ဘဏ်ခွဲတို့တွင် ဖွင့်လှစ်ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် ကမ္ဘောဇဘဏ်က ဗိုလ်တထောင်မြို့နယ်ရှိ KBZ ဘဏ်ခွဲနှင့် ကျောက်တံတားမြို့ နယ်ရှိ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ဘဏ်လမ်းထောင့်တို့တွင် ထပ်မံ ဖွင့်ခဲ့ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူကဆိုသည်။
ဧရာဝတီဘဏ်က ဗိုလ်ချုပ် ဈေးနှင့် ဗိုလ်အောင်ကျော်လမ်းတို့ တွင် ငွေလဲကောင်တာများ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ယခုဖွင့်လှစ်သော ဘဏ် များမှ ငွေလဲကောင်တာများမှာ သိမ်ဖြူလမ်းတွင် ဖွင့်လှစ်ထား သော ငွေလဲကောင်တာမှ စဉ်း မျဉ်းစည်းကမ်းအတိုင်းလဲလှယ် ရမည်ဖြစ်ပြီး ပိတ်ရက်မရှိဖွင့်ပေး မည်ဟု သတင်းရရှိသည်။ ထိုကဲ့သို့ ပုဂ္ဂလိက ဘဏ် များမှ ငွေလဲကောင်တာများ ထပ် မံဖွင့်လှစ်ခဲ့သဖြင့် ပြင်ပငွေအ ရောင်းအဝယ်ဈေးကွက် နှုန်းမှာ ယခင်က ၁၀ ကျပ်ခန့် ကွာခဲ့သော်လည်း အောက်တိုဘာ ၂၄ ရက်မှစ၍ ၅ ကျပ်သာကွာ တော့ကြောင်း သတင်းရရှိသည်။ သို့သော် ပြင်ပဈေးကွက် တွင် ရောင်းဝယ်ရာ၌ မည်သည့် အထောက်အထားမှ ပြစရာမလို ခြင်း၊ ငွေလဲကောင်တာဈေးနှင့် မကွာသော ဈေးဖွင့်ပေးခြင်း ကြောင့် အရောင်းအဝယ် အနည်း ငယ်ပျက်သွားသော်လည်း ပပျောက် မသွားနိုင်သေးကြောင်း ငွေကြေး ဈေးကွက် ကျွမ်းကျင်သူများက ဆိုသည်။
သိမ်ဖြူလမ်းတွင် ဖွင့်လှစ် ထားသော ငွေလဲကောင်တာ၌ အထောက်အထား မပြနိုင်ဘဲ မှတ်ပုံတင်ဖြင့်သာ ရောင်းဝယ်လို ပါက ဒေါ်လာ ၅၀ဝ ခန့်သာ အ လွယ်တကူရောင်း၍ ရကြောင်း ငွေရောင်းချသူများထံမှ သိရ သည်။ ဘဏ်သစ် ၄ ခု အပါအဝင် ပုဂ္ဂလိကဘဏ် ၁၉ ခုအား နိုင်ငံ ခြားငွေလဲလှယ်ရေးကောင်တာ ၅၀ အောက်တိုဘာ ၂၄ ရက်မှ စတင်ဖွင့်လှစ်ခွင့်ပြုကြောင်းနိုင်ငံ ပိုင် သတင်းစာများတွင် ဖော်ပြခဲ့ သည်။ ကမ္ဘောဇဘဏ်ခွဲက ဟဲဟိုး နှင့် မန္တလေးမြို့ရှိ အမှတ် ၂ ၃ ခင်စောမူကွေ့၊ ရန်ကုန်-မန္တလေး လမ်းကြီးပေါ်တွင် ဖွင့်လှစ်မည် ဖြစ်သည်။ ထို့အပြင် ဗွီ ဘဏ်က နေပြည်တော်လေဆိပ်၊ ရန်ကုန် လေဆိပ်နှင့် ဧရာဝတီဘဏ်က မန္တလေးလမ်း ၃၀ ဘူတာကြီးကွေ့ တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ၂၄ရက် က ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာနှင့် အက်ဖ် အီးစီတစ်ယူနစ်လျှင် ၈၀ဝ ကျပ် ဈေးရှိ ကြောင်း သတင်းရရှိသည်။
source: Yoyarlay

30 October 2011

ပြည်ပတွင်နိုင်ငံခြားငွေရရှိ ရန် လုပ်ကိုင်နေသူများအပြင် ပြည်တွင်း၌ အခွန်ထမ်းဆောင် လုပ်ကိုင်နေသည့် အခွန်ထမ်းများကိုပါ ကားတင်သွင်းခွင့်ပေးရန် စီစဉ်နေ


ပို့ကုန်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ကိုင် သူများ၊ ပြည်ပတွင်နိုင်ငံခြားငွေရရှိ ရန် လုပ်ကိုင်နေသူများအပြင် ပြည်တွင်း၌ အခွန်ထမ်းဆောင် လုပ်ကိုင်နေသည့် အခွန်ထမ်းများကိုပါ ကားတင်သွင်းခွင့်ပေးရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့ပါသည်။
“နိုင်ငံခြားငွေရရှိတဲ့ ပို့ကုန်လုပ်ငန်းရှင်၊ ဟိုတယ်ခရီးလုပ်ငန်းရှင်၊ သင်္ဘောသားနဲ့ ပြည်ပမှာ နိုင်ငံခြား ငွေရရှိအောင်လုပ်ကိုင်နေတဲ့ သူတွေကိုလည်း တင်သွင်းခွင့်ပေးဖို့ စီစဉ် လုပ်ဆောင်နေတယ်။ နိုင်ငံခြားငွေ ရတဲ့သူချည်းပဲ မဟုတ်ပါဘူး။ ပြည် တွင်းမှာ တကယ်အခွန်ဆောင်ပြီး လုပ်ကိုင်နေရတဲ့သူတွေ၊ စက်မှုလုပ်ငန်းရှင်တွေကိုလည်း ပေးဖို့အတွက် သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်း လျက်ရှိပါတယ်။ မော်တော်ယာဉ်တင် သွင်းခြင်းဆိုင်ရာကြီးကြပ်မှု ကော်မတီဖွဲ့စည်းထားတာ ရှိပါတယ်။ မကြာခင် အမိန့်ကြော်ငြာစာတွေနဲ့ ထွက်လာတော့မှာပါ။ လောလောဆယ်တော့ ယာဉ်ဟောင်းအပ်နှံတာ ရယ်၊ ကားအရောင်းစင်တာ ဖွင့်တဲ့ ကိစ္စကတော့ ဖြစ်လာပါပြီ။ အခွန်ထမ်းပြည်သူတွေ မြန်မာငွေနဲ့ဖြစ်ဖြစ် ဒေါ်လာနဲ့ပဲဖြစ်ဖြစ် သူတို့ ဘယ်လောက်ဆောင် ထားသလဲဆိုတာ မျိုးနဲ့ အခွန်ထမ်းတွေကိုလည်း ဦးစား ပေးရမှာပါ။ ဒါတွေကို ကျွန်တော်တို့ အမြန်ဆုံး ဆွေးနွေးညှိနှိုင်းပြီး ထုတ်ပြန်သွားမှာပါ”ဟု အောက်တိုဘာလ ၂၆ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂) စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် မော်တော်ယာဉ် တင်သွင်းခြင်း၊ ကား အရောင်းပြခန်း ဖွင့်လှစ်ခြင်းများနှင့် သက်ဆိုင်သည့် မီဒီယာများနှင့် တွေ့ ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
source: Eleven Media

ရာသီဥတု ဆိုးဝါးနိုင် မဲ့စာရင်းထဲ မြန် မာနိုင်ငံပါ

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှု ရဲ့ ဆိုးကျိုး သက်ရောက်မှု တွေကို ထိခိုက်ခံစားရဆုံး နိုင်ငံ တွေ ထဲမှာ မြန်မာ နိုင်ငံက အဆင့် ၂ဝမှာ ရှိပြီး ထိခိုက်နိုင်မှု က ပြင်းထန် နိုင်တဲ့ စာရင်း မှာ ဝင်နေတယ် လို့ ကမ္ဘာလုံးဆိုင်ရာ စစ်တမ်း ကို ကောက်ယူ ကြေညာခဲ့တဲ့ ယူကေ အခြေစိုက် Maplecroft စစ်တမ်း ကောက်ယူရေး အဖွဲ့ က ပြောပါတယ်။


Maplecroft စစ်တမ်း ကောက်ယူရေး အဖွဲ့ ကမ္ဘာ တ၀န်း စစ်တမ်းကောက်ယူခဲ့ပြီး နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အနေနဲ့ ရာသီဥတု ပြောင်းလဲ လာမှု ဆိုးကျိုး သက်ရောက် မှု တွေ ခံစားရနိုင်ပြီး အဆိုးဆုံး ခံစား ရနိုင်တာ က တော့ ဟေတီနိုင်ငံ ဖြစ်သလို အိမ်နီးနားချင်း နိုင်ငံ ဘင်္ဂလားဒေ့ရှ် က ဒုတိယ အဆိုးဆုံး ဖြစ်နိုင်တယ်လို့ သတ်မှတ် ထား ပါတယ်။
အရှေ့တောင်အာရှထဲက ကမ္ဘောဒီယား နိုင်ငံ က နံပတ် ၆ အဆိုးဆုံး ဖြစ်ပြီး ဖိလစ်ပိုင် ကတော့ နံပတ် ၁၀ နေရာမှာ ရှိနေသလို မြန်မာ နိုင်ငံ ကတော့ အဆိုးဆုံး နံပတ် ၂၀ ချိတ် တယ် လို့ သူတို့ က သတ်မှတ် ထားပါတယ်။
မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းနဲ့ ဧရာဝတီ ကမ်းရိုးတန်း တလျှောက် က သက်ရောက် နိုင်မှု တွေ ပို တယ် လို့ လည်း Maplecroft ရဲ့ Map and Index ဌာန ရဲ့ ဦးဆောင်သူ မစ္စ Helen Hodge က ပြောပါတယ်။
မြန်မာ နိုင်ငံ ဟာ ရာသီဥတု ပြောင်းလဲမှု ရဲ့ ဒဏ်တွေ ဖြစ်တဲ့ မုန်တိုင်း တို့ ရေကြီးတာ တို့ မိုးခေါင်ရေရှား ဖြစ်တာ တို့ ပိုဖြစ်နိုင်တဲ့ အပြင် အဲဒီ ရဲ့ ဆိုးကျိုး ထိခိုက်စရာ တွေ များ မယ့် အကြောင်းလည်း သူက ရှင်းပြပါတယ်။
သူတို့ အနေနဲ့ အဓိက ထား ကြည့် တဲ့ အကြောင်းတွေ ထဲက တချက် ကတော့ သဘာဝ ဘေးအန္တရာယ် တွေ ကျရောက်နိုင်တဲ့ အတိုင်းအတာ တွေ၊ ဒေသ အပူချိန် တို့ စတဲ့ ရာသီဥတု အခြေအနေပါ၊ နောက် လူဦးရေတိုးပွား မှု အခြေ အနေနဲ့ ဆင်းရဲ မွဲတေ မှု အတိုင်းအတာ တို့ ဖြစ်ပါတယ် လို့ သူ က ပြောပါတယ်။
ရာသီဥတု ပြောင်းလဲ လာတဲ့ သဘာဝပြောင်းလဲမှု ဆိုးကျိုးတွေကြောင့် လူဦးရေ တိုးပွားမှု နဲ့ လက်ရှိ ဆင်းရဲ မွဲတေ မှု အတိုင်းအတာ ပိုဆိုးလာမယ့် အနေအထား ကိုလည်း ပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံ ၂၀၀၈ ခုနှစ်တုန်း က နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရတဲ့ ရာဇဝင် နဲ့ အခု လောလောဆယ် ဖြစ်နေတဲ့ ရေကြီး မှု တွေက ရာသီဥတု ပြောင်းလဲ တဲ့ ဒဏ်တွေ ကို ခံစား နေရတာ ကို သက်သေ ပြနေတဲ့ သဘော ဖြစ်ကြောင်းလည်း သူတို့ က သုံးသပ်ပါတယ်။
သူတို့ အနေနဲ့ မြန်မာပြည် ထဲ ကို သွားရောက်ပြီး ကွင်းဆင်း စစ်တမ်းကောက် တာ မျိုး မလုပ်နိုင်ခဲ့ ပေမယ့် လည်း ကမ္ဘာ့နိုင်ငံ အသီးသီး က အချက်အလက်တွေ ကို စုဆောင်း ပြီး အခုလို အဆင့်တွေ ခွဲ သတ်မှတ် ခဲ့ကြောင်း မစ္စ ဟယ်လင် က ပြောပါတယ်။
ရာသီ ဥတု ပြောင်းလဲ တဲ့ဒဏ် သက်ရောက်လာနိုင်မှု ကို နည်းပါးလျော့ ကျ လာအောင် ရေနဲ့ ပတ်သက်တဲ့ စနစ်တကျ စီမံခန့်ခွဲမှု တွေ၊ နောက် ရေကြီးနိုင်တဲ့ နေရာတွေမှာ အဆောက်အဦ ဆောက်လုပ်တဲ့ စနစ် တွေ ကို ပြုပြင် တာ တွေ၊ မြန်မာပြည် ဟာ စိုက်ပျိုးရေးထွက်ကုန် အပေါ်အများ အပြား အခြေခံထားတာမို့ မိုးခေါင် တဲ့ ကာ လ မှာ ခံနိုင်ရည် ရှိတဲ့ ပျိုးပင် တွေ ဖြစ်အောင် ဘယ်လို လုပ် မလဲ စတာ တွေကို စဉ်းစား ထားရင် ကောင်းမယ် လို့ ထင်ပါတယ် လို့ မစ္စ ဟယ်လင် ပြောပါတယ်။
ရာသီဥတု ပြောင်းလဲရေး နဲ့ ပတ်သက်တဲ့ အရေး က ကမ္ဘာမှာတော့ အတော်အရေး တကြီး စဉ်းစား လာတဲ့ ခေါင်းစဉ် ဖြစ်လာနေသလို မြန်မာပြည် အနေနဲ့ လည်း အလေးထား စရာ ကောင်းပြီး အခု Maplecroft ရဲ့ တွေ့ရှိချက်တွေ က နောက်ထပ် သတိပေးချက် တခု တိုးလာတယ် လို့ မှတ်ယူ နိုင်ပါတယ်။
source: BBC

29 October 2011

ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားဘဏ်လုပ်ငန်းများကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်

ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားဘဏ်လုပ်ငန်းများကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်း ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။
''ပုဂ္ဂလိကဘဏ်တွေ နိုင်ငံခြားဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဖွင့်မယ့်နေရာတွေ၊ ၀န်ထမ်းတွေကိုလည်း ပြင်ဆင်နေတယ်။ နိုင်ငံတကာကဘဏ်တွေနဲ့လည်း ချိတ်ဆက်နေပါတယ်။ ၂၀၁၂ နှစ်ဆန်းပိုင်းလောက်ကို ဖွင့်နိုင်ဖို့မှန်းထား ပါတယ်။ ပြင်ဆင်ဖို့လိုတာတွေကို ပြင်ဆင်ထားပြီး ဗဟိုဘဏ်က ခွင့်ပြုချက်ပေးတာနဲ့ ၀န်ဆောင်မှုပေးသွားမှာပါ''ဟု ၁၉၉၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ပုဂ္ဂလိကဘဏ်တစ်ခုမှ ဒုတိယဥက္ကဋ္ဌတစ်ဦးက ပြောကြားပါသည်။
နိုင်ငံခြားဘဏ်လုပ်ငန်း ၀န်ဆောင်မှုလုပ်ကိုင်ရန် ပြင်ဆင်နေသော ပြည်တွင်းပုဂ္ဂလိကဘဏ်များအနေဖြင့် ၂၀၁၁ မကုန်ဆုံးမီ ပြည် တွင်းနိုင်ငံခြားငွေစာရင်းများ ဖွင့်ခွင့်ပြုခြင်း၊ စာရင်းလွှဲပြောင်းခြင်းတို့ကို စမ်းသပ် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း၊ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်၍ နိုင်ငံခြားကုန်သွယ်မှု ငွေပေးချေစနစ်များဖြစ်သော ငွေလွှဲစာတမ်း (Letter of Credit-LC)၊ ကြိုတင်လွှဲပို့ငွေစနစ် (Telegraph Transfer -TT) ၀န်ဆောင်မှု စသည်တို့ကို ပေးအပ်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။
''နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး နိုင်ငံခြားဘဏ်လုပ်ငန်း ၀န်ဆောင်မှုပေးနိုင်ဖို့ နိုင်ငံတကာအသိအမှတ်ပြု စာရင်းအမှတ်လိုတယ်။ SWIFT Code (Standard Format of Bank  Identifier Codes) လို့ခေါ်ပါတယ်။  အဲဒါရဖို့ လျှောက်ထားချိန်က လေးလကျော် ငါးလ၀န်းကျင် လောက် ကြာပါတယ်။ ဒါကြောင့် ၂၀၁၂ နှစ်ဆန်းပိုင်းလောက်မှ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်မှာပါ'' ဟု နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ရန်ပြင်ဆင်နေသော ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါသည်။
မြန်မာနိုင်ငံမှ SWIFT Code ရယူထားသော ဘဏ်လေးခုရှိပြီး SWIFT Code စာရင်းငါးခုရှိပြီး ဖြစ်ကြောင်း၊ နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်ကိုင်ရန် ပုဂ္ဂလိကဘဏ်ဟောင်းများအပြင် ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ပုဂ္ဂလိကဘဏ်များကပါ ပြင်ဆင်လျှက်ရှိကြောင်း သတင်းရရှိသည်။  လက်ရှိ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်နေသော ဘဏ်များမှာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊  မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)၊ မြန်မာ့စီးပွားရေးဘဏ်(MEB)တို့ ဖြစ်ပါသည်။
source: Eleven Media

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ထမ်းဆောင်ခွင့်ရရန်အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းမှုကို နားလည်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောဆို

၂၀၁၄ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခွင့်ရရန်အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းမှုကို နားလည်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။  ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၉ရက်နေ့ ညဦးပိုင်းအချိန်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထိုသို့ပြော ဆိုခဲ့ခြင်းဖြစ်သည်။
''သူကတော့ ရှင်းပြတာပါ။ ဘယ်လိုလုပ်နေသလဲပေါ့။ အန်တီကလည်း ပြောပါတယ်။ နားလည်ပါတယ်လို့။ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္က္ကဋ္ဌကို မျှော်မှန်းတဲ့ကိစ္စတွေအကြောင်းလည်း နားလည်ပါတယ်။ သူတို့ရဲ့အမြင်တွေကိုလည်း နားလည်ပါတယ်။ အားလုံး အဆင်ပြေပါတယ်။၂၀၁၄မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမလားဆိုတာကတော့ သူတို့ဆုံးဖြတ်မှာပေါ့နော်။ အာဆီယံက ဆုံးဖြတ်ရမယ့် ကိစ္စပဲ။ အာဆီယံအလှည့်ကျဥက္ကဌနဲ့ပတ်သက်လို့ အားလုံးမြန်မာနိုင်ငံသူနိုင်ငံသားတွေရော အာဆီယံကပြည်တွေကပါ အားလုံး ၀မ်းသာ နိုင်မယ့် အဖြေတစ်ခုရအောင်လို့တော့ ဖြစ်နိုင်မယ်လို့မျှော်လင့်တဲ့အကြောင်း ပြောထားပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။ 
မြန်မာနိုင်ငံအပေါ်ထားရှိသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို သတင်းထောက်များကို မေးမြန်းခဲ့ရာ အဆိုပါပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သောနိုင်ငံများ၏ သဘောထားနှင့်သာသက်ဆိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။ 
''စီးပွားရေးပိတ်ဆို့မှုကို အစကတည်းက သူတို့လုပ်ကတည်းက  ဘယ်လိုဘယ်လိုအချက်တွေကြောင့်ဆိုပြီး သေသေချာချာပြောထားတာ ရှိပါတယ်။ ဒီပိတ်ဆို့မှုတွေ ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးဆိုတာ ဒီအချက်တွေကို ကြည့်လိုက်ပေါ့။ ပြောထားတဲ့အချက်အလက်တွေနဲ့ ကိုက်ညီလို့ရှိရင် သူတို့တောင်းဆိုထားတဲ့အချက်တွေနဲ့ ကိုက်ညီလို့ရှိရင် သူတို့ဟာသူတို့ဖြုတ်မှာပဲ။ ပြောနေစရာလည်း ဘာမှလိုမှာမဟုတ်ဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့ပါသည်။ 
စီးပွားရေးပိတ်ဆို့အရေးယူမှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမှာ အရေးပါသည်ဟု ယူဆပါသလားဟူသော မေးခွန်းကိုမူ '' မဆိုင်ပါဘူး။ အန်တီနဲ့မဆိုင်ပါဘူး။ သူတို့ပြောထားတဲ့အချက်တွေနဲ့ ကိုက်ညီတယ်ဆိုလို့ရှိရင် သူတို့ဟာသူတို့ဖြုတ်မှာပဲ။ ဒီအချက်တွေက အန်တီပြောတာလည်း မဟုတ်ဘူး။ အန်တီကနေပြီး ဒီအချက် ဒီအချက်ထည့်ပါဆိုပြီး ပြောထားတာလည်း မဟုတ်ပါဘူး။ အမှန်ပြောရလို့ရှိရင် အန်တီလည်း မသိပါဘူး။ ထွက်လာပြီးတော့မှာပဲ ဖတ်ရတာပေါ့''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ 
NLD ပါတီ မှတ်ပုံတင်ရေးကိစ္စကိုမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားဖြင့်သာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ထပ်မံလွတ်မြောက်လာမည်ကိုလည်း ယုံကြည်ကြောင်း အစရှိသော ကိစ္စများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါသည်။
source: Eleven Media

Belo Monte ရေကာတာ ဆောက် တာရပ် ရန် တောင်းဆို

                                         Belo Monte ဆည် Design  (Google Image)

ဘရာဇီးနိုင်ငံ အမေဇုံ သစ်တောထဲမှာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး အကုန်အကျခံ တည်ဆောက်မယ့် စီမံကိန်း နေရာမှာ ရာထောင်ချီတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားသူတွေနဲ့ ဒေသခံလူမျိုးစု တိုင်းရင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။



ဒီ Belo Monte ရေကာတာ ဆောက်လုပ်မှုကို ရပ်ပေးဖို့ သူတို့က တောင်းဆို ခဲ့ကြပြီး ဒီစီမံကိန်းကြောင့် ထောင်သောင်းချီတဲ့ လူမျိုးစု တိုင်းရင်းသားတွေ အိုးအိမ်မဲ့ ဖြစ်နိုင်သလို သဘာဝ ပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေလိမ့်မယ်လို့ ဆိုပါတယ်။
အစိုးရကတော့ ဒီစီမံကိန်းဟာ ဘရာဇီးနိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက် အတွက် တကယ့်ကို အရေးပါတယ်လို့ ပြောပါတယ်။
source: BBC

28 October 2011

ထိုင်းနိုင်ငံ ရေကြီးမှုတစ်လကျော် အထိ ကြာမြင့်နိုင်



ထိုင်းနိုင်ငံတွင် ရေကြီးနေမှုသည် တစ်လကျော် သည်အထိ ကြာမြင့်နေနိုင်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ”ရေတွေ လျော့ကျသွားဖို့  လေးပတ်ကနေ ခြောက်ပတ် အထိ တော့ စောင့်ရလိမ့်မယ်” ဟု သူက ပြောသည်။  နှစ်ငါးဆယ်အတွင်း အဆိုးရွား ဆုံးဖြစ်သည့် ယခု ရေလွှမ်းမိုးမှုကို ကာကွယ်သည့်အနေဖြင့် ဘန် ကောက်မြို့ သားများ အသင့်ပြင်ထား ကြရန် ထိုင်းဝန်ကြီးချုပ် ယင်းလတ် က ပြောကြားစဉ်တွင် ထိုသို့ ဆိုခဲ့ ခြင်းဖြစ်သည်။  ယင်းသို့ သတိပေးပြောကြားရာတွင် မိမိတို့ပိုင်ဆိုင်သော ပစ္စည်း များကို အမြင့်သုံးပေခန့်သို့ ရွှေ့ထား ကြရန်အချက်လည်း ပါဝင်သည်။ ”အခု ရေကြီးတာဟာ အမျိုး သားရေးဆိုင်ရာ အကျပ်အတည်း တစ်ခုဖြစ်ပြီး အားလုံး တစ်ဦးနဲ့တစ်ဦး စည်းစည်း လုံးလုံးနဲ့ ကူညီကြပါ” ဟုလည်း ယင်းလတ်က တိုက်တွန်း ခဲ့သည်။


 ဘန်ကောက်မြို့၏ မြောက်ပိုင်း ရပ်ကွက်အချို့တွင် ရေသည် သုံးပေ ခန့်အထိ တက်နေပြီဖြစ်ပြီး အဆိုပါ အရေးပေါ်အခြေအနေများကို ထိန်း သိမ်းရန်အတွက် သဘာဝဘေး အန္တရာယ်ဥပဒေ အသုံးပြုခွင့်ကို ယင်းလတ်က တောင်းဆိုထား သည်။  ”ရေဘေးဒုက္ခသည်တွေ အတွက် အထောက်အပံ့ပစ္စည်းတွေ ဝေငှရာမှာ တာဝန်ရှိသူတွေက ကြီးကြပ် ဆောင်ရွက်ကြပါလိမ့်မယ်။ ပြည်သူတွေကလည်း ကြိုတင်   ပြင်ဆင်ထားကြရမယ်”ဟု ယင်းလတ်က ပြောသည်။ ဘန်ကောက်မြို့ကို ရေဘေးမှ ကာကွယ်ရေးအတွက် ရေအတား အဆီးများ ပြုလုပ်နေကြသည့် တာဝန်ရှိအဖွဲ့ အစည်းများအား ကာကွယ် ရန်အလို့ငှာ ဒေသအချို့ကို တားမြစ် နယ်မြေသတ်မှတ်ရန် ဝန်ကြီးချုပ်က စဉ်းစားနေပြီဖြစ်ကြောင်း သိရသည်။ ဘန်ကောက်မြို့အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများသည် ရေ အတားအဆီး အစီအမံများ ပြုလုပ် နေစဉ် မြို့သူမြို့သားအချို့က ကန့် ကွက်ကြသဖြင့် ယခုကဲ့သို့ စဉ်းစား လာရခြင်းဖြစ်ကြောင်း သိရသည်။  ”ကျွန်မတို့အထင်ကတော့ ရေဟာ သူ့အတိုင်း စီးသွားရင် ဒီလောက်မကြီးဘူး။ အဲဒီ အတား အဆီးတွေကြောင့် ပိုဆိုးနေတာ” ဟု ကန့်ကွက်သူ ဘန်ကောက် မြို့သူ တစ်ဦးက ပြောပါသည်။  ဒွန်မောင်းမြို့နယ်တွင်လည်း ရေသုံးပေခန့် မြင့်တက်နေပြီဖြစ် သဖြင့် မော်တော်ယာဉ်အချို့ မောင်း နှင်၍မရတော့ချေ။ ဘတ်စ်ကား   ပြေးဆွဲမှုအချို့လည်း ရပ်တန့်လိုက် ကြသောကြောင့် စစ်တပ်မှကားများ ဖြင့် သယ်ယူပို့ဆောင်ရေးကို လုပ်နေကြရသည်။ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက လည်း ရေဘေးသင့် မြန် မာလူမျိုး လေးဆယ်ကျော်ခန့်ကို ယင်းတို့၏ဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သေးသည်။  ဘန်ကောက်မြို့ မြောက်ပိုင်း စားသောက်ကုန် ထုတ်လုပ်ရေးစက် ရုံတစ်ရုံ၌ မြန်မာလုပ်သား ၄၁ ဦး အား လိုအပ်သောကူညီမှုများ ပေးခဲ့ခြင်းဖြစ်သည်။ ”ကားခရော စားစရိတ်တွေ ကိုပါ သံရုံးက အားလုံးစီစဉ်ပေးပြီး သံမှူး ဦးအောင်နိုင်ထွန်းကိုယ်တိုင် ကျွန်တော်တို့ကို တစ်ယောက် ဘတ် ၂ဝဝ စီ ပေးပါသေးတယ်” ဟု အဆိုပါ မြန်မာလုပ်သား အုပ်စုထဲမှ တစ်ဦးကပြောသည်။
ထိုင်းနိုင်ငံဝယ် ရေဘေးဒုက္ခ ကြုံရခြင်းကြောင့် သေဆုံးသူ သုံးရာ ကျော်ခန့်ရှိနေပြီဖြစ်ပြီး လူပေါင်း တစ်သိန်းကျော်မျှ ရေဘေးဒုက္ခ သည်အဖြစ် ရောက်ရှိနေ ကြ   ကြောင်း သိရသည်။ 
source: Popular News

ဒဂုံဆိပ်ကမ်း တောင်သူလယ်သမား ၄ဝကျော် အိုးအိမ်ဦးစီးဌာနရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်



ဒဂုံဆိပ်ကမ်း တောင်သူများ အောက်တိုဘာလ ၂၇ ရက်(ယခု မနက်ပိုင်း) နံနက် ၉ နာရီခွဲခန့်က အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်မှုကို ၁ဝ မိနစ် ခန့်ကြာ ပြုလုပ်ခဲ့သည်။  တောင်သူလယ်သမား အခွင့် အရေး၊ လန-၃၉ အမိန့်ဖျက်သိမ်း ပေးရေး၊ ကမ္ဘာ့စားနပ်ရိက္ခာပြည့်စုံ ရေး စသည့်ဆန္ဒထုတ်ဖော်မှု ဆိုင်းဘုတ် များကို ကိုင်ဆောင်ကာ လယ် သမား ၄ဝ ကျော်ခန့်သည် အိုး အိမ်ဦးစီးဌာနရုံးရှေ့ရှိ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ ပလက်ဖောင်းပေါ်ထိုင်ကာ ဆန္ဒထုတ်ဖော်ပြ ခဲ့ခြင်းဖြစ် သည်။ ”သူတို့က ဘာမှ အော်ဟစ် ဆူညံတာမလုပ်ပါဘူး။ ကိုဖိုးဖြူ ကတော့ မီဒီယာကို သူတို့လာရောက် ဆန္ဒထုတ်ဖော်ပြသခြင်း နဲ့ပတ်သက်ပြီး ရှင်းပြနေတယ်။   နောက် သိပ်မကြဘူး၊ ထွေအုပ်ရုံးနဲ့ ရဲမှူးတွေရယ်၊ လုံခြုံရေးရဲကား ၇ စီးလောက်ရောက်လာပြီး လူစုခွဲ လိုက်တယ်။ ကိုဖိုးဖြူက တောင်သူ တွေအားလုံးကို စီးလာတဲ့ကားပေါ်   ပြန်လွှတ်ပြီး သူတို့ထဲက ၁၁ ဦးက အိုးအိမ်မှတွေ့ပြီး တောင်းဆိုစရာရှိ လို့ နေခဲ့မယ်ပြောတယ်။ ရဲတွေ ဘက်က လက်မခံဘူး အတင်းပြန် လွှတ်လိုက်တယ်”ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူတစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောကြားသည်။  ဒဂုံဆိပ်ကမ်း လယ်ယာမြေများ အား ယခင်တပ်မတော် အစိုးရ လက်ထက်ကတည်းက အထူးစီးပွား   ရေးဇုန် ပြုလုပ်ရန် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ၄င်းလယ် သမားတို့က လျော်ကြေးမလို လယ်သမားစိုက်ပျိုးခွင့် သာလိုသည်။ ဓာတုမြေသြဇာ ဆန့်ကျင်ရေး၊    တောင် သူလယ်သမားနှင့် လယ်ယာမြေ ခွဲဝေပေးလျှင် ဓာတုကင်းလွတ် စိုက် ပျိုးရေးဇုတ်လုပ်မည် အပါအဝင် လယ်စိုက်ဧကမလျော့ပါးရေး လန-၃၉ အမိန့် ဖျက် သိမ်းပေး စသည့် ဆန္ဒပြုဆိုင်းဘုတ်များကိုင်ဆောင်၍ ယခုကဲ့သို့ လာရောက်ဆန္ဒဖော်ထုတ် ခြင်းဖြစ်သည်။
source: Popular News

မြေကြီးအောက် မီတာ ၃၀ဝ အထိတည်ဆောက်မဲ့ အဆောက်အအုံ



ခေတ်အဆက်ဆက်မှာ တည်ဆောက်ခဲ့ကြတဲ့ အဆောက်အအုံ တွေ၊ ဒီနေ့ခေတ် တည်ဆောက် ထားတဲ့ တဲအိမ်တွေက နေအစ ခေတ်မီ အဆောက်အအုံတွေ အဆုံး ရှိရှိသမျှ အဆောက်အအုံ အားလုံးဟာ ပုံစံ၊ သွင် ပြင်၊ အရွယ်အစား အားဖြင့်သာ မတူညီ ကြတာပါ။ အားလုံးကို မြေကြီးပေါ်မှာ ဆောက်လုပ် တည်ဆောက် ထားကြတာ ချည်းပါပဲ။ အခုတော့ ဗိသုကာပညာ ရှင်တွေရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးထား မှုနဲ့အတူ အလွန်ထူးခြား ဆန်းကြယ်တဲ့ အဆောက် အအုံတစ်ခုကို မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့လယ်မှာ တည်ဆောက်ဖို့ ဒီဇိုင်း ရေးဆွဲထားကြပါပြီ။ ဒီအဆောက် အအုံကို ပုံမှန်အဆောက် အအုံတွေလို မြေကြီးပေါ်တည်ဆောက် သွားမှာမဟုတ်ဘဲ မြေကြီးအောက် မီတာ ၃၀ဝ အထိ ဇောက်ထိုးပိရမစ် ပုံစံမျိုး တည်ဆောက်သွားမယ်လို့ သိရ ပါတယ်။ အထပ် ၆၅ ထပ်ပါဝင်မှာ ဖြစ်ပြီး ၁၀ ထပ်ကို နေအိမ်တွေ၊ ဈေး ဆိုင်တွေနဲ့ ပြတိုက် တစ်ခုအတွက်၊ ၃၅ ထပ်ကို ရုံးခန်းတွေအတွက် ရည်ရွယ် တည်ဆောက် သွားမှာပါ။ ဒါ့အပြင် ၂၄၀မီတာ_၂၄၀ မီတာကျယ်ဝန်းတဲ့ မြို့နယ်ရင်ပြင်က အပေါက်ကြီးကို ဖန် သားကြမ်းပြင်နဲ့ ဖုံးအုပ်ထား မှာဖြစ်လို့ ကမ္ဘာမြေ ပေါ်ဖက်က သဘာဝ အလင်း ရောင်ကို ကောင်းကောင်း ရရှိနိုင်မှာ ဖြစ်ပြီးကြမ်းခင်း ပေါ်မှာလည်း မက္ကဆီ ကိုအလံ စိုက်ထူသွား မယ်လို့ သိရပါ တယ်။ ဒါပေမယ့် ဘယ်တော့ စတင် တည်ဆောက် မယ်ဆိုတာကို ဖော်ပြ မထားပါဘူး။
source: Yoyarlay

နှစ် ၁ဝဝကျော် သက်တမ်းရှိ ဝန်ကြီးများရုံး ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲအပ်





နှစ် ၁ဝဝ ကျော်သက်တမ်းရှိ ဝန်ကြီးများရုံးအား နိုင်ငံတော်သမ္မ တမှ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အပြီး အပိုင်လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ် အဖွဲ့ မှ သိရသည်။
”ဒီရက်ပိုင်းအတွင်း လွှဲပြောင်းပေးလိုက်တာပါ။ ဆိုလိုတာက ဟိုတယ်မလုပ်တော့ဘူးပေါ့”ဟု မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၄ ရက်တွင် ပြောသည်။
ယင်းအဆောက်အအုံကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ပြီး ထိုသို့ပေးအပ်မှုကို ကြည့်ခြင်းဖြင့် ယင်းဝန်ကြီးများရုံးကို အလေးထားသည်မှာ ပေါ်လွင်နေကြောင်း၊ သမိုင်းအစဉ်အလာအရ ပြယုဂ်အနေဖြင့်သာ ထားရှိသင့်သည်ကို လက်ခံသည့် သဘောရှိနေကြောင်းကို ခရီးသွားလုပ်ငန်းရှင်၊ ဗိသုကာပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့တို့မှ သဘောထားမှတ်ချက်ပြုသည်။
မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း၏ နာယကဦးသန်းတင်အောင်က”ဗိသုကာပညာရှင် တစ်ယောက်အနေနဲ့ ပြောရရင် မြန်မာပြည်က လူတွေရယ်၊ နိုင်ငံခြားခရီး သွားတွေ လေ့လာကြည့်ရှုဖို့ ဝန်ကြီးများရုံးကို ပြတိုက်အနေနဲ့ထားသင့်တာပါ၊ သမိုင်းမှတ်တမ်းအနေနဲ့ နိုင်ငံတော်ကထိန်းသိမ်း ထားတယ်ဆိုတာကို ပြယုဂ်အနေနဲ့ ပြသထားသင့်ပါတယ်”ဟု ပြောသည်။
ရန်ကုန်မြို့၌ ပြုပြင်ထိန်းသိမ်းသင့်သည့် ရှေးဟောင်းအဆောက် အအုံ ၁၈၉ လုံးရှိသည့် အနက် ထိုဝန်ကြီးများရုံးမှာ အဆောက်အအုံ ကြီးမားခြင်း၊ ပတ်ဝန်းကျင်ကျယ်ပြန့် ခြင်းနှင့်  သမိုင်းအစဉ်အလာကြီးမားခြင်းတို့ ရှိသည့်အတွက်ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု ပြောဆို၍ရကြောင်း၊ ၂ဝ၁၁ခုနှစ်အတွင်းပိုင်းက ရှေးဟောင်း အဆောက်အအုံ ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးလေ့လာစဉ် အခါကလည်းမူလ ယဉ်ကျေးမှုလက်ရာများ အတိုင်းရှိနေသည်ကို အထင်အရှားတွေ့ရှိခဲ့ရသည့် မှတ်တမ်းများလည်း ရှိခဲ့ကြောင်း ရှေးဟောင်း အဆောက်အအုံပြုပြင် ထိန်းသိမ်းရေးအဖွဲ့တွင် ပါဆောင်ရွက်ခဲ့သူလည်း ဖြစ်သည့်၎င်းက ထပ်မံပြောသည်။
ထိုအဖွဲ့တွင်ကိုယ်တိုင် ဆောင်ရွက်ခဲ့သူတစ်ဦးကလည်း နှစ်ကာလကြာမြင့်သည့်အတွက် ပျက်စီးယိုယွင်းမှုရှိသည်မှာ မှန်သော်လည်း ရာခိုင်နှုန်းအနေဖြင့် တိတိကျကျ ပြောဆို၍ မဖြစ်နိုင်ကြောင်း၊ မိမိတို့ အဖွဲ့အနေဖြင့် ထိုစဉ်က ပြုပြင်ထိန်းသိမ်းခဲ့စဉ် အမိုးအား ပထမဦးစားပေးခဲ့ကြောင်း၊ တံခါးနှင့် ပြတင်းပေါက်များကို ဒုတိယထားပြီး နောက်မှ ကြမ်းခင်းနှင့် အုတ်တိုင်များကို ဆောင်ရွက်ခဲ့ရသည်ဟုပြောသည်။
ထိုကဲ့သို့ သုတေသနပြုလုပ်ခြင်းကို ယမန်နှစ်က ပြုလုပ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်  အစပိုင်း၌ ပြီးစီးခဲ့ကြောင်း ၄င်းတို့ထံမှသိရသည်။
လက်ရှိ၌ အလျင်အမြန် ထိန်းသိမ်းသင့်သည့် ဝန်ကြီးများရုံးနှင့် ပဲခူး ကလပ်အပါအဝင် ရှေးဟောင်းအ ဆောက်အအုံ ၁၈၉ လုံးရှိရာ အများစုမှာ မြို့လယ် အဓိကဇုန်အဖြစ် သတ်မှတ်ထားသည့် ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းမှစ၍ ကမ်းနားလမ်းအထိ၊ ထို့နောက်ကမ်းနားလမ်းမှသည် လမ်း ၄ဝ စာတိုက်ကြီး အထိတို့တွင်ရှိနေကြောင်း နိုင်ငံပိုင်စာရင်းများအရ သိရသည်။

source: Popular News

ကဒါဖီ၏ လျှို့ဝှက်ငွေကြေးဒေါ်လာ ဘီလျံ ၂၀ဝ ကျော်ရှိမည်ဟု ခန့်မှန်း


                                                            photo: Google Image
မွမ်မာကဒါဖီသည် ၄င်းအသတ်မခံရမီ ကမ္ဘာတစ်ဝန်း တွင် ဘဏ်စာရင်းများ၊ အိမ်ခြံမြေများနှင့် စီးပွားရေးလုပ်ငန်း များတွင် ထည့်ဝင်မြှုပ်နှံခဲ့ရာ စုစုပေါင်း ဒေါ်လာ ဘီလျံ ၂၀ဝ ကျော်ရှိကြောင်း
လစ်ဗျားအရာရှိကြီးများက ခန့်မှန်းကြသည်။ ကဒါဖီ၏ လျှို့ဝှက်ငွေကြေးများ၊ ရွှေချောင်းများနှင့် ရင်းနှီး မြှုပ်နှံမှုများသည် အံ့ဩဖွယ် များပြားလှသည်။ ကဒါဖီ၏ ဓနဥစ္စာများကို အသေးစိတ်လေ့လာခဲ့သူတစ်ဦးက "ကဒါဖီရဲ့ ပစ္စည်းပမာဏနှင့် ပတ်သက်ပြီး မည်သူမျှ အတိအကျ မခန့် မှန်းနိုင်ဘူး။

တကယ်လို့ တန်ဖိုးများ တိကျကြောင်း သက်သေ ပြနိုင်ရင် ကဒါဖီဟာ ကွယ်လွန်သူ ဇိုင်ယာသမ္မတ မိုဘူဘူ၊ ဖိလစ်ပိုင်သမ္မတ မားကိုစ့်တို့ထက်ကျော်ပြီး အထူးဆန်းဆုံး ကမ္ဘာ့ခေါင်းဆောင် များအနက် တစ်ဦးနှင့် လောဘဇော အတိုက်ဆုံး ခေါင်းဆောင်များအနက် တစ်ဦးအဖြစ် သမိုင်း မှတ်တမ်းဝင်ဖွယ် ရှိတယ်"ဟု ပြောကြားခဲ့သည်။ လစ်ဗျား လူဦးရေ ၆ ဒသမ ၅ သန်း အနက် သုံးပုံတစ်ပုံသည် ဆင်းရဲ တွင်းနက်လျက်ရှိရာ ကဒါဖီ၏ဓနဥစ္စာပမာဏသည် လစ်ဗျား နိုင်ငံသားများအဖို့ ဒေါသထွက်ချင်စရာ ဖြစ်နေသည်။
ပြင်သစ်၊ အီတလီ၊ အင်္ဂလန်နှင့် ဂျာမနီ အစိုးရများသည် ယခုအချိန်ထိ ကဒါဖီပိုင်ဓနဥစ္စာ ဒေါ်လာ ၃၀ ဘီလျံခန့် ထိန်း ချုပ်ထားခဲ့ကြသည်။ ကဒါဖီသည် နောက်ထပ်ဒေါ်လာဘီလျံ ၁၀ဝ ခန့်ကို အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှ အပါ အဝင် အဓိကနိုင်ငံကြီးများ၌ ခွဲဝေရင်းနှီးမြှုပ်နှံထားမည်ဟု ယုံကြည်ရသည်။ ကဒါဖီသည် ငွေကြေးအများစုကို လစ်ဗျား ဗဟိုဘဏ်၊ လစ်ဗျား ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့၊ လစ်ဗျား နိုင်ငံခြားဘဏ်၊ လစ်ဗျား အမျိုး သားရေနံကော်ပိုရေးရှင်းနှင့် လစ်ဗျား-အာဖရိက ရင်းနှီးမြှုပ်နှံမှုအဖွဲ့စသော အစိုးရအဖွဲ့ အစည်း အမည်များဖြင့် မြှုပ်နှံလေ့ရှိသည်။ သို့သော် စုံစမ်းစစ် ဆေးသူများက ကဒါဖီနှင့် ၄င်း၏ မိသားစုသည် အဆိုပါ ငွေကြေးများကို ၄င်းတို့ စိတ်ကြိုက် ထုတ်ယူခွင့် ရှိကြောင်း ပြောကြားကြသည်။ လေ့လာသူ အချို့က ဒေါ်လာဘီလျံ ၂၀ဝ ဟူသော ငွေကြေး ပမာဏသည် စစ်မဖြစ်မီ နှစ်စဉ် လစ်ဗျား စီးပွားရေး ထုတ်လုပ်မှု၏ နှစ်ဆခန့်ရှိကြောင်း ပြောကြားခဲ့ကြ သည်။ 
Ref: Internet , Yoyarlay 

(WFP)မှ အမေရိကန် ဒေါ်လာသန်း၄၀တန်ဖိုး ရှိသော စားနပ်ရိက္ခာ မက်ထရစ် တန် ၅၂၀ဝ၀ ကို မြန်မာနိုင်ငံ သို့ကုမည်



ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ၂၀၁၂ ခုနှစ်တွင် အမေ ရိကန် ဒေါ်လာ သန်း ၄၀ တန်ဖိုး ရှိသော စားနပ်ရိက္ခာ မက်ထရစ် တန် ၅၂၀ဝ၀ ကို
ပြည်တွင်းရှိ လူဦး ရေ ၂ သန်းထံသို့ ဖြန့်ဝေရန် စီစဉ် ထားကြောင်း ကြေညာချက်ထုတ် ပြန်လိုက်သည်။

"အကူအညီတွေ ထိရောက်ဖို့ Planning ကောင်းကောင်းတွေ လို တယ်ဗျ။ အဲဒီလို Planning ရှိပြီ ဆိုရင် ပူးပေါင်းဆောင်ရွက်ဖိုှို့နေ ရမယ်။ အခု ချင်းပြည်နယ်မှာ လူ တွေ ဆင်းရဲတယ်။ စားနပ်ရိက္ခာ မလုံလောက်ဘူး။ ဟုတ်ပြီ။ အဲဒါ အမှန်ပဲ။ ဒါပေမယ့် ဘယ်လောက် အတိုင်းအတာအထိ မလုံလောက် တာလဲဆိုတာစာရင်းကအတိအကျ မရှိဘူး။ စစ်တမ်းတွေထွက်လာဖို့ ဌာနဆိုင်ရာ အကူအညီတွေ လို တယ်"ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်တာဝန်ထမ်းဆောင်နေသူ ကိုမိုးဝင်းအောင်က ပြောသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် က စားနပ်ရိက္ခာမလုံလောက်မှုတွေ ကြုံတွေ့ ခံစားနေရသူများအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကယ်ဆယ်ရေး၊ပြန်လည်ထူထောင ရေးနှင့်ခံနိုင်စွမ်းရှိရေးတို့ကို လုပ်ငန်း မဏ္ဍိုင်သုံးရပ်အဖြစ် သတ်မှတ် ထားသည်။ "မြန်မာနိုင်ငံတွင်ကမ္ဘာ့ စားနပ် ရိက္ခာအစီအစဉ်သည် အချို့တဲ့ဆုံး လူအုပ်စုများ၏ နေ့စဉ်ဘဝနေထိုင် မှု၊ အာဟာရပြည့်ဝမှု အဆင့်နှင့် အခြေခံ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်စေရန် လုပ်ငန်း အမျိုးမျိုး ဆောင်ရွက်နေသည်" ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် မြန်မာ နိုင်ငံဒါရိုက်တာ ဃမေူသျ ဠနူသျသ က ပြောသည်။
"Food For Education (ပညာရေးအတွက် စားနပ်ရိက္ခာ) အစီအစဉ်ဖြင့်ဆင်းရဲနွမ်းပါးမိသားစု ၏ ကလေးများ ကျောင်းထားနိုင် ရေး၊ Food For Work (လုပ်အား အတွက် စားနပ်ရိက္ခာ) အစီအစဉ် ဖြင့် စားနပ်ရိက္ခာမလုံလောက်သော နယ်မြေများတွင် ရာသီအလိုက် ဝင်ငွေရရှိနိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနေခြင်းသည်နိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု သံသရာကို ချိုးဖျက်နိုင်ရန် ကာလရှည်တာဝန် ယူ ဆောင်ရွက်မှု၏ တစ်စိတ်တစ် ဒေသပင် ဖြစ်ကြောင်း" Carlos Veloso က ဆက်ပြောသည်။ ချင်းပြည်နယ် မှာWFP က လမ်းဖောက်ပေးတယ်။ လုပ်အား လာပေးတဲ့ချင်းလူထုကို ဆန်ပေး တယ်။ Food For Work ပေါ့။ Food For Training ဆိုတာ လည်း ရှိတယ်။ ကျန်းမာရေး ဗဟု သုတ သင်တန်းတွေခေါ်ပြီး လာ တက်တဲ့သူတွေကို ဆန်ပေးတယ်။ Food For Education ကျတော့ ကလေးတွေက ကျောင်းနေချိန်မှာ ကျောင်းတက်ရမယ့်အစား မိသားစု စားဝတ်နေရေးအတွက် ဝင်လုပ်ပေး နေရတယ်။ အဲ့ဒီအတွက် ကျောင်း လာတက်အောင် ဆွဲဆောင်ပြီး တော့ ကျောင်းလာတက်ရင် အစား အစာပေးတာမျိုးပါ" ဟု ချင်းပြည် နယ်ရှိ OCHA (ကုလသမဂ္ဂလူသား ချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာပေါင်း စပ်ညှိနှိုင်းပေးမှုရုံး) တွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောသည်။
လာမည့်နှစ်များတွင် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်သည် သက် ဆိုင်သူအားလုံးနှင့် ပူးပေါင်းလျက် လုပ်ငန်းအမျိုးမျိုး ဆောင်ရွက်ပြီး မြန်မာနိုင်ငံရှိ သဘာဝ ဘေး အန္တရာယ် ကျရောက်လေ့ရှိသော နယ်မြေဒေသများ သို့မဟုတ် ဝေး လံသောနယ်မြေဒေသများတွင် နေ ထိုင်ကြသည့် ဘဝရပ်တည်ရန် ခက်ခဲသူများအတွက် စားနပ်ရိက္ခာ ရရှိနိုင်မှုနှင့် အခြေခံစီးပွားရေးလုပ် ငန်းများလုပ်ကိုင်နိုင်မှုတို့ တိုးတက် ကောင်းမွန်စေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ှsource: Venus News ; (Yoyarlay)

အင်ဒိုနီးရှားဝန်ကြီး မြန်မာပြည်ရောက်




                                                                                              ဓာတ်ပုံ Wikipedia Commons
အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံက အခြေအနေတွေကို အကဲခတ်ဖို့ ဒီကနေ့ပဲ ရန်ကုန်မြို့ကို ရောက်လာပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ (Marty Natalegawa) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရက အာဆီယံ အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ကမ်းလှမ်းထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ထားကြတာပါ။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ မနက်ဖြန် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး တနင်္ဂနွေနေ့ ခရီးစဉ် အဆုံးမသတ်မီမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့သာမက တခြားလူမှုအသိုင်းအ၀န်းက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားမယ်လို့ ကတိပြုပြီး မြန်မာနိုင်ငံမှာ ဒီနှစ်မတ်လတုန်းက အရပ်သား အစိုးရအဖြစ် တက်လာပြီးတဲ့နောက် အာဆီယံ အသင်းရဲ့ ၂၀၁၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသွားဖို့ ဆန္ဒရှိတဲ့အကြောင်း ကမ်းလှမ်းထားတာပါ။ ဒါပေမဲ့လည်း အာဆီယံ အသင်းဝင်နိုင်ငံတွေက လွှတ်တော်အမတ်တွေ အပါအ၀င် မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ သိသိသာသာ မတွေ့ရသေးတဲ့အတွက် တာဝန်မပေးသင့်သေးဘူးလို့ ကန့်ကွက်ထားကြတာလည်း ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မှာတုန်းက မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌအဖြစ် အလှည့်ကျစဉ်မှာတုန်းကတော့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး ကန့်ကွက်မှုတွေ အပြင်းအထန် ရှိခဲ့တဲ့နောက် တာဝန်ယူဖို့ကို ငြင်းဆန်ခဲ့တာပါ။ အခုလည်းပဲ အခြေအနေတွေဟာ တိုးတက်မှု မရှိသေးတာကြောင့် တာဝန်ပေးမယ့် အစီအစဉ်ကို ဆိုင်းငံ့သင့်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အစနေ့မှာပဲ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က တိုက်တွန်းလိုက်ပါတယ်။

အခွန်ငွေကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်းမှာ အဓိကရုဏ်းဖြစ်


                                  photo: Google Image
တရုတ်နိုင်ငံအရှေ့ပိုင်းမှာ အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်ကြရာက စီးပွားရေးသမားတွေနဲ့ လုံထိန်းရဲတွေအကြား မနေ့တုန်းက ပဋိပက္ခဖြစ်ပွားခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ဇေကျန်းပြည်နယ် ဇိုင်းလီမြို့ထဲကို ချီတက်လာခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ဇိုင်းလီမြို့ထဲမှာရှိတဲ့ အစိုးရအဆောက်အဦးတွေဆီကို ချီတက်ခဲ့ကြပြီး ခဲတွေနဲ့ ပစ်ပေါက်တာတွေ၊ မီးရှို့တာတွေနဲ့ ကားတွေကို ပြောင်းပြန်လှန်တာတွေလုပ်ခဲ့ကြပါတယ်။
ကလေးအ၀တ် အထည်ရောင်းတဲ့ ကုမ္ပဏီတခုရဲ့ပိုင်ရှင်က အခွန်ပေးဖို့ငြင်းဆန်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ အခုလိုပဋိပက္ခစပြီးဖြစ်ခဲ့ရတာလို့ တရုတ်အစိုးရပိုင် မီဒီယာကပြောပါတယ်။ နောက်ပိုင်းမှာ အုပ်စု တခုက အခွန်ကောက်တဲ့လူတဦးကို တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီ အဓိကရုဏ်းရဲ့ အစပိုင်းမှာ လူ ၆၀၀ လောက်ပါဝင်ခဲ့ပေမဲ့ လူအင်အားက ခပ်မြန်မြန်နဲ့ ကြီးမားလာခဲ့ပြီး ညနက်ပိုင်း ရောက်တဲ့အထိ အဓိကရုဏ်းဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စကြောင့် လူ ၅ ဦးထက်မနည်း ဖမ်းဆီးထားတယ်လို့ အစိုးရပိုင် ဟူဇောင်း အင်တာနက်သတင်းမှာ ရေးသားထားပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေနဲ့ပတ်သက်လို့တော့ အတည်ပြုလို့ မရသေးပါဘူး။
By ဗီအိုအေ (မြန်မာဌာန)

25 October 2011

၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန် မြန်မာနိုင်ငံမှ ပေါ်ဆန်းဆန် ဆွတ်ခူးရရှိ



ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံ World Rice Conference 2011 တွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်သော ပေါ်ဆန်း ဆန်ဖြူသည် ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန် အမျိုးအစား World Best Rice 2011  အဖြစ်ရွေးချယ်၍ ဆုချီးမြှင့်ခြင်းခံရကြောင်း သိရှိရသည်။ နိုင်ငံတကာတွင် မြန်မာ့ပုလဲဆန် Myanmar Pearl Rice  ဟု ထင်ရှားသော ပေါ်ဆန်းဆန်သည် မြန်မာနိုင်ငံတွင်သာ စိုက်ပျိုးထုတ်လုပ်သော မြန်မာ့မျိုးရင်းဆန်ဖြူဖြစ်သည်။ အနံ့အရသာ ထူးခြားကောင်းမွန်ပြီး ၂၀၁၀ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသော ကမ္ဘာ့ဆန်စပါးညီလာခံတွင် အကောင်းဆုံးဆန် တတိယဆုကို ဆွတ်ခူးရရှိခဲ့ပြီး ယခုနှစ်တွင် ပထမဆုကို ရရှိခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် အမှတ်အများဆုံး ၁၅ မှတ်ပေးထားရာ ပေါ်ဆန်းဆန်သည် ၁၄ မှတ်ရရှိပြီး ထိုင်းနိုင်ငံ၏နာမည်ကြီး Jasmine Rice ထက် သုည ဒသမ ၂၅ အမှတ်သာလွန်ကာ ပထမဆု ဆွတ်ခူးရရှိခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံသို့ မြန်မာနိုင်ငံဆန်စပါးအသင်းမှ အကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်ဦး၊ အသင်းဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးတို့ ဦးဆောင်ပြီး အဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ဆန်ကုန်သည်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာ့ဆန်ဈေးကွက် တိုးမြှင့်ရရှိနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့ပြင် ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးမူဝါဒများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များ၊ ခေတ်မီဆန်စက်ကြီးများနှင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်သော စိုက်ခင်းများကို သွားရောက်လေ့လာခဲ့ကြသည်။ ထို့နောက် ဗီယက်နမ်နိုင်ငံရှိ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ Vietnam Food Authority အပါအ၀င် ဆန်စပါးဆိုင်ရာ အသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။

Source: TheMirror

             Planet Myanmar

ဘဏ်အပ် ငွေအာမခံထားသည့် စနစ်စတင် ဝန်ဆောင်မှုပေး

မန်မာ့အာမခံနှင့် ဘဏ်သမိုင်း တစ်လျှောက် ပထမဆုံးအပ်ငွေ အာမခံအမျိုးအစား စတင်ဝန်ဆောင်မှု ပေးပြီဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရ သည်။  ”လူလတ်တန်းစားတွေနဲ့ အောက်ခြေ လူတန်းစားတွေရဲ့ ဘဏ်အပ်နှံငွေတွေကို ဆုံးရှုံးမှု မဖြစ်ပေါ်အောင် အကာအကွယ် ပေးနိုင်မယ့် အာမခံအမျိုးအစားဖြစ် ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီးဆောင်ရွက်နေ ပါပြီ” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။  အပ်ငွေ အာမခံ အမျိုးအစားသည် ဘဏ်များတွင် လာရောက် အပ်နှံမည့် ငွေအပ်နှံသူများကို အကာအကွယ် ပေးနိုင်ပြီး တစ်စုံ တစ်ရာ ဆုံးရှုံးမှုဖြစ်ခြင်း၊ ဘဏ်များ ဒေဝါလီခံရခြင်းတို့ ဖြစ်ပေါ်လာ ပါက   ငွေအပ်နှံသူများ၏ အပ်နှံငွေ ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်း အထိကို အာမခံ လျော်ကြေးငွေ အဖြစ် ပြန်လည်ရရှိမည်ဖြစ်ကြောင်း ၄င်းလုပ်ငန်းမှ သိရသည်။   အပ်ငွေ အာမခံအတွက် ဘဏ် များက ပေးသွင်းရမည့် ပရီမီယံကြေး မှာ အပ်ငွေပမာဏအလိုက် ဒေသ တွင်းနိုင်ငံများတွင် ဆောင်ရွက် နေသော စံနှုန်း၊ နှုန်းထားများနှင့် ညှိနှိုင်းကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါ အာမခံအမျိုးအစား စတင် အကောင်အထည် ဖော်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘဏ်များ အပေါ်တွင် ယုံကြည်မှု ပိုမို ရှိလာ စေရန်နှင့် ဘဏ်လုပ်ငန်းများကို အထောက်အကူပြုစေရန်၊ ဘဏ်စနစ် ကောင်းမွန်စေခြင်းဖြင့် နိုင်ငံစီးပွားရေးကို အထောက် အပံ့ဖြစ်နိုင်ရေး အတွက်    ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။  ယခင်က ဘဏ်များအနေဖြင့် ပိုင်ဆိုင်သည့် အဆောက်အအုံများ၊ ငွေပို့ငွေလွှဲများအတွက်သာ အာမခံထားရှိခဲ့ကြပြီး အပ်ငွေအာမခံ အမျိုးအစားကို ဆောင်ရွက်နိုင်ခြင်း မရှိဘဲ အောက်တိုဘာ ၁ ရက်နေ့ မှ စတင်၍ ဘဏ်များအားလုံး  အာမခံထားရှိကြရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အမိန့် ကြေညာစာ ထုတ်ပြန်ခဲ့သည်။  မြန်မာ့အာမခံ လုပ်ငန်းအနေ ဖြင့် ယခုနှစ်အတွင်း အသစ်ထပ်မံ ဝန်ဆောင်မှုပေးသော အာမခံ အမျိုးအစား အသစ် တစ်မျိုးဖြစ်ပြီး လက်ရှိတွင် အာမခံအမျိုးအစား ပေါင်း ၄၆ မျိုးရှိကြောင်း၊ အပ်ငွေ အာမခံကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များအနက် ၁ဝ၆ နိုင်ငံတွင်ဆောင် ရွက်နေ ကြပြီး မြန်မာနိုင်ငံသည် ၁ဝ၇ နိုင်ငံမြောက် ဝန်ဆောင်မှုပေး လာနိုင်သည့်နိုင်ငံ ဖြစ်လာကြောင်း သိရသည်။
အောင်ရဲကျော်

source: Popular News

Samsung Nexus မိုဘိုင်းလ်ဖုန်းအား နိုဝင်ဘာလတွင် စတင်ရောင်းချမည်

                                            photo: Google Image
Samsung ကုမ္ပဏီက ၎င်းတို့၏ Nexus i9250 ကို စတင်ထုတ်လုပ် ရောင်းချတော့မည်ဟု အတည်ပြု ကြေညာခဲ့သည်။ လက်ရှိတွင် Apple၏ iPhone 4Sဈေးကွက်အတွင်း အောင်မြင်နေသည်နှင့် တိုက်ဆိုင်ပြီး Samsungက Nexusကို မိတ်ဆက်လာခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နိုဝင်ဘာလတွင် ရောင်းချသွားမည်ဟု သိရသည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းကြီး၏ ဖုန်းတွင် Google၏ Android OSကို အသုံးပြုထားပြီး Apple၏ iOS 5 ကို စိန်ခေါ်ရန် ရည်ရွယ်ထားသည်။ 

Androidအသုံးပြုထားသော ဖုန်းများအနက်ရာင်းအကောင်းဆုံးBrandအဖြစ်မှတ်ကျောက်တင်ခံထားသော Samsungသည် Andriod OS၏ နောက်ဆုံးမျိုးဆက်ဖြစ်သော Android OS, v4.0 (Ice Cream Sandwich)ကို အသုံးပြုထားသည်။ ဖုန်းတွင် (၄.၆၅)လက်မ အကျယ်ရှိ Screenပါရှိပြီး 
Super AMOLED capacitive touchscreen, 16M colors အမျိုးအစားဖြစ်ကြောင်း သိရသည်။ ထို့အပြင် Processorကို 1.2 GHz Dual-Coreသုံးထားပြီး Voice memo/dial/commands, A-GPS support            ( barometer sensor),Active noise cancellation,Adobe Flash support ကဲ့သို့ Functionသစ်များ ပါလာမည်ဟု Samsungက ကြေညာထားသည်။ 
source:the dailychilli; planetmyanmar

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပျိုးခြံများ နိုင်ငံအနှံ့ တည်သွားမည်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်များကို လိုသလောက်စိုက်ပျိုးနိုင်ရန် မြန်မာနိုင်ငံအနှံ့အပြားတွင် ပျိုးခြံများတည်ထောင် ပေးသွားမည်ဟု မြသားလွင် ပြင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့ ဥက္ကဋ္ဌဦးကြည်ဝင်းက ပြောသည်။
မြသားလွင်ပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးလိုသူများ၊ အဖွဲ့အစည်းများသို့ သစ်ပင်များကိုအခမဲ့ လှူဒါန်းပေးလျက်ရိပြီး ရန်ကုန်နှင့် အလှမ်းဝေးသော ဒေသများသို့ သစ်ပင်များ ပေးပို့လှူဒါန်းရန် အခက်အခဲရှိသဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ပျိုးခြံများတည်ထောင် ပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရ သည်။
”နယ်တွေမှာ သစ်ပင်စိုက်ဖို့ ပျိုးပင်တွေပို့ပေးတဲ့အခါ အနီးဆုံး မြစ်ဝကျွန်း ပေါ်ဒေသတွေဆိုရင် တောင် ငွေကုန်ကြေးကျ အများကြီးရှိတဲ့အပြင် အခြားအခက်အခဲတွေ လည်း အများကြီးရှိပါတယ်။ ဒါကြောင့် ပျိုးပင်တွေပို့ပေးမယ့်အစား အဲဒီဒေသတွေဆီကို ပျိုးစေ့တွေပို့ပြီး ပျိုးခြံတွေထောင်ပေးလိုက်ရင် ပိုအဆင်ပြေမယ်လို့ ယူဆတဲ့ အတွက် စီစဉ်ရတာပါ။ ကျွန်တော်တို့ မြသားလွင်ပြင်အနေနဲ့ ပျိုးခြံတွေတည်ထောင်ဖို့အတွက် ပျိုးစေ့၊ ပျိုးအိတ်၊ နည်းပညာအားလုံး ကူညီပေးသွားမှာပါ” ဟု ဦးကြည်ဝင်း က ပြောသည်။
မြသားလွင်ပြင်အဖွဲ့အနေဖြင့် လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် ဧရာဝတီတိုင်းဒေသကြီးရှိ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ကျိုက်လတ်မြို့နယ် များတွင် လည်းကောင်း၊ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့များတွင် လည်းကောင်း ပျိုးခြံများတည်ထောင်ပေးရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆရာဦးကြည်ဝင်းက ”တစ်နိုင်ငံလုံးမှာ ပုံစံအမျိုးမျိုးရှိနေတဲ့ သစ်ပင်မျိုးစိတ်တွေကို တစ်နေရာက အခြားတစ်နေရာဆီကို ပျံ့နှံ့ရောက်ရှိသွားအောင်လည်း ဆောင် ရွက်သွားဖို့ရှိတယ်။ ဥပမာ- မြစ်ဝကျွန်းပေါ်မှာဆိုရင် မဟောဂနီပင်မရှိသလောက် ရှားသွားတယ်။ တစ်ပင်စနှစ်ပင်စလောက်ပဲ တွေ့ရတော့တယ်။ နောက်မယ်ဇယ် ပင်တွေကိုလည်း ၅ သောင်းလောက်ရအောင် ပျိုးသွားမယ်။ အဓိကကတော့ မြစ်ဝကျွန်းပေါ်မှာ မရှိတဲ့အပင်တွေကို ပျိုးပြီးတော့ပို့ပေးမယ်။ နောက်ပြီး အညာဒေသတွေမှာ လည်း လုပ်ပေးသွားဖို့ရှိပါတယ်”ဟု ထပ်လောင်း ပြောသည်။
သစ်ပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍လည်း သစ်တောပညာရှင်ဦးအုန်းက ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းနိုင်ရန်အတွက် သစ်ပင်စိုက်ပျိုးခြင်း သည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သစ်ပင်များစိုက်ပျိုးခြင်းအပြင် စိုက်ပြီးသစ်ပင်များကိုလည်း ပြုစုသွားရန် လိုအပ်သည်ဟု အကြံပြုပြောကြားခဲ့သည်။
မင်းချစ်နိုင်

source:Popular news

အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်



အင်တာနက် စာမျက်နှာတွေအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံး ၁၀ ခုထဲမှာ ရှိနေဆဲပဲလို့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတခုရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံကလာတဲ့ အင်တာနက်အပေါ် တိုက်ခိုက်မှုတွေဟာ ကမ္ဘာတ၀န်း စိုးရိမ်စရာအဆင့်မှာ ရှိနေဆဲဖြစ်တယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ဒုတိယ ၃ လပတ် အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။

မြန်မာအာဏာပိုင်တွေဟာ သတင်းမီဒီယာတွေနဲ့ အင်တာနက် ဆက်သွယ်မှုတွေအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်လို့ နိုင်ငံတကာက သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေကတော့ ထောက်ပြနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ပိတ်ပင်ခံထားရတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့အင်တာနက် စာမျက်နှာ အပါအ၀င် ပြည်ပက ၀က်ဘ်ဆိုဒ်တွေ အားလုံးလောက်လိုလိုကို ပြန်ဖွင့်ပေးခဲ့တာပါ။ တချိန်တည်းမှာပဲ အင်တာနက်ပေါ်မှာ တိုက်ခိုက်မှုတွေကတော့ ဆက်ရှိနေဆဲဖြစ်ပြီး တိုက်ခိုက်မှုတွေကို အတိအကျ ခြေရာမခံနိုင်ပေမဲ့ ဒါတွေဟာ အင်တာနက်လုပ်ငန်းတွေမှာ အဟန့်အတား ဖြစ်စေဖို့၊ ဆက်သွယ်မှုတွေကနေ အခွင့်ကောင်းယူဖို့ ရည်ရွယ်ပုံရတယ်လို့ Akamai ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘယ်လ်ဆန်က ပြောပါတယ်။
“ကျနော်ခန့်မှန်းတာကတော့ မြန်မာနိုင်ငံကနေ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေဟာ အင်တာနက် ၀က်ဘ်ဆိုက်ဒ်တွေကို အခြေခံထားတဲ့ လုပ်ငန်းတွေက အားနည်းချက်တွေကို ပစ်မှတ်ထားတာ ဖြစ်ပါလိမ့်မယ်။ ဆက်သွယ်မှုတွေမှာ ပိတ်ဆို့ကုန်အောင် လုပ်တာမျိုးတွေ ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ အင်တာနက်ပေါ်က ဆွေးနွေးပြောဆိုမှုတွေကနေ အခွင့်ကောင်းယူတာမျိုးလို လုပ်ရပ်တွေ လုပ်ကောင်းလုပ်တာတွေ ဖြစ်နိုင်ပါတယ်။”
၂၀၁၁ ခုနှစ် ပထမ ၃ လပတ် အစီရင်ခံစာအရ အင်တာနက် တိုက်ခိုက်မှုတွေ အများဆုံး ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ထိပ်ဆုံးနေရာကို ရောက်လာခဲ့တာပါ။ ဒါပေမဲ့လည်း အခု ဒုတိယ ၃ လပတ်ကာလမှာတော့ တိုက်ခိုက်မှုတွေ လျော့ကျလာတာမို့ ဒုတိယအဆင့် လျှော့ချ သတ်မှတ်ခဲ့ပါတယ်။ လေ့လာစောင့်ကြည့်ထားတဲ့ ဆက်သွယ်မှုတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာတ၀န်း တိုက်ခိုက်မှုတွေအနက် ၁၃ ရာခိုင်နှုန်းအထိ ရှိရာက အခု ဒုတိယ ၃ လပတ်မှာတော့ ၉ ဒဿမ ၁ ရာခိုင်နှုန်း ကိုလျော့ကျသွားတာပါ။
အခုနောက်ဆုံး ကမ္ဘာတ၀န်း အင်တာနက် ဆက်သွယ်မှု အခြေအနေ ဒုတိယ ၃ လပတ် အစီရင်ခံစာရဲ့ ထိပ်ဆုံးနေရာကိုတော့ တိုက်ခိုက်မှုတွေ ၁၀ ရာခိုင်နှုန်းအထိ ရှိတဲ့ ထိုင်ဝမ်က နေရာယူသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြီးရင် တတိယ၊ စတုတ္ထနဲ့ ပဉ္စမနေရာတွေကတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေ ဖြစ်ကြပါတယ်။
source: VOA

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် စောသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော



အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ မရုပ်သိမ်းမီ မြန်မာအစိုးရအနေဖြင့် အပြောင်းအလဲ များစွာလုပ်ရန်လိုသေးကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က The Wall Street Journal သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။

ယနေ့ထုတ် အဆိုပါ သတင်းစာတွင် ပါရှိသည့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် ဆီလင်း ဖာနန်ဒတ်ဇ်အား မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စောသေးသည်ဟု ပြောရသည့် အချက်နှစ်ချက် ရှိကြောင်း ပြောသည်။
ပထမတချက်မှာ မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန်ဖြစ်ပြီး ဒုတိယအချက်မှာ တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ပွဲများနှင့် ပတ်သက်သည့် ပြဿနာများကို ရှင်းလင်းပေးရန် လိုအပ်ကြောင်း၊ ထိုနှစ်ချက်ကို မဖြေရှင်းနိုင်သေးသရွေ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန် အချိန်မကျ သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရ၏ အပြောင်းအလဲများအပေါ် သံသယကြီးလွန်းသော အတိုက်အခံများအားလည်း နားလည်မှု ရရှိစေရန် စည်းရုံးထိန်းကွပ်နေရကြောင်း၊ မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာရှေ့မှောက်တွင် တရားဝင်ဖြစ်စေရန် ၎င်းကို အသုံးချနေသည်ဟု တချို့သော အတိုက်အခံများက စွပ်စွဲပြောဆိုကြကြောင်း သူက ဆက်ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြင့် အနိုင်ရယူခဲ့သည့် အစိုးရကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာချိန်တွင် အပြင်းအထန် ဆန့်ကျင်လိမ့်မည်ဟု အတိုက်အခံတချို့က မျှော်လင့်ခဲ့ကြသော်လည်း ၎င်းအနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိုသာ ဦးစားပေးခဲ့သည်။
ထို့အပြင် ယခု အစိုးရသစ်အဖွဲ့ဝင်များနှင့် ဆွေးနွေးမှုများသည် ယခင်ဆွေးနွေးမှုများနှင့် မတူဘဲ ဟန်ဆောင် ပြောဆိုနေခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ခံစားရကြောင်း The Wall Street သတင်းထောက်ကို ပြောသည်။
“အစိုးရအဖွဲ့ဝင်တွေနဲ့ စကားပြောကြည့်တော့ သူတို့ တကယ့်ကို ပြောနေကြတာလို့ ခံစားရတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။
လက်ရှိ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်လိုသော ဆန္ဒများသည် မြန်မာနိုင်ငံကို နိုင်ငံတကာမိသားစုများ အတွင်း သိက္ခာရှိရှိ ပြန်လည်ရပ်တည်နိုင်ရန် အခွင့်ကောင်းတရပ် ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာအစိုးရ၏ မီဒီယာထိန်းချုပ်မှုများ လျှော့ချပေးခြင်း၊ ပြုပြင်ပြောင်းလဲရေးများ စတင် လုပ်ဆောင်နေခြင်း၊ ၎င်းနှင့် ဆွေးနွေး စကား ပြောဆိုခြင်း စသည်တို့ကို အပြည့်အဝ ကြိုဆိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ လတ်တလော တွေ့ဆုံဆွေးနွေးမှုသည် ၁၉၉၀ ဝန်းကျင်ကာလများက အသားအရောင်ခွဲခြားမှု စနစ်ကို ရပ်စဲရန် တောင်အာဖရိကတွင် နှစ်ဘက် အပြန်အလှန် ညှိနှိုင်းကြခြင်းနှင့် အလားသဏ္ဍန်တူကြောင်း သူက ပြောသည်။
သမ္မတဦးသိန်းစိန်သည် ရိုးသားပွင့်လင်းပုံရ၍ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိပုံရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့သည်။
“ကျမတို့ ပန်းတိုင်ကို မရောက်သေးပေမယ့် အဲဒီပန်းတိုင်ဆီကို ဦးတည်သွားနေကြတယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်လည်မှတ်ပုံတင်ရေးနှင့် လာမည့် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ကိစ္စရပ်များမှာ အစိုးရပေါ်တွင် မူတည်နေသည်ဟု သူက ဆိုသည်။
NLD မှတ်ပုံတင်လိုက်ခြင်း အားဖြင့် အစိုးရ၏ နိုင်ငံရေး စနစ်ကို တနည်းတဖုံ ထောက်ခံရာရောက်မည် ဖြစ်သောကြောင့် မြန်မာအစိုးရက ပါတီ မှတ်ပုံတင်ရန် လိုလားနေခြင်း ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်ကျဖူးသူများကို ပါတီနိုင်ငံရေးထဲတွင် ပါဝင်ဆောင်ရွက်ခွင့် ကန့်သတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ယခုအခါ ရွေးကောက်ပွဲ ဥပဒေနှင့် ပါတီ မှတ်ပုံတင်ရေး ဥပဒေများကို ကျင်းပနေသည့် လွှတ်တော်တွင်း ဆွေးနွေးနေပြီ ဖြစ်သောကြောင့် ထွက်ပေါ်လာမည့် ရလဒ်အပေါ်တွင် မူတည်၍ စဉ်းစားသွားမည် ဖြစ်ကြောင်းလည်း သူက ဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ် NLD က ဆက်လက်ဆုပ်ကိုင်ထားမှုနှင့် ပတ်သက်၍ “လူတော်တော်များများ ထင်သလို ၁၉၉၀ ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပြောင်းပေးဖို့ မဟုတ်ပါဘူး။ ဒါဟာ လက်တွေ့လည်း မကျဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် တော်တော်များများဟာ ကွယ်လွန်ကုန်ကြပြီ၊ တချို့လည်း နိုင်ငံခြားတိုင်းပြည်တွေမှာ ရောက်နေကြပြီ” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအနက် မီဒီယာလောကကို ချုပ်ချယ်မှု လျှော့ချလာခြင်းအား ထောက်ပြ၍ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မီဒီယာလွတ်လပ်ခွင့် အရဆုံးကာလဟု မှတ်ချက်ချပြီး လှိုက်လှိုက်လှဲလှဲ ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“လူတွေဟာ နိုင်ငံရေးမှာ ပါဝင်လာဖို့ ပိုပြီး သက်သောင့်သက်သာ ရှိလာတယ်။ အရင်ကလို မကြောက်ကြတော့ဘူး။ တက်ကြွ လှုပ်ရှားသူတွေ အနေနဲ့လည်း အန္တရာယ်ကင်းကင်းနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက် လာနိုင်နေပြီ” ဟု သူက ဆိုသည်။
၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို မြန်မာနိုင်ငံအနေဖြင့် ရယူရေး ကိစ္စရပ်နှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်း စုကြည်က လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုခြင်း မရှိကြောင်း သတင်းစာတွင် ရေးထားသည်။
“အာဆီယံ ဥက္ကဋ္ဌ ရာထူးကို မျှော်မှန်းနေတာဟာ ပြည်သူလူထုဘဝ တိုးတက်လာဖို့ ကိစ္စနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ မြင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာအစိုးရကမူ လာမည့် ၂၀၁၄ ခုနှစ်တွင် ကျရောက်မည့် အာဆီယံ ဆွေးနွေးပွဲတွင် ဥက္ကဋ္ဌ ရာထူးကို လက်ခံရယူရန် ဆန္ဒရှိနေသည်။
တချိန်တည်းတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်၏ တရားစီရင်ရေး စနစ်ကို ဝေဖန် ရှုတ်ချလိုက်သည်။
မြန်မာပြည်တရားစီရင်ရေး စနစ်နှင့် ပတ်သက်၍ “အားလုံးသိကြတဲ့အတိုင်းပါပဲ” ဟု ပြောပြီး လွတ်လပ်မျှတမှု မရှိသော တရားစီရင်ရေးစနစ် ဖြစ်သည် ဟုလည်း ၎င်းကဆိုသည်။
မီဒီယာတင်းကျပ်မှုများကို လျှော့ချပေးနေသော်လည်း အစိုးရအဖွဲ့အတွင်း ပွင့်လင်းမြင်သာမှု ကင်းမဲ့နေဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုသည်။
ဥပမာ တခုအနေဖြင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် ယခုတိုင် အစိုးရကို နောက်ကွယ်မှ ကြိုးကိုင်နေဆဲလော (သို့မဟုတ်) အမှန်တကယ် အငြိမ်းစားယူသွားခြင်းလော ဆိုသည့်အချက်ကို မရှင်းလင်းကြောင်း၊ ထိုသို့ မရှင်းလင်းရခြင်းမှာလည်း လူအများမှာ ကောလာဟလများကိုသာ အားကိုးနေရဆဲ ဖြစ်သောကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သို့သော် သမ္မတဦးသိန်းစိန်သည် တစုံတရာသော သြဇာအာဏာကို ဆုပ်ကိုင်ထားပြီး ထိုသြဇာအာဏာကို အသုံးချကာ ပြုပြင် ပြောင်းလဲရေးများကို လုပ်ကိုင်သွားနိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း ၎င်းက ဆိုသည်။
“လူတွေမှာ မေးစရာမေးခွန်းတွေ ရှိနေတယ်လို့ ကျမထင်တယ်။ အဲဒါကတော့ အစိုးရ အဖွဲ့ဝင်တွေထဲမှာကော၊ စစ်တပ်ထဲမှာပါ ဦးသိန်းစိန်ကို ဘယ်လောက် ထောက်ခံကြသလဲ ဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်းတွေ ရှိနေတာကို ကျမလည်း မငြင်းနိုင်ဘူး။ ဒါပေမယ့် အတိအကျ ခံစားယုံကြည်မိတာကတော့ ဦးသိန်းစိန်အနေနဲ့ အလုံးစုံကို မချုပ်ကိုင်နိုင်ရင်တောင်မှ သူဟာ ထိပ်ဆုံးကလူပဲ ဆိုတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ကောက်ချက်ချသည်။
source: Irrawaddy
 

ကရင်ပြည်နယ် မြ၀တီမြို့ ဗုံးတလုံးပေါက် ကွဲ

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် ၄ ရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ရုံးဟောင်းရှေ့တွင် ယနေ့နံနက် ၈ နာရီကျော်ကဗုံးတလုံးပေါက် ကွဲရာ ဘုန်းတော်ကြီးတပါး ဒဏ်ရာရရှိသွားသည်။
ဗုံးပေါက်ကွဲမှုကို မြ၀တီခရိုင် အာဏာပိုင်များက စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)အဖွဲ့၏ လက်ချက်ဟု ယူဆပြီး ဆက်လက်စုံစမ်းနေကြောင်း မြ၀တီမှ အစိုးရ၀န်ထမ်းတဦးက ပြော သည်။
ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး DKBA အဖွဲ့၏ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူး ဆန်းအောင်က ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ပြန်လည်ငြင်းဆိုသည်။
ဗိုလ်မှူးဆန်းအောင်က“သူတို့ကဖြစ်လိုက်ရင် ကျနော်တို့ကိုပဲစွပ်စွဲတယ်၊ ဒီနေ့ကွဲတဲ့ ဗုံးက သူတို့လက်ချက်ဆိုတာ သိသာပါတယ်၊ အရပ်သားတွေရှိတဲ့နေရာမှာ ကျနော်တို့ဗုံးမခွဲဘူး၊ အစိုးရနဲ့ ပတ်သက်တဲ့နေရာတွေကိုပဲ အဓိကထားပြီးလုပ်တယ်၊ လုပ်ရင်လည်း အသံဗုံး ဘယ်တော့မှမလုပ်ဘူး၊ ဗုံးအစစ်နဲ့ပဲလုပ်တယ်”ဟု ဧရာဝတီသို့ပြောသည်။
ယင်းပေါက်ကွဲမှုကြောင့် မြ၀တီမြို့အတွင်း လုံခြုံရေး အထူး တိုးမြှင့်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း သိရ သည်။
ယနေ့နံနက်ပိုင်းတွင်ပင် မြန်မာနိုင်ငံသား ၅၀၀ ခန့်သည် ထိုင်းနိုင်ငံတွင်းရေကြီးမှုကြောင့် စက်ရုံအလုပ်ရုံများပိတ်လိုက်၍ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ သောင်ရင်းမြစ်ကို ဖြတ်ပြီး မြ၀တီမြို့မှတဆင့် နေရပ်သို့ ပြန်လာနေချိန်နှင့် တိုက်ဆိုင်နေရာ ၎င်းတို့ ၏ ခရီးလမ်း လုံခြုံရေးအတွက် စိုးရိမ်ပူပန်သည်ဟု မြန်မာ အလုပ်သမားများက ပြော သည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း မြ၀တီမြို့ရှိ စာတိုက်အနီး၌ ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှု မရှိဘဲ စာတိုက် အဆောက်အအုံ အနည်းငယ် ပျက်စီးသွားသည်။
ယမန်နှစ် သြဂုတ်လဆန်းပိုင်းကမူ မြ၀တီမြို့အမှတ် ၄ ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးပေါ်၌ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားရာ လူ၂ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရဖူးသည်။
Source: Irrawaddy

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန် -ဒလဆက်သွယ်သည့် ကောင်းကင်တံတား (Sky Bridge) (သို့မဟုတ်) ရေအောက်ဥမင် လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန် ကိုရီးယားကုမ္ပဏီ တစ်ခုက လာရောက် ဆွေးနွေးမှုပြုလုပ်



ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန် -ဒလဆက်သွယ်သည့်  ကောင်းကင်တံတား (Sky Bridge)  (သို့မဟုတ်) ရေအောက်ဥမင် လိုဏ်ခေါင်းတစ်ခု တည်ဆောက်ရန် စိတ်ဝင်စားသည်ဟု ကိုရီးယားကုမ္ပဏီ တစ်ခုက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် လာရောက် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် ကောင်းကင်တံတား (Sky Bridge) တည်ဆောက်ရန်အတွက် တံတား၏ချဉ်းကပ်လမ်းများ ပြုလုပ်ရန်နေရာ အကျယ်အ၀န်း များများ ယူရမည်ဖြစ်ကြောင်း၊ အမှန်တကယ် တည်ဆောက်ဖြစ်လျှင်လည်း မြို့တွင်းဧရိယာများ အတွင်းရှိ အထပ်မြင့် အဆောက်အအုံများအား လွတ်ကင်းအောင် တည်ဆောက်ရမည့် အခြေအနေရှိနေကြောင်း သိရသည်။ ရေအောက်ဥမင်လိုဏ်ခေါင်း တည်ဆောက်ရန် အတွက်မူ လေ၀င်လေထွက်နှင့် လျှပ်စစ်မီး ၂၄ နာရီရရှိရန် လိုအပ်ကြောင်း၊ လိုဏ်ခေါင်းအတွင်း သွားလာသည့်အချိန်တွင် အရေးပေါ် အခြေအနေများ ရှိလာသည့်အခါ မည်သို့လုပ်မည်နည်း စသော အချက်အလက်များကို ထည့်သွင်း ဆုံးဖြတ်ရမည်ဖြစ်ပြီး လုံခြုံရေးပိုင်းဆိုင်ရာ များကိုလည်း ထည့်သွင်းရမည် ဖြစ်ကြောင်း သိရှိရသည်။
“ဒလဘက်ကမ်းကို အခုထက် ပိုပြီး ဖွံ့ဖြိုးစေချင်တဲ့အတွက် ဒီလိုလုပ်ဖို့ ဆွေးနွေးသွားတာပါ။ အဲဒီ အတွက်လည်း MoU ထိုးရဦးမှာပါ။ နည်းနည်းတော့ ကြာဦးမှာပါ။ တကယ် လုပ်ဖြစ်မယ်ဆိုရင်လည်း ကောင်းကင်တံတား ဆောက်ဖို့ကတော့ နည်းပညာ နည်းနည်းပိုမြင့်တယ်။ ဥမင်လိုဏ်ခေါင်းကတော့ အရင်ကတည်းက မြန်မာနိုင်ငံမှာ တည်ဆောက်ဖူးခဲ့ပြီဆိုတော့ အခက်အခဲတော့ အများကြီး မရှိပါဘူး”ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။
ယခင်ကလည်း ရန်ကုန်မြို့ရှိ လမ်းမတော်၊ ကိုင်းတန်း၊ ဗားကရာ စသည့် ကမ်းနားများနှင့် ဒလဘက်ခြမ်း ကိုဆက်သွယ်ရန် ကောင်းကင်တံတားများ ထိုးမည့်အစီအစဉ်ကို ဆွေးနွေးခဲ့ ဖူးသော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။
Source: Eleven Media