23 October 2011

petro chemical စက်ရုံများ ပါဝင်လာမည့်ထားဝယ် အထူးစီးပွားရေးဇုန်



ထားဝယ် အထူးစီးပွားရေးဇုန် ပေါ်ပေါက်လာခြင်းဖြင့် ပထ၀ီနိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများ တိုးတက်သွားနိုင်သော်လည်း petro chemical စက်ရုံများ ပါဝင်လာမည် ဖြစ်သောကြောင့် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအတွက် ဒေသဖွံ့ဖြိုးရေး အစီအစဉ်များ စနစ်တကျ ပြုလုပ်နိုင်ရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ဆောင်နေသူများက သုံးသပ်ပြောကြားခဲ့သည်။
“သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တချို့ကတော့ Deep Sea Port တွေ၊ ရထားလမ်း Project တွေဆိုတာထက် ရှိနေတဲ့ Pristine Ecosystem မပျက်ဖို့ကိုပဲ လိုလားကြပါတယ်။ ဒါပေမယ့် တစ်ဖက်က နားလည်ပေးရမှာက လက်ရှိ အစိုးရအဖွဲ့အစည်းက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့နေရာမှာ ဒါတွေကို သွားပြီးပိတ်လိုက်မယ်ဆိုရင် နိုင်ငံတကာ ဆက်ဆံရေးတွေ၊ ကျန်တဲ့အကျဉ်းအကျပ်တွေ အများကြီး ရှိလာနိုင်တယ်။ သဘာဝပတ်ဝန်းကျင် ရှုထောင့်ကလည်း ပြင်းပြင်းထန်ထန် စွတ်ပြောနေမယ်ဆိုရင် စီးပွားရေးသမားတွေ လုပ်လို့မရပါဘူး။ စီးပွားရေးသမားတွေကလည်း သိပ်တွန်းရင် Environmental ပိုင်း က ပျက်ပြန်ရော။ အဲဒီတော့ ဒီနှစ်ခု balance ညှိဖို့ လိုအပ်သလို၊ အခြား capacity ပိုင်းတွေလည်း မြှင့်တင် သွားဖို့လိုအပ်ပါတယ်။ ဒါတွေကို မလုပ်နိုင်ဘူးဆိုရင်တော့ စိတ်ပူစရာတွေလည်း ဖြစ်လာနိုင်ပါတယ်”ဟု သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။
အခြားတစ်ဖက်တွင်လည်း regional planning (ဒေသဖွံ့ဖြိးမှု အစီအစဉ်)နှင့် ပတ်သက်၍ စနစ်တကျ ပြုလုပ်ရန် လိုအပ်နေကြောင်း သုံးသပ်မှုများ ရှိနေသည်။
source: Yoyarlay

No comments:

Post a Comment