21 October 2011

မြန်မာ ကိုရီးယားဖက်စပ်မြို့ တည်မယ်

ရန်ကုန်တဖက်ကမ်း သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်မှာ မြန်မာ ကိုရီးယား ဖက်စပ်မြို့ တည်မယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ် တဲ့။ ဒီနေ့ရက်စွဲနဲ့ ထုတ်ဝေတဲ့ Bi Weekly Eleven မှာ ရေးထားပါတယ်။

မြန်မာ ကိုရီးယား နာမည် ၂ ခုလုံး ပါဝင်အောင် မြို့နာမည်ကို မြန်ကို လို့ ပေးမယ်လို့ ဆိုတယ်။

အာရှနိုင်ငံများမှာ စလိုးမိုးရှင်းနဲ့ အမြစ်တွယ်လာတဲ့ ကိုရီးယားယဉ်ကျေးမှု (တချို့အခေါ် ကိုရီးယားရောဂါ) က မြန်မာပြည်မှာ မြို့တည်မယ့် အခြေအနေအထိ ရောက်နေပါပြီ။

အဲဒီမြို့မှာ ကျောင်း၊ ဆေးရုံ၊ အားကစားခန်းမတွေကို နိုင်ငံတကာ အဆင့်မီ ဆောက်ဖို့ ဆွေးနွေးနေကြောင်းသိရှိရသည်။

source: Irrawaddy blog

No comments:

Post a Comment