5 October 2011

နိုင်ငံသားတိုင်း မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်တို့ကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း

အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ အပိုဒ် ၂ ပါ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအောက်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ချိုးဖောက်ခံရကြောင်း သတင်းအချက်အလက် ရရှိပါက ယင်းအချက်အလက်များ မှန်ကန်ခြင်း ရှိ၊ မရှိစုံစမ်းစစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိချက်များကို ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ လွှဲပြောင်းပေးခြင်းဟူသည့် အချက်ကို ထည့်သွင်းထားပါသည်။


နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်တို့ကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း

နိုင်ငံတော်သည် မည်သူ့ကို မဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ မည်သည့်နိုင်ငံသား ကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရကြောင်း နိုင်ငံသားများ၏ မူလအခွင့် အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များထဲတွင် ထည့်သွင်းပြဋ္ဌာန်းထားပါသည်။
နိုင်ငံသားများသည် ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊ အလုပ်လုပ်ကိုင်မှု၊ ကုန်သွယ်ရောင်း ၀ယ်ဖောက်ကားမှု၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊ အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊ ၀ိဇ္ဇာ ပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာ ဖွေဖော်ထုတ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသော အခွင့်အလမ်း ရရှိစေရမည်ဖြစ်ကြောင်း နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များထဲတွင် ပါဝင်နေပါသည်။
ထို့ပြင်မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရဆိုသည့် အချက်သည်လည်း နိုင်ငံသားများ၏ အခွင့်အရေးများထဲမှ တစ်ခုဖြစ်ပါသည်။နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေး သားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့် လည်ခွင့်တို့ကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း သိရသည်။
ထို့အတူ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံး များ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြား ဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ် ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်တို့လည်း ရှိပါသည်။

နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ အများပြည်သူအေး ချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးငှာဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သော ကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှ တစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရား သူကြီး၏ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်း မပြုရဟု နိုင်ငံသားများ၏အခွင့်အရေးများထဲတွင် ထည့်သွင်းထားသည်။

http://www.news-eleven.com

No comments:

Post a Comment