photo: Google Image
Samsung ကုမ္ပဏီက ၎င်းတို့၏ Nexus i9250 ကို စတင်ထုတ်လုပ် ရောင်းချတော့မည်ဟု အတည်ပြု ကြေညာခဲ့သည်။ လက်ရှိတွင် Apple၏ iPhone 4Sဈေးကွက်အတွင်း အောင်မြင်နေသည်နှင့် တိုက်ဆိုင်ပြီး Samsungက Nexusကို မိတ်ဆက်လာခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နိုဝင်ဘာလတွင် ရောင်းချသွားမည်ဟု သိရသည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းကြီး၏ ဖုန်းတွင် Google၏ Android OSကို အသုံးပြုထားပြီး Apple၏ iOS 5 ကို စိန်ခေါ်ရန် ရည်ရွယ်ထားသည်။
Androidအသုံးပြုထားသော ဖုန်းများအနက်ရာင်းအကောင်းဆုံးBrandအဖြစ်မှတ်ကျောက်တင်ခံထားသော Samsungသည် Andriod OS၏ နောက်ဆုံးမျိုးဆက်ဖြစ်သော Android OS, v4.0 (Ice Cream Sandwich)ကို အသုံးပြုထားသည်။ ဖုန်းတွင် (၄.၆၅)လက်မ အကျယ်ရှိ Screenပါရှိပြီး
Super AMOLED capacitive touchscreen, 16M colors အမျိုးအစားဖြစ်ကြောင်း သိရသည်။ ထို့အပြင် Processorကို 1.2 GHz Dual-Coreသုံးထားပြီး Voice memo/dial/commands, A-GPS support ( barometer sensor),Active noise cancellation,Adobe Flash support ကဲ့သို့ Functionသစ်များ ပါလာမည်ဟု Samsungက ကြေညာထားသည်။
source:the dailychilli; planetmyanmar

No comments:
Post a Comment