18 October 2011

ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားရောဂါ နိုင်ငံတချို့မှာ ဖယ်ရှားနိုင်ပြီ

ခြင်ကြောင့်ဖြစ်တဲ့ ရောဂါကို ဖယ်ရှား နိုင်ပြီလို့ အသစ် ထွက်လာတဲ့ ငှက်ဖျားရောဂါ ဆိုင်ရာ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ကမ္ဘာပေါ်မှာ ငှက်ဖျားရောဂါ ဖြစ်ပွားတဲ့ နိုင်ငံ ၁ဝဂ နိုင်ငံထဲက သုံးပုံ တပုံကျော်ဟာ  ဆယ်စုနှစ် အတွင်း ငှက်ဖျားကြောင့် သေဆုံး ရမှု လေးဆယ် ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO ကပြောပါတယ်။
အခုလို ငှက်ဖျားရောဂါကို တိုက်ဖျက် နိုင်တာဟာ ထင်ရှားတဲ့ တိုးတက်မှု သာဓက ဖြစ်ပြီး ကမ္ဘာတလွှားမှာ
အခုလို ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေ အောင်မြင်နေမယ် ဆိုရင် လာမယ့် ၂ဝ၁၅ ခုနှစ်မှာ ငှက်ဖျား ရောဂါဒဏ် အဆိုးဆုံး ခံရတဲ့ အာဖရိကတိုက် ဆာဟာရ ဒေသတွေ အပါအဝင်ကမ္ဘာတလွှားမှာ လူသုံးသန်းလောက်ရဲ့ အသက်ဆုံးရှုံးမှုတွေကို ကာကွယ် နိုင်မှာ ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။


:BBC

No comments:

Post a Comment