16 October 2011

နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ရန် ဘန်ကီမွန်း တိုက်တွန်း

မန်မာအစိုးရက အကျဉ်းသား ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အောက်တိုဘာ ၁၂ ရက်နေ့က လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား၂၀၀ ခန့် ပါဝင်သည်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်သော်လည်း ကျန်ရှိနေ သေးသည့် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် တိုက်တွန်းလိုက်သည်။ လွတ်လာသူများထဲတွင် ၁၉၈၈ လူထု အုံကြွမှု ဦးဆောင်သူများ၊ သံဃာတော်များ၊ သတင်းသမားများ စသည့် အဓိက ခေါင်းဆောင်များလည်း မပါဝင်သေးကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် ဆက်လက် လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောကြားသည်ဟုလည်း သိရသည်။
source: Irrawaddy

No comments:

Post a Comment