25 October 2011

ဘဏ်အပ် ငွေအာမခံထားသည့် စနစ်စတင် ဝန်ဆောင်မှုပေး

မန်မာ့အာမခံနှင့် ဘဏ်သမိုင်း တစ်လျှောက် ပထမဆုံးအပ်ငွေ အာမခံအမျိုးအစား စတင်ဝန်ဆောင်မှု ပေးပြီဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရ သည်။  ”လူလတ်တန်းစားတွေနဲ့ အောက်ခြေ လူတန်းစားတွေရဲ့ ဘဏ်အပ်နှံငွေတွေကို ဆုံးရှုံးမှု မဖြစ်ပေါ်အောင် အကာအကွယ် ပေးနိုင်မယ့် အာမခံအမျိုးအစားဖြစ် ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီးဆောင်ရွက်နေ ပါပြီ” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။  အပ်ငွေ အာမခံ အမျိုးအစားသည် ဘဏ်များတွင် လာရောက် အပ်နှံမည့် ငွေအပ်နှံသူများကို အကာအကွယ် ပေးနိုင်ပြီး တစ်စုံ တစ်ရာ ဆုံးရှုံးမှုဖြစ်ခြင်း၊ ဘဏ်များ ဒေဝါလီခံရခြင်းတို့ ဖြစ်ပေါ်လာ ပါက   ငွေအပ်နှံသူများ၏ အပ်နှံငွေ ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်း အထိကို အာမခံ လျော်ကြေးငွေ အဖြစ် ပြန်လည်ရရှိမည်ဖြစ်ကြောင်း ၄င်းလုပ်ငန်းမှ သိရသည်။   အပ်ငွေ အာမခံအတွက် ဘဏ် များက ပေးသွင်းရမည့် ပရီမီယံကြေး မှာ အပ်ငွေပမာဏအလိုက် ဒေသ တွင်းနိုင်ငံများတွင် ဆောင်ရွက် နေသော စံနှုန်း၊ နှုန်းထားများနှင့် ညှိနှိုင်းကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါ အာမခံအမျိုးအစား စတင် အကောင်အထည် ဖော်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဘဏ်များ အပေါ်တွင် ယုံကြည်မှု ပိုမို ရှိလာ စေရန်နှင့် ဘဏ်လုပ်ငန်းများကို အထောက်အကူပြုစေရန်၊ ဘဏ်စနစ် ကောင်းမွန်စေခြင်းဖြင့် နိုင်ငံစီးပွားရေးကို အထောက် အပံ့ဖြစ်နိုင်ရေး အတွက်    ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။  ယခင်က ဘဏ်များအနေဖြင့် ပိုင်ဆိုင်သည့် အဆောက်အအုံများ၊ ငွေပို့ငွေလွှဲများအတွက်သာ အာမခံထားရှိခဲ့ကြပြီး အပ်ငွေအာမခံ အမျိုးအစားကို ဆောင်ရွက်နိုင်ခြင်း မရှိဘဲ အောက်တိုဘာ ၁ ရက်နေ့ မှ စတင်၍ ဘဏ်များအားလုံး  အာမခံထားရှိကြရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အမိန့် ကြေညာစာ ထုတ်ပြန်ခဲ့သည်။  မြန်မာ့အာမခံ လုပ်ငန်းအနေ ဖြင့် ယခုနှစ်အတွင်း အသစ်ထပ်မံ ဝန်ဆောင်မှုပေးသော အာမခံ အမျိုးအစား အသစ် တစ်မျိုးဖြစ်ပြီး လက်ရှိတွင် အာမခံအမျိုးအစား ပေါင်း ၄၆ မျိုးရှိကြောင်း၊ အပ်ငွေ အာမခံကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များအနက် ၁ဝ၆ နိုင်ငံတွင်ဆောင် ရွက်နေ ကြပြီး မြန်မာနိုင်ငံသည် ၁ဝ၇ နိုင်ငံမြောက် ဝန်ဆောင်မှုပေး လာနိုင်သည့်နိုင်ငံ ဖြစ်လာကြောင်း သိရသည်။
အောင်ရဲကျော်

source: Popular News

No comments:

Post a Comment