ကမ္ဘာကျော် အိန္ဒိယ ကား ကုမ္ပဏီ ဖြစ်သည့် တာတာ ကားကုမ္ပဏီမှ ထုတ်လုပ်သော ကား အမျိုးအစား အစုံအလင် ပြသမည့် ကားပြပွဲ ကို လာမည့် နိုဝင်ဘာ လတွင် ရန်ကုန်မြို့၌ ပထမဆုံး အကြိမ် ကျင်းပ မည်ဖြစ်ကြောင်း အ မှတ်(၂)စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ တာတာ ကားကုမ္ပဏီမှ ထုတ်လုပ်သော ဆလွန်းကားမှ ထရပ်ကားအထိ ကားအမျိုး အစား ရှစ်မျိုးပြသ မည့်ပြပွဲကို နိုဝင်ဘာ ၁၀ရက် မှ ၁၃ရက်အထိ အိန္ဒိယသံရုံးမှဦးစီး၍ တပ်မ တော်ခန်းတွင် ကျင်းပမည်ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပြပွဲတွင် တာတာ ကုမ္ပဏီ၏ နာမည်ကျော်နာနိုကားငယ်များပါ ပြသဖွယ်ရှိ ကြောင်းလည်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ တာတာ ကားကုမ္ပဏီက အဆိုပါ ကားပြပွဲကို ကျင်းပပြီး မြန် မာနိုင်ငံ၏ ကားဈေးကွက် အခြေအနေကို လေ့လာ မည်ဖြစ်ကာ အဆိုပါ ကုမ္ပဏီအတွက် ကားအရောင်းပြ ခန်းဖွင့်ရန် မဖွင့်ရန် ဈေးကွက်အခြေအနေကိုကြည့်၍ ဆုံးဖြတ် ဖွယ်ရှိကြောင်း လည်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ ပြည်ပ ကားကုမ္ပဏီ တစ်ခုတည်းမှ ကားအမျိုးအစားအစုံအ လင်လာရောက်ပြသခြင်းသည် ပထမဆုံး အကြိမ်ဖြစ် မည်ဖြစ် သည်။ အဆိုပါ ကုမ္ပဏီမှာ အမှတ်(၂) စက်မှုဝန် ကြီးဌာနနှင့်ပူးပေါင်း၍ မကွေး တိုင်းဒေသကြီး တွင် တာတာ ထရပ်ကားများ ထုတ်လုပ်မည့် စီမံ ကိန်းကိုလည်း ဆောင်ရွက် လျက်ရှိသည်။
source: Yoyarlay
No comments:
Post a Comment