photo: Google Image
မွမ်မာကဒါဖီသည် ၄င်းအသတ်မခံရမီ ကမ္ဘာတစ်ဝန်း တွင် ဘဏ်စာရင်းများ၊ အိမ်ခြံမြေများနှင့် စီးပွားရေးလုပ်ငန်း များတွင် ထည့်ဝင်မြှုပ်နှံခဲ့ရာ စုစုပေါင်း ဒေါ်လာ ဘီလျံ ၂၀ဝ ကျော်ရှိကြောင်း
လစ်ဗျားအရာရှိကြီးများက ခန့်မှန်းကြသည်။ ကဒါဖီ၏ လျှို့ဝှက်ငွေကြေးများ၊ ရွှေချောင်းများနှင့် ရင်းနှီး မြှုပ်နှံမှုများသည် အံ့ဩဖွယ် များပြားလှသည်။ ကဒါဖီ၏ ဓနဥစ္စာများကို အသေးစိတ်လေ့လာခဲ့သူတစ်ဦးက "ကဒါဖီရဲ့ ပစ္စည်းပမာဏနှင့် ပတ်သက်ပြီး မည်သူမျှ အတိအကျ မခန့် မှန်းနိုင်ဘူး။တကယ်လို့ တန်ဖိုးများ တိကျကြောင်း သက်သေ ပြနိုင်ရင် ကဒါဖီဟာ ကွယ်လွန်သူ ဇိုင်ယာသမ္မတ မိုဘူဘူ၊ ဖိလစ်ပိုင်သမ္မတ မားကိုစ့်တို့ထက်ကျော်ပြီး အထူးဆန်းဆုံး ကမ္ဘာ့ခေါင်းဆောင် များအနက် တစ်ဦးနှင့် လောဘဇော အတိုက်ဆုံး ခေါင်းဆောင်များအနက် တစ်ဦးအဖြစ် သမိုင်း မှတ်တမ်းဝင်ဖွယ် ရှိတယ်"ဟု ပြောကြားခဲ့သည်။ လစ်ဗျား လူဦးရေ ၆ ဒသမ ၅ သန်း အနက် သုံးပုံတစ်ပုံသည် ဆင်းရဲ တွင်းနက်လျက်ရှိရာ ကဒါဖီ၏ဓနဥစ္စာပမာဏသည် လစ်ဗျား နိုင်ငံသားများအဖို့ ဒေါသထွက်ချင်စရာ ဖြစ်နေသည်။
ပြင်သစ်၊ အီတလီ၊ အင်္ဂလန်နှင့် ဂျာမနီ အစိုးရများသည် ယခုအချိန်ထိ ကဒါဖီပိုင်ဓနဥစ္စာ ဒေါ်လာ ၃၀ ဘီလျံခန့် ထိန်း ချုပ်ထားခဲ့ကြသည်။ ကဒါဖီသည် နောက်ထပ်ဒေါ်လာဘီလျံ ၁၀ဝ ခန့်ကို အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှ အပါ အဝင် အဓိကနိုင်ငံကြီးများ၌ ခွဲဝေရင်းနှီးမြှုပ်နှံထားမည်ဟု ယုံကြည်ရသည်။ ကဒါဖီသည် ငွေကြေးအများစုကို လစ်ဗျား ဗဟိုဘဏ်၊ လစ်ဗျား ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့၊ လစ်ဗျား နိုင်ငံခြားဘဏ်၊ လစ်ဗျား အမျိုး သားရေနံကော်ပိုရေးရှင်းနှင့် လစ်ဗျား-အာဖရိက ရင်းနှီးမြှုပ်နှံမှုအဖွဲ့စသော အစိုးရအဖွဲ့ အစည်း အမည်များဖြင့် မြှုပ်နှံလေ့ရှိသည်။ သို့သော် စုံစမ်းစစ် ဆေးသူများက ကဒါဖီနှင့် ၄င်း၏ မိသားစုသည် အဆိုပါ ငွေကြေးများကို ၄င်းတို့ စိတ်ကြိုက် ထုတ်ယူခွင့် ရှိကြောင်း ပြောကြားကြသည်။ လေ့လာသူ အချို့က ဒေါ်လာဘီလျံ ၂၀ဝ ဟူသော ငွေကြေး ပမာဏသည် စစ်မဖြစ်မီ နှစ်စဉ် လစ်ဗျား စီးပွားရေး ထုတ်လုပ်မှု၏ နှစ်ဆခန့်ရှိကြောင်း ပြောကြားခဲ့ကြ သည်။
Ref: Internet , Yoyarlay

No comments:
Post a Comment