8 October 2011

မြန်မာနိုင်ငံအစိုးရပိုင်ဘဏ် ၂ ခုတရုတ် နိုင်ငံနှင့် ဘဏ်ခွဲများ ဖွင့်မည်


မြန်မာနိုင်ငံအစိုးရ အနေ ဖြင့် နိုင်ငံခြားတိုင်းပြည်များ၌ ဘဏ်ခွဲဖွင့်လှစ် နိုင်သေးခြင်း မရှိသေးရာ အစိုးရပိုင်ဘဏ် ၂ ခုတို့ ဖွင့်လှစ်မည် ဆိုပါက ပထမဦးဆုံး သမိုင်းဝင်တစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။
နိုင်ငံခြားတိုင်းပြည်များနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ ငွေပေးငွေချေ ကိစ္စရပ်များ အပါအဝင် မြန်မာ့ရွှေ့ပြောင်း လုပ်သားများ၏ ငွေပို့ငွေလွဲကိစ္စများ အဆင်ပြေ ချောမွေ့နိုင်သဖြင့် ထိုကိစ္စ ရပ်ကို လုပ်ငန်းရှင် အများစု ကြိုဆို ကြကြောင်း သိရသည်။
“အဓိက ကောင်းလာမှာ ကတော့ ငွေလွှဲစာတမ်း L/C ဖွင့်တာ TT လုပ်တာတွေပိုပြီး မြန်လာမယ်။ ကျန်တဲ့ ကောင်းတဲ့အချက် တွေပါ လိုက်လာမှာပေါ့” ဟု ဘဏ်ခွဲများ ဖွင့်ခြင်းသည် ကောင်းသည့် အချက်များဖြစ်ပေါ် စေနိုင်ပါသည်ဟုသာ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ထောက်ခံပြောဆိုသည်။
သွားရောက်ဖွင့်လှစ်မည့် အချိန်နှင့် ရက်အတိအကျကို လက်ရှိတွင် မသိရှိရသေးဘဲ မကြာမီ ထုတ်ပြန် နိုင်ဖွယ် အခြေအနေ ရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသီးသီးက ခန့်မှန်းနေကြသည်။ နောက်ထပ် သတင်းရင်းမြစ် များအဆိုအရ စင်ကာပူ၊ ဘန်ကောက်၊ မလေးရှားအစရှိသည့် အာဆီယံနိုင်ငံ အချို့တို့တွင်ပါ ဘဏ်ခွဲများ ထပ်မံဖွင့်လှစ်ရန် စီစဉ်နေသည်ဟု သိရှိရသည်။

No comments:

Post a Comment